လျှပ်စစ်ဓာတ်အား စုစုပေါင်းထုတ်လုပ်မှု အနည်းငယ်ပြန်တိုးလာပြီးနောက် ယခင်အတိုင်း အုပ်စု ၂ စု လျှပ်စစ်မီးပေးမှုပုံစံ စမ်းသပ်မီးပေးနေ
571
NP News - ဖေဖော်ဝါရီ ၆
လွန်ခဲ့သည့်ရက်သတ္တပတ် (ဇန်နဝါရီ ၂၇ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ) လျှပ်စစ်ဓာတ်အား စုစုပေါင်း ထုတ်လုပ်မှု တဖြည်းဖြည်းပြန်တိုးလာခဲ့ရာ ယခင် အုပ်စု ၂ စုဖြင့် လျှပ်စစ်မီးပေးမှုပုံစံအားပြန်လည် စမ်းသပ်နေကြောင်း လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ သိရသည်။
လတ်တလောတွင် ရန်ကုန်မြို့ရှိ အနောက်ပိုင်းခရိုင် မြို့နယ်များ၌ Load Shed Plan ကို ယခင်(အုပ်စု A, B) အတိုင်း ၄ နာရီလာ ၄ နာရီ ပျက်ပုံစံဖြင့် စမ်းသပ်မီးပေးနေပြီး အခြားမြို့နယ်များမှတွင် လက်ရှိ မီးပေးသည့် အုပ်စု A,B,C ပုံစံအတိုင်း မီးပေးနေကြောင်း YESC မှ သိရသည်။
“အခုက အရင်ကလိုပေါ့ အနောက်ပိုင်းခရိုင်ကို ၄ နာရီပျက် ၄ နာရီလာပေါ့။ နိုင်သလောက် စမ်းသပ်ပြီးတော့ မီးပေး နေတာပါ” ဟု လျှပ်စစ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ဖြေကြားသည်။
အနောက်ပိုင်းခရိုင်တွင် အုပ်စု A,B ကို မီးစမ်းသပ်ပေးနေကြောင်း၊ လက်ရှိတွင် နိုင်ငံတစ်ဝှမ်း ထိခိုက်ပျက်စီးမှု များရှိခဲ့သော ဓါတ်အားပေးစက်ရုံများ ပြန်လည်ပြင်ဆင်ထားခြင်းကြောင့် အချို့စက်ရုံများ အနည်းငယ်ပြန်လည် လည်ပတ်လာနိုင်ပြီဖြစ်သောကြောင့် ဓါတ်အား အနည်းငယ်ပိုမို ပြန်လည်ရရှိလာကြောင်း ထို့ကြောင့်ယခုကဲ့သို့ လျှပ်စစ်မီးစမ်းသပ်ပေးနိုင်ခြင်းဖြစ်ကြောင်း သိရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ တရားဝင်ထုတ်ပြန်ထားသည့်အချက်အလက်များတွေအရ ရက်အလိုက် လျှပ်စစ်ဓာတ်အား စုစုပေါင်းထုတ်လုပ်မှုမှာ လွန်ခဲ့သော ဖေဖော်ဝါရီ ၁ ရက်တွင် (၄၀,၂၅၇ ဒသမ ၆) မဂ္ဂါဝပ်နာရီ ရှိပြီး ဖေဖော်ဝါရီ ၂ ရက်နေ့တွင် (၄၁,၈၃၈ ဒသမ ၄) မဂ္ဂါဝပ်နာရီရှိခဲ့ရာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက် ထုတ်လုပ်မှု နှင့် နှိုင်ယှဉ်ပါက (၂,၉၈၈ ဒသမ ၇) မဂ္ဂါဝပ်နာရီ တိုးတက်လာခြင်းဖြစ်သည်။
လွန်ခဲ့သော ဇန်နဝါရီ ၃၁ ရက်တွင် (၃၈,၈၄၉ ဒသမ ၇) မဂ္ဂါဝပ်နာရီရှိပြီး ၃၀ ရက်တွင် (၃၇,၂၁၈ ဒသမ ၄)၊ ၂၉ ရက်တွင် (၃၇,၄၈၇ ဒသမ ၃) မဂ္ဂါဝပ်၊ ၂၈ ရက်တွင် (၃၆,၈၈၈ ဒသမ ၁) မဂ္ဂါဝပ် နှင့် ၂၇ ရက်တွင် (၃၇,၃၈၈ ဒသမ ၃) မဂ္ဂါဝပ်နာရီ ရှိခဲ့ကြောင်း သိရသည်။
Zawgyi Version:
လွ်ပ္စစ္ဓာတ္အား စုစုေပါင္းထုတ္လုပ္မႈ အနည္းငယ္ျပန္တိုးလာၿပီးေနာက္ ယခင္အတိုင္း အုပ္စု ၂ စု လွ်ပ္စစ္မီးေပးမႈပုံစံ စမ္းသပ္မီးေပးေန
NP News - ေဖေဖာ္ဝါရီ ၆
လြန္ခဲ့သည့္ရက္သတၱပတ္ (ဇန္နဝါရီ ၂၇ ရက္မွ ေဖေဖာ္ဝါရီ ၂ ရက္အထိ) လွ်ပ္စစ္ဓာတ္အား စုစုေပါင္း ထုတ္လုပ္မႈ တျဖည္းျဖည္းျပန္တိုးလာခဲ့ရာ ယခင္ အုပ္စု ၂ စုျဖင့္ လွ်ပ္စစ္မီးေပးမႈပုံစံအားျပန္လည္ စမ္းသပ္ေနေၾကာင္း လွ်ပ္စစ္ စြမ္းအားဝန္ႀကီးဌာနမွ သိရသည္။
လတ္တေလာတြင္ ရန္ကုန္ၿမိဳ႕ရွိ အေနာက္ပိုင္းခ႐ိုင္ ၿမိဳ႕နယ္မ်ား၌ Load Shed Plan ကို ယခင္(အုပ္စု A, B) အတိုင္း ၄ နာရီလာ ၄ နာရီ ပ်က္ပုံစံျဖင့္ စမ္းသပ္မီးေပးေနၿပီး အျခားၿမိဳ႕နယ္မ်ားမွတြင္ လက္ရွိ မီးေပးသည့္ အုပ္စု A,B,C ပုံစံအတိုင္း မီးေပးေနေၾကာင္း YESC မွ သိရသည္။
“အခုက အရင္ကလိုေပါ့ အေနာက္ပိုင္းခ႐ိုင္ကို ၄ နာရီပ်က္ ၄ နာရီလာေပါ့။ ႏိုင္သေလာက္ စမ္းသပ္ၿပီးေတာ့ မီးေပး ေနတာပါ” ဟု လွ်ပ္စစ္ဌာနမွ တာဝန္ရွိသူတစ္ဦးက ေျဖၾကားသည္။
အေနာက္ပိုင္းခ႐ိုင္တြင္ အုပ္စု A,B ကို မီးစမ္းသပ္ေပးေနေၾကာင္း၊ လက္ရွိတြင္ ႏိုင္ငံတစ္ဝွမ္း ထိခိုက္ပ်က္စီးမႈ မ်ားရွိခဲ့ေသာ ဓါတ္အားေပးစက္႐ုံမ်ား ျပန္လည္ျပင္ဆင္ထားျခင္းေၾကာင့္ အခ်ိဳ႕စက္႐ုံမ်ား အနည္းငယ္ျပန္လည္ လည္ပတ္လာႏိုင္ၿပီျဖစ္ေသာေၾကာင့္ ဓါတ္အား အနည္းငယ္ပိုမို ျပန္လည္ရရွိလာေၾကာင္း ထို႔ေၾကာင့္ယခုကဲ့သို႔ လွ်ပ္စစ္မီးစမ္းသပ္ေပးႏိုင္ျခင္းျဖစ္ေၾကာင္း သိရသည္။
လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန၏ တရားဝင္ထုတ္ျပန္ထားသည့္အခ်က္အလက္မ်ားေတြအရ ရက္အလိုက္ လွ်ပ္စစ္ဓာတ္အား စုစုေပါင္းထုတ္လုပ္မႈမွာ လြန္ခဲ့ေသာ ေဖေဖာ္ဝါရီ ၁ ရက္တြင္ (၄၀,၂၅၇ ဒသမ ၆) မဂၢါဝပ္နာရီ ရွိၿပီး ေဖေဖာ္ဝါရီ ၂ ရက္ေန႔တြင္ (၄၁,၈၃၈ ဒသမ ၄) မဂၢါဝပ္နာရီရွိခဲ့ရာ ၿပီးခဲ့တဲ့ ဇန္နဝါရီ ၃၁ ရက္ ထုတ္လုပ္မႈ ႏွင့္ ႏႈိင္ယွဥ္ပါက (၂,၉၈၈ ဒသမ ၇) မဂၢါဝပ္နာရီ တိုးတက္လာျခင္းျဖစ္သည္။
လြန္ခဲ့ေသာ ဇန္နဝါရီ ၃၁ ရက္တြင္ (၃၈,၈၄၉ ဒသမ ၇) မဂၢါဝပ္နာရီရွိၿပီး ၃၀ ရက္တြင္ (၃၇,၂၁၈ ဒသမ ၄)၊ ၂၉ ရက္တြင္ (၃၇,၄၈၇ ဒသမ ၃) မဂၢါဝပ္၊ ၂၈ ရက္တြင္ (၃၆,၈၈၈ ဒသမ ၁) မဂၢါဝပ္ ႏွင့္ ၂၇ ရက္တြင္ (၃၇,၃၈၈ ဒသမ ၃) မဂၢါဝပ္နာရီ ရွိခဲ့ေၾကာင္း သိရသည္။