အမေရိကန်၏ ပါကစ္စတန်ထောက်ပံ့ငွေ ရပ်ဆိုင်းရက် နီးကပ်လာ၊ ရာစုနှစ်ထက်ဝက်ကျော် ဖွံ့ဖြိုးရေး အကူအညီခေတ် နိဂုံးချုပ်ခြင်း လမ်းဆုံလမ်းခွ (ဘာသာပြန်ဆောင်းပါး)
![](/img/icon_eye.svg)
103
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67a3927aed303d2f1417ed63/banner-67a3927aed303d2f1417ed63-x800.jpg)
NP News - ဖေဖော်ဝါရီ ၆
USAID လို့ခေါ်တဲ့ အမေရိကန်အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအေဂျင်စီဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ခန့်အတွင်း ပါကစ္စတန်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျတဲ့ အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။ အခြေခံအဆောက်အအုံ၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အုပ်ချုပ်မှုဆိုင်ရာကဏ္ဍများမှာ ဒေါ်လာသန်းပေါင်း ၃၀,၀၀၀ နီးပါးကို ရင်းနှီးမြှုပ်နှံနိုင်စေခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်လာ ၁၆၉ သန်းတန်ဖိုးရှိတဲ့ လုပ်ငန်းစီမံကိန်းများ ရုတ်တ ရက်ရပ်တန့်သွားခြင်းနှင့်အတူ၊ ပါကစ္စတန်ဟာ အရေးကြီးအချိုးအကွေ့တစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ နိုင်ငံအနေနဲ့ ကိုယ့်အားကိုယ်ကိုး ရမှာလား ဒါမှမဟုတ် USAID ထွက်သွားတဲ့ဟာကွက်ကြောင့် စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာအားနည်းချက်တွေ ပိုမိုနက်ရှိုင်းလာမှာလား ဆိုတဲ့ လမ်းဆုံလမ်းခွကို ရောက်ရှိလာတယ်လို့ ကရာချိအခြေစိုက် “ဂျီအို နယူးစ်” သတင်းအေဂျင်စီ ၂ဝ၂၅ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်က ရေးသားခဲ့ပါတယ်။
ထောက်ပံ့ငွေများ ရပ်ဆိုင်းလိုက်ကြောင်း ဆုံးဖြတ်ချက်ဟာ ပါကစ္စတန်ရဲ့ ဖွံ့ဖြိုးရေးကဏ္ဍတစ်ခုလုံးမှာ တုန်လှုပ် သွားရပါတယ်။၊ NGO များနဲ့ အများပြည်သူဆိုင်ရာလူမှုအဖွဲ့အစည်းများမှာ အလုပ်လုပ်ကိုင်နေကြသူ ထောင်ပေါင်းများစွာတို့လည်း အလုပ်အကိုင်ဆုံးရှုံးမယ့်အန္တရာယ်ကို ရင်ဆိုင်နေရပါတယ်။
USAID ကို ၁၉၆၁ ခုနှစ်မှာ သမ္မတကနေဒီလက်ထက်မှာ စတင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီမတိုင်မီ ၁၉၁၅ ခုနှစ် ဟားဗက်ဟူးဗာရဲ့ပထမကမ္ဘာစစ် ဂျာမန်သိမ်းပိုက်ထားတဲ့ ပြင်သစ်မြောက်ပိုင်းနဲ့ ဘယ်လ်ဂျီယန် ကယ်ဆယ်ရေးမစ်ရှင်၊`ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅-ခုနှစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျော့မာရှယ်ရဲ့စစ်ဒဏ်သင့် အနောက်ဥရောပနိုင်ငံများ ပြန်လည်ထူထောင်ရေးမစ်ရှင် (မာရှယ်စီမံကိန်း) တို့ ရှိခဲ့ပါတယ်။ ပါကစ္စတန်အနေနဲ့ အမေရိကန်ရဲ့အကူအညီကို ရယူခဲ့တာ ကမ္ဘာ့အရှေ့အနောက် စစ်အေးတိုက်ပွဲ စတင်ချိန် ၁၉၄၇ ခုနှစ်ကတည်းက ဖြစ်ပါတယ်။
ပါကစ္စတန်မှာ ပြောင်းလဲမှုဆိုင်ရာ အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး လျှပ်စစ်ဓာတ် အားထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ ပညာရေးနဲ့ သဘာဝဘေးအန္တရာယ် တားဆီးတုံ့ပြန်ရေးကဏ္ဍများမှာ အဓိက ထောက်ပံ့ပေးခဲ့ပါတယ်။ ၁၉၅၀ နဲ့ ၁၉၆၀ ပြည့်လွန်နှစ်များမှာ အဲ့ဒီအကူအညီနဲ့စိုက်ပျိုးရေးကဏ္ဍကို တော်လှန် ပြောင်းလဲခဲ့ပြီး၊ အထွက်နှုန်းမြင့် ဂျုံနဲ့ ဆန်မျိုးစပါးများ သုတေသနပြုရေးမှာ ရင်းနှီးမြှုပ်နှံခြင်း၊ စိုက်ပျိုးရေးတက္ကသိုလ်နဲ့ ကရာချီ စီးပွားရေးစီမံခန့်ခွဲမှုတက္ကသိုလ်တို့ကို အကူအညီပေးခဲ့ပါတယ်။
အခြေခံအဆောက်အအုံစီမံကိန်းတွေမှာ အဓိက အရှိန်အဟုန်များ ရရှိခဲ့ပြီး ကမ္ဘာ့အကြီးဆုံး မြေသားအားဖြည့် ဆည်များအနက်တစ်ခုဖြစ်တဲ့ “တာဘီလာဆည်” အတွက် နည်းပညာဆိုင်ရာ အကူအညီများ ပါဝင်ခဲ့ပါတယ်။ အဲ့ဒီဆည်ကပဲ လျှပ်စစ် ၄,၈၈၈ မဂ္ဂါဝပ်ကို ထုတ်လုပ်ပေးနိုင်ခဲ့ပါတယ်။
“မန်လာဆည်” “ဝါဆတ်ဆည်” များကို အဆင့်မြှင့်တင်ပြီး ပါကစ္စတန်ရဲ့ စွမ်းအင်အနာဂတ်ကို အာမခံခဲ့ပါတယ်။
၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုအပြီးမှာ အမေရိကန်ရဲ့ ပါကစ္စတန်အပေါ် စိတ်ဝင်စားမှုဟာ ပိုမို မြင့်တက်လာခဲ့ပြီး USAID ဟာ စီးပွားရေးတိုးတက်မှု၊ အုပ်ချုပ်ရေးအပြင် အကြမ်းဖက်မှုဆန့်ကျင်ရေး၊ ပထဝီနိုင်ငံရေးတည်ငြိမ်မှုတို့မှာ မဟာဗျူဟာကျကျ ဇာတ်ဆရာကြီးဖြစ်လာခဲ့ပါတယ်။
အဲဒီလို ပံ့ပိုးမှုများအပြင် တစ်ဖက်မှာလည်း USAID ဟာ ဝါရှင်တန်အကျိုးစီးပွားဖြစ်ထွန်းရေး “ပါဝါအပျော့” သြဇာမဟာဗျူဟာ ပုံရိပ်အဖြစ် ကြာလေ သိသာလေဖြစ်လာပါတယ်။ ပါကစ္စတန်ကို ထောက်ပံ့တယ်ဆိုတာ အမေရိကန်ရဲ့ ဘဏ္ဍာ ရေးစာရင်းမှာ ၁% မျှသာ သုံးစွဲခြင်းဖြစ်ပါတယ်။ ဒါပေမယ့် တတိယကမ္ဘာမှာ ကောင်းမွန်တဲ့ဆက်ဆံရေးကို ပြသနိုင်ခဲ့ပါတယ်။ ပါကစ္စတန်မှာ USAID ရဲ့ အကြီးမားဆုံးစီမံကိန်းမှာ ပညာသင်ဆုများဖြစ်ပြီး၊ တစ်စိတ်တစ်ပိုင်းအားဖြင့် အပြုသဘောဆောင်တယ်လို့ ပြောနိုင်ပါတယ်။
ယခုအခါ ထောက်ပံ့ငွေများ ရပ်ဆိုင်းလိုက်ခြင်းနဲ့အတူ အဲဒီသြဇာလွှမ်းမိုးမှု အရှိန်အဝါတွေလည်း မှေးမှိန်စပြုလာနေပါတယ်။ USAID ထွက်ခွာသွားခြင်းရဲ့သက်ရောက်မှုကို ပါကစ္စတန်တစ်ဝှမ်းမှာ ခံစားနေရပြီး၊ အထူးသဖြင့် ကျန်းမာရေး၊ စိုက်ပျိုးရေးနဲ့ လူမှုရေးဝန်ဆောင်မှုများမှာ ထိခိုက်မှုများ ရှိနေပါတယ်။
အမေရိကန်က ပါကစ္စတန်ကို ပေးအပ်နေတဲ့ အကူအညီများမှာ “လွတ်လပ် တရားမျှတသော ရွေးကောက်ပွဲ ကွန်ရက်” (FAFEN) လို အဖွဲ့အစည်းမျိုးတွေလည်း ပါဝင်ပါတယ်။ အမေရိကန် အကူအညီ မရရင်လဲ အဲ့ဒါ တွေကတော့ သိပ်မထိခိုက်လှပါဘူး၊ လူမှုကာကွယ်ရေး NGO တွေမှာတော့ သိသာပါလိမ့်မယ်။ အဲဒီအကျိုးဆက်အဖြစ် အလုပ်လက်မဲ့ ဦးရေ တိုးမြင့်လာခြင်းဖြစ်ပြီး ထိခိုက်ခံစားရတဲ့ အလုပ်သမားအရေအတွက်မှာလည်း အတော်များပြားလှပါတယ်။ အဲဒီ ပရောဂျက်တွေ နိဂုံးချုပ်သွားပေမယ့် အစစ်အမှန်မေးခွန်းကတော့ ကျန်ရှိနေပါတယ်။ ပါကစ္စတန်စာ ကိုယ့်အားကိုယ်ကိုးတဲ့ ခရီးကို စတင်မှာလား၊ ဒါမှမဟုတ် မှီခိုမှုမှာပဲ ချောင်ပိတ်ပြီး နို့သက်ခံနေမှာလား။ လောလောဆယ် အဖြေကတော့ မသေချာသေးပါဘူး။
#HtayOung #OungMarine #USAID_Pakistan #Marshall_Plan #fyp
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67a3927aed303d2f1417ed63/body-image-67a3927aed303d2f1417ed63-0.jpg)
Zawgyi Version:
အေမရိကန္၏ ပါကစၥတန္ေထာက္ပံ့ေငြ ရပ္ဆိုင္းရက္ နီးကပ္လာ၊ ရာစုႏွစ္ထက္ဝက္ေက်ာ္ ဖြံ႕ၿဖိဳးေရး အကူအညီေခတ္ နိဂုံးခ်ဳပ္ျခင္း လမ္းဆုံလမ္းခြ (ဘာသာျပန္ေဆာင္းပါး)
NP News - ေဖေဖာ္ဝါရီ ၆
USAID လို႔ေခၚတဲ့ အေမရိကန္အျပည္ျပည္ဆိုင္ရာဖြံ႕ၿဖိဳးေရးေအဂ်င္စီဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၇၀ ခန႔္အတြင္း ပါကစၥတန္ရဲ႕ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အဓိကက်တဲ့ အခန္းက႑မွ ပါဝင္ခဲ့ပါတယ္။ အေျခခံအေဆာက္အအုံ၊ ပညာေရး၊ က်န္းမာေရးေစာင့္ေရွာက္မႈနဲ႔ အုပ္ခ်ဳပ္မႈဆိုင္ရာက႑မ်ားမွာ ေဒၚလာသန္းေပါင္း ၃၀,၀၀၀ နီးပါးကို ရင္းႏွီးျမႇဳပ္ႏွံႏိုင္ေစခဲ့ပါတယ္။ ဒါေပမယ့္ ေဒၚလာ ၁၆၉ သန္းတန္ဖိုးရွိတဲ့ လုပ္ငန္းစီမံကိန္းမ်ား ႐ုတ္တ ရက္ရပ္တန႔္သြားျခင္းႏွင့္အတူ၊ ပါကစၥတန္ဟာ အေရးႀကီးအခ်ိဳးအေကြ႕တစ္ခုနဲ႔ ရင္ဆိုင္လိုက္ရပါတယ္။ ႏိုင္ငံအေနနဲ႔ ကိုယ့္အားကိုယ္ကိုး ရမွာလား ဒါမွမဟုတ္ USAID ထြက္သြားတဲ့ဟာကြက္ေၾကာင့္ စီးပြားေရးနဲ႔ လူမႈေရးဆိုင္ရာအားနည္းခ်က္ေတြ ပိုမိုနက္ရႈိင္းလာမွာလား ဆိုတဲ့ လမ္းဆုံလမ္းခြကို ေရာက္ရွိလာတယ္လို႔ ကရာခ်ိအေျခစိုက္ “ဂ်ီအို နယူးစ္” သတင္းေအဂ်င္စီ ၂ဝ၂၅ ခုႏွစ္ ေဖေဖာ္ဝါရီလ ၄ ရက္က ေရးသားခဲ့ပါတယ္။
ေထာက္ပံ့ေငြမ်ား ရပ္ဆိုင္းလိုက္ေၾကာင္း ဆုံးျဖတ္ခ်က္ဟာ ပါကစၥတန္ရဲ႕ ဖြံ႕ၿဖိဳးေရးက႑တစ္ခုလုံးမွာ တုန္လႈပ္ သြားရပါတယ္။၊ NGO မ်ားနဲ႔ အမ်ားျပည္သူဆိုင္ရာလူမႈအဖြဲ႕အစည္းမ်ားမွာ အလုပ္လုပ္ကိုင္ေနၾကသူ ေထာင္ေပါင္းမ်ားစြာတို႔လည္း အလုပ္အကိုင္ဆုံးရႈံးမယ့္အႏၲရာယ္ကို ရင္ဆိုင္ေနရပါတယ္။
USAID ကို ၁၉၆၁ ခုႏွစ္မွာ သမၼတကေနဒီလက္ထက္မွာ စတင္ခဲ့ျခင္းျဖစ္ပါတယ္။ ဒါေပမယ့္ အဲဒီမတိုင္မီ ၁၉၁၅ ခုႏွစ္ ဟားဗက္ဟူးဗာရဲ႕ပထမကမာၻစစ္ ဂ်ာမန္သိမ္းပိုက္ထားတဲ့ ျပင္သစ္ေျမာက္ပိုင္းနဲ႔ ဘယ္လ္ဂ်ီယန္ ကယ္ဆယ္ေရးမစ္ရွင္၊`ဒုတိယကမာၻစစ္အၿပီး ၁၉၄၅-ခုႏွစ္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး ေဂ်ာ့မာရွယ္ရဲ႕စစ္ဒဏ္သင့္ အေနာက္ဥေရာပႏိုင္ငံမ်ား ျပန္လည္ထူေထာင္ေရးမစ္ရွင္ (မာရွယ္စီမံကိန္း) တို႔ ရွိခဲ့ပါတယ္။ ပါကစၥတန္အေနနဲ႔ အေမရိကန္ရဲ႕အကူအညီကို ရယူခဲ့တာ ကမာၻ႔အေရွ႕အေနာက္ စစ္ေအးတိုက္ပြဲ စတင္ခ်ိန္ ၁၉၄၇ ခုႏွစ္ကတည္းက ျဖစ္ပါတယ္။
ပါကစၥတန္မွာ ေျပာင္းလဲမႈဆိုင္ရာ အခန္းက႑မွ ပါဝင္ခဲ့ၿပီး လွ်ပ္စစ္ဓာတ္ အားထုတ္လုပ္ေရး၊ စိုက္ပ်ိဳးေရး၊ ပညာေရးနဲ႔ သဘာဝေဘးအႏၲရာယ္ တားဆီးတုံ႔ျပန္ေရးက႑မ်ားမွာ အဓိက ေထာက္ပံ့ေပးခဲ့ပါတယ္။ ၁၉၅၀ နဲ႔ ၁၉၆၀ ျပည့္လြန္ႏွစ္မ်ားမွာ အဲ့ဒီအကူအညီနဲ႔စိုက္ပ်ိဳးေရးက႑ကို ေတာ္လွန္ ေျပာင္းလဲခဲ့ၿပီး၊ အထြက္ႏႈန္းျမင့္ ဂ်ဳံနဲ႔ ဆန္မ်ိဳးစပါးမ်ား သုေတသနျပဳေရးမွာ ရင္းႏွီးျမႇဳပ္ႏွံျခင္း၊ စိုက္ပ်ိဳးေရးတကၠသိုလ္နဲ႔ ကရာခ်ီ စီးပြားေရးစီမံခန႔္ခြဲမႈတကၠသိုလ္တို႔ကို အကူအညီေပးခဲ့ပါတယ္။
အေျခခံအေဆာက္အအုံစီမံကိန္းေတြမွာ အဓိက အရွိန္အဟုန္မ်ား ရရွိခဲ့ၿပီး ကမာၻ႔အႀကီးဆုံး ေျမသားအားျဖည့္ ဆည္မ်ားအနက္တစ္ခုျဖစ္တဲ့ “တာဘီလာဆည္” အတြက္ နည္းပညာဆိုင္ရာ အကူအညီမ်ား ပါဝင္ခဲ့ပါတယ္။ အဲ့ဒီဆည္ကပဲ လွ်ပ္စစ္ ၄,၈၈၈ မဂၢါဝပ္ကို ထုတ္လုပ္ေပးႏိုင္ခဲ့ပါတယ္။
“မန္လာဆည္” “ဝါဆတ္ဆည္” မ်ားကို အဆင့္ျမႇင့္တင္ၿပီး ပါကစၥတန္ရဲ႕ စြမ္းအင္အနာဂတ္ကို အာမခံခဲ့ပါတယ္။
၉/၁၁ အၾကမ္းဖက္တိုက္ခိုက္မႈအၿပီးမွာ အေမရိကန္ရဲ႕ ပါကစၥတန္အေပၚ စိတ္ဝင္စားမႈဟာ ပိုမို ျမင့္တက္လာခဲ့ၿပီး USAID ဟာ စီးပြားေရးတိုးတက္မႈ၊ အုပ္ခ်ဳပ္ေရးအျပင္ အၾကမ္းဖက္မႈဆန႔္က်င္ေရး၊ ပထဝီႏိုင္ငံေရးတည္ၿငိမ္မႈတို႔မွာ မဟာဗ်ဴဟာက်က် ဇာတ္ဆရာႀကီးျဖစ္လာခဲ့ပါတယ္။
အဲဒီလို ပံ့ပိုးမႈမ်ားအျပင္ တစ္ဖက္မွာလည္း USAID ဟာ ဝါရွင္တန္အက်ိဳးစီးပြားျဖစ္ထြန္းေရး “ပါဝါအေပ်ာ့” ၾသဇာမဟာဗ်ဴဟာ ပုံရိပ္အျဖစ္ ၾကာေလ သိသာေလျဖစ္လာပါတယ္။ ပါကစၥတန္ကို ေထာက္ပံ့တယ္ဆိုတာ အေမရိကန္ရဲ႕ ဘ႑ာ ေရးစာရင္းမွာ ၁% မွ်သာ သုံးစြဲျခင္းျဖစ္ပါတယ္။ ဒါေပမယ့္ တတိယကမာၻမွာ ေကာင္းမြန္တဲ့ဆက္ဆံေရးကို ျပသႏိုင္ခဲ့ပါတယ္။ ပါကစၥတန္မွာ USAID ရဲ႕ အႀကီးမားဆုံးစီမံကိန္းမွာ ပညာသင္ဆုမ်ားျဖစ္ၿပီး၊ တစ္စိတ္တစ္ပိုင္းအားျဖင့္ အျပဳသေဘာေဆာင္တယ္လို႔ ေျပာႏိုင္ပါတယ္။
ယခုအခါ ေထာက္ပံ့ေငြမ်ား ရပ္ဆိုင္းလိုက္ျခင္းနဲ႔အတူ အဲဒီၾသဇာလႊမ္းမိုးမႈ အရွိန္အဝါေတြလည္း ေမွးမွိန္စျပဳလာေနပါတယ္။ USAID ထြက္ခြာသြားျခင္းရဲ႕သက္ေရာက္မႈကို ပါကစၥတန္တစ္ဝွမ္းမွာ ခံစားေနရၿပီး၊ အထူးသျဖင့္ က်န္းမာေရး၊ စိုက္ပ်ိဳးေရးနဲ႔ လူမႈေရးဝန္ေဆာင္မႈမ်ားမွာ ထိခိုက္မႈမ်ား ရွိေနပါတယ္။
အေမရိကန္က ပါကစၥတန္ကို ေပးအပ္ေနတဲ့ အကူအညီမ်ားမွာ “လြတ္လပ္ တရားမွ်တေသာ ေ႐ြးေကာက္ပြဲ ကြန္ရက္” (FAFEN) လို အဖြဲ႕အစည္းမ်ိဳးေတြလည္း ပါဝင္ပါတယ္။ အေမရိကန္ အကူအညီ မရရင္လဲ အဲ့ဒါ ေတြကေတာ့ သိပ္မထိခိုက္လွပါဘူး၊ လူမႈကာကြယ္ေရး NGO ေတြမွာေတာ့ သိသာပါလိမ့္မယ္။ အဲဒီအက်ိဳးဆက္အျဖစ္ အလုပ္လက္မဲ့ ဦးေရ တိုးျမင့္လာျခင္းျဖစ္ၿပီး ထိခိုက္ခံစားရတဲ့ အလုပ္သမားအေရအတြက္မွာလည္း အေတာ္မ်ားျပားလွပါတယ္။ အဲဒီ ပေရာဂ်က္ေတြ နိဂုံးခ်ဳပ္သြားေပမယ့္ အစစ္အမွန္ေမးခြန္းကေတာ့ က်န္ရွိေနပါတယ္။ ပါကစၥတန္စာ ကိုယ့္အားကိုယ္ကိုးတဲ့ ခရီးကို စတင္မွာလား၊ ဒါမွမဟုတ္ မွီခိုမႈမွာပဲ ေခ်ာင္ပိတ္ၿပီး ႏို႔သက္ခံေနမွာလား။ ေလာေလာဆယ္ အေျဖကေတာ့ မေသခ်ာေသးပါဘူး။
#HtayOung #OungMarine #USAID_Pakistan #Marshall_Plan #fyp