ယာယီနေရပ်စွန့်ခွာနေရသည့် နိုင်ငံ့ဝန်ထမ်းများ၊ မိသားစုများ နှင့် ပြည်သူများကို နိုင်ငံတော်မှ ထောက်ပံ့ငွေများ ပေးအပ်မည်
290
ချယ်ရီ(NP News) - ဖေဖော်ဝါရီ ၅
လက်နက်ကိုင်ပဋိပက္ခနှင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် တိုင်းနှင့်ပြည်နယ်အချို့မှ ယာယီနေရပ်စွန့်ခွာနေရသည့် နိုင်ငံ့ဝန်ထမ်းများ၊ မိသားစုများ နှင့် ပြည်သူများကို အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်သွားမည် ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးက ဖေဖော်ဝါရီလ ၄ ရက်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေး၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် လိုအပ်သည့် ထောက်ပံ့ချီးမြှင့်မှုများ လျာထားစီစဉ်ဆောင်ရွက်ပေးရန် အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် ယာယီနေရပ်စွန့်ခွာနေကြရသူများ၏ စာရင်းကို ကောက်ယူထားရန် လမ်းညွှန်ထားပြီး အထက်ပါရန်ပုံငွေဖြင့် နှစ်စဉ်ခွဲဝေပေးရန် သတ်မှတ်ထားသော ရန်ပုံငွေအပြင် ယခုနှစ်တွင် ရာဂီမုန်တိုင်းတိုက်ခတ်မှုအပါအဝင် သဘာဝဘေးအန္တရာယ်များကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ ထပ်မံဖြည့်ဆည်းပေးထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။
ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘေးဖြစ်သူအားလုံးကို စားရေရိက္ခာ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများကို ဆက်လက်ထောက်ပံ့ချီးမြှင့်ခြင်းနှင့်သင့်လျော်သည့် ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်မည်ဖြစ်ကြောင်း၊ ထောက်ပံ့ချီးမြှင့်ငွေများပေးအပ်ရာတွင်လည်း ထိခိုက်မှုအရေအတွက် စာရင်း၊ ပေးအပ်မည့်နည်းလမ်း၊ လူဦးရေ၊ ငွေပမာဏနှင့်အချိန်တို့သည် စနစ်တကျဖြစ်ရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များလည်း ထောက်ပံ့ချီးမြှင့်ရာတွင် စာရင်းဇယားမှန်ကန်စေရန် ကြိုတင်စီမံဆောင်ရွက်သွားကြရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ထို့ပြင် ယာယီနေရပ်စွန့်ခွာနေကြရသည့် နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုများ၊ ပြည်သူများကိုလည်း စာရင်းဇယားတိကျမှန်ကန်စေရေးအတွက် မိမိတို့ရောက်ရှိနေကြသည့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများထံသို့ လူဦးရေစာရင်းများကို သတင်းပေးပို့ကြရမည်ဖြစ်ကြောင်း သိရသည်။
zawgyi version
ယာယီေနရပ္စြန႔္ခြာေနရသည့္ ႏိုင္ငံ့ဝန္ထမ္းမ်ား၊ မိသားစုမ်ား ႏွင့္ ျပည္သူမ်ားကို ႏိုင္ငံေတာ္မွ ေထာက္ပံ့ေငြမ်ား ေပးအပ္မည္
ခ်ယ္ရီ(NP News) - ေဖေဖာ္ဝါရီ ၅
လက္နက္ကိုင္ပဋိပကၡႏွင့္ အၾကမ္းဖက္ျဖစ္စဥ္မ်ားေၾကာင့္ တိုင္းႏွင့္ျပည္နယ္အခ်ိဳ႕မွ ယာယီေနရပ္စြန႔္ခြာေနရသည့္ ႏိုင္ငံ့ဝန္ထမ္းမ်ား၊ မိသားစုမ်ား ႏွင့္ ျပည္သူမ်ားကို အမ်ိဳးသားသဘာဝ ေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈရန္ပုံေငြျဖင့္ ေထာက္ပံ့ေငြမ်ား ခ်ီးျမႇင့္ေပးအပ္သြားမည္ ျဖစ္ေၾကာင္း စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းရွိန္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ျပည္ေထာင္စုဝန္ႀကီးက ေဖေဖာ္ဝါရီလ ၄ ရက္က လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၊ ေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈဦးစီးဌာနရွိ အစည္းအေဝးခန္းမတြင္ က်င္းပျပဳလုပ္ခဲ့သည့္ အစည္းအေဝး၌ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္၏ လမ္းၫႊန္ခ်က္ႏွင့္အညီ အမ်ိဳးသားသဘာဝ ေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈရန္ပုံေငြျဖင့္ လိုအပ္သည့္ ေထာက္ပံ့ခ်ီးျမႇင့္မႈမ်ား လ်ာထားစီစဥ္ေဆာင္႐ြက္ေပးရန္ အတြက္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအေနျဖင့္ ယာယီေနရပ္စြန႔္ခြာေနၾကရသူမ်ား၏ စာရင္းကို ေကာက္ယူထားရန္ လမ္းၫႊန္ထားၿပီး အထက္ပါရန္ပုံေငြျဖင့္ ႏွစ္စဥ္ခြဲေဝေပးရန္ သတ္မွတ္ထားေသာ ရန္ပုံေငြအျပင္ ယခုႏွစ္တြင္ ရာဂီမုန္တိုင္းတိုက္ခတ္မႈအပါအဝင္ သဘာဝေဘးအႏၲရာယ္မ်ားေၾကာင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရန္အတြက္ ရန္ပုံေငြမ်ား ထပ္မံျဖည့္ဆည္းေပးထားေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းရွိန္က ေျပာၾကားသည္။
ျပန္လည္ထူေထာင္ေရးႏွင့္ ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ ေဘးျဖစ္သူအားလုံးကို စားေရရိကၡာ၊ ကယ္ဆယ္ေရးပစၥည္းမ်ားႏွင့္ ျပန္လည္ထူေထာင္ေရးပစၥည္းမ်ားကို ဆက္လက္ေထာက္ပံ့ခ်ီးျမႇင့္ျခင္းႏွင့္သင့္ေလ်ာ္သည့္ ေထာက္ပံ့ခ်ီးျမႇင့္ေငြမ်ား ေပးအပ္မည္ျဖစ္ေၾကာင္း၊ ေထာက္ပံ့ခ်ီးျမႇင့္ေငြမ်ားေပးအပ္ရာတြင္လည္း ထိခိုက္မႈအေရအတြက္ စာရင္း၊ ေပးအပ္မည့္နည္းလမ္း၊ လူဦးေရ၊ ေငြပမာဏႏွင့္အခ်ိန္တို႔သည္ စနစ္တက်ျဖစ္ရန္လိုအပ္ေၾကာင္း၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အစိုးရအဖြဲ႕မ်ားလည္း ေထာက္ပံ့ခ်ီးျမႇင့္ရာတြင္ စာရင္းဇယားမွန္ကန္ေစရန္ ႀကိဳတင္စီမံေဆာင္႐ြက္သြားၾကရန္လိုေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။
ထို႔ျပင္ ယာယီေနရပ္စြန႔္ခြာေနၾကရသည့္ ႏိုင္ငံ့ဝန္ထမ္းမ်ားႏွင့္ မိသားစုမ်ား၊ ျပည္သူမ်ားကိုလည္း စာရင္းဇယားတိက်မွန္ကန္ေစေရးအတြက္ မိမိတို႔ေရာက္ရွိေနၾကသည့္ ေနျပည္ေတာ္ေကာင္စီအပါအဝင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားရွိ သက္ဆိုင္ရာအုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ားထံသို႔ လူဦးေရစာရင္းမ်ားကို သတင္းေပးပို႔ၾကရမည္ျဖစ္ေၾကာင္း သိရသည္။