သဘာဝဓာတ်ငွေ့နှင့်ဆိုလာလျှပ်စစ်အင်ဂျင်ပေါင်းစပ်သည့် Hybrid ဓာတ်အားမဂ္ဂါဝပ်ပေါင်း ၁၀၀၀ ကျော် ထုတ်လုပ်နိုင်ရန် စီမံကိန်းများ ဆောင်ရွက်နေ

 369

Pearl (NP News) - ဖေဖော်ဝါရီ ၆

သဘာဝဓာတ်ငွေ့နှင့် ဆိုလာလျှပ်စစ်အင်ဂျင်ပေါင်းစပ်သည့် Hybrid ဓာတ်အား မဂ္ဂါဝပ်ပေါင်း ၁၀၀၀ ကျော် ထုတ်လုပ်နိုင်ရန် စီမံကိန်းများ ဆောင်ရွက်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ပြောကြားချက်အရ သိရသည်။
နစကဒုဥက္ကဋ္ဌ က ယမန်နေ့ (ဖေဖော်ဝါရီလ ၅ ရက်) တွင် နေပြည်တော်၌ ကျင်းပသော ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
MSME လုပ်ငန်းရှင်များ၏ အဓိကတင်ပြချက်ဖြစ်သည့် လျှပ်စစ်ရရှိရေးကိစ္စနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးအနေဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှာ မဂ္ဂါဝပ် ၆၃၀၀ ကျော်ရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်နေမှု များနှင့် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ထုတ်လုပ်နိုင်မှုရပ်ဆိုင်းနေသည့် စက်ရုံများရှိကြောင်း၊ လျှပ်စစ်ဝန်ကြီး ဌာနကလည်း ထုတ်လုပ်နိုင်သည့်ပမာဏပေါ်မူတည်၍ အလှည့်ကျရရှိရန် ဆောင်ရွက်ပေးနေကြောင်း နစက ဒုဥက္ကဋ္ဌက ဆိုသည်။
ထို့ပြင် လက်ရှိသီလဝါစက်မှုဇုန်၌ ကုမ္ပဏီခြောက်ခုမှ ဆိုလာစနစ်ဖြင့် ဓာတ်အားထုတ်လုပ်မှု ၄ ဒသမ ၉ မဂ္ဂါဝပ် ကျော်ထုတ်လုပ်သုံးစွဲလျက်ရှိပြီး အဆိုပါဆောင်ရွက်မှုကို နမူနာယူ၍ အခြားကုမ္ပဏီများမှ လျှပ်စစ်ဓာတ်အား ၈ မဂ္ဂါဝပ်ကျော် ထုတ်လုပ်သုံးစွဲနိုင်ရန်အတွက် စီမံဆောင်ရွက်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။
ထိုသို့ဆောင်ရွက်ခြင်းဖြင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းအတွက် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲ၍ရသည့်အပြင် ပိုလျှံ မှုအပေါ် နိုင်ငံအဆင့် မဟာဓာတ်အားလိုင်းသို့ ရောင်းချ၍ရနေကြောင်း၊ ဆိုလာစနစ်ဆောင်ရွက်သည့်အတွက် ကုန်ကျမည့်ငွေပမာဏမှာ နှစ်အနည်းငယ်အတွင်း အရင်းကျေကာလသို့ ရောက်ရှိမည်ဖြစ်ကြောင်း နစက ဒုဥက္ကဋ္ဌ က ဆိုသည်။
MSME လုပ်ငန်းရှင်များအနေဖြင့်လည်း သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စက်မှုဇုန်များ၏ မြေလွတ် နေရာများနှင့် အခြားမြေလွတ်မြေရိုင်းနေရာများတွင် ဆိုလာစနစ်ဖြင့် တစ်ပိုင်တစ်နိုင်လျှပ်စစ်ဓာတ်အား ရရှိရေး အတွက် ဆောင်ရွက်စေလိုကြောင်းနစက ဒုဥက္ကဋ္ဌက တိုက်တွန်းထားသည်။
နိုင်ငံတော်အနေဖြင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း သဘာဝဓာတ်ငွေ့၊ ဆိုလာလျှပ်စစ်အင် ဂျင် ပေါင်းစပ်သည့် Hybrid ဓာတ်အားမဂ္ဂါဝပ်ပေါင်း ၁၀၀၀ ကျော် ထုတ်လုပ်နိုင်ရေးအတွက် စီမံကိန်းများ ဆောင်ရွက် လျက်ရှိပြီး ရရှိသည့် လျှပ်စစ်ဓာတ်အားများကိုတစ်နိုင်ငံလုံးဖြန့်ဝေခြင်းဖြစ်သည့်အတွက် အချိုးအစားအလိုက် ဓာတ်အားရရှိမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
သဘာဝဓာတ္ေငြ႕ႏွင့္ဆိုလာလွ်ပ္စစ္အင္ဂ်င္ေပါင္းစပ္သည့္ Hybrid ဓာတ္အားမဂၢါဝပ္ေပါင္း ၁၀၀၀ ေက်ာ္ ထုတ္လုပ္ႏိုင္ရန္ စီမံကိန္းမ်ား ေဆာင္႐ြက္ေန
Pearl (NP News) - ေဖေဖာ္ဝါရီ ၆

သဘာဝဓာတ္ေငြ႕ႏွင့္ ဆိုလာလွ်ပ္စစ္အင္ဂ်င္ေပါင္းစပ္သည့္ Hybrid ဓာတ္အား မဂၢါဝပ္ေပါင္း ၁၀၀၀ ေက်ာ္ ထုတ္လုပ္ႏိုင္ရန္ စီမံကိန္းမ်ား ေဆာင္႐ြက္ေနေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒ ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္း၏ ေျပာၾကားခ်က္အရ သိရသည္။
နစကဒုဥကၠ႒ က ယမန္ေန႔ (ေဖေဖာ္ဝါရီလ ၅ ရက္) တြင္ ေနျပည္ေတာ္၌ က်င္းပေသာ ျပည္ေထာင္စုအဆင့္ MSME ထုတ္ကုန္ျပပြဲႏွင့္ ၿပိဳင္ပြဲက်င္းပႏိုင္ေရး လုပ္ငန္းညႇိႏႈိင္းအစည္းအေဝး၌ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။
MSME လုပ္ငန္းရွင္မ်ား၏ အဓိကတင္ျပခ်က္ျဖစ္သည့္ လွ်ပ္စစ္ရရွိေရးကိစၥႏွင့္ပတ္သက္၍ တစ္ႏိုင္ငံလုံးအေနျဖင့္ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္မႈမွာ မဂၢါဝပ္ ၆၃၀၀ ေက်ာ္ရွိေသာ္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ရပ္တန႔္ေနမႈ မ်ားႏွင့္ အၾကမ္းဖက္မႈျဖစ္စဥ္မ်ားေၾကာင့္ ထုတ္လုပ္ႏိုင္မႈရပ္ဆိုင္းေနသည့္ စက္႐ုံမ်ားရွိေၾကာင္း၊ လွ်ပ္စစ္ဝန္ႀကီး ဌာနကလည္း ထုတ္လုပ္ႏိုင္သည့္ပမာဏေပၚမူတည္၍ အလွည့္က်ရရွိရန္ ေဆာင္႐ြက္ေပးေနေၾကာင္း နစက ဒုဥကၠ႒က ဆိုသည္။
ထို႔ျပင္ လက္ရွိသီလဝါစက္မႈဇုန္၌ ကုမၸဏီေျခာက္ခုမွ ဆိုလာစနစ္ျဖင့္ ဓာတ္အားထုတ္လုပ္မႈ ၄ ဒသမ ၉ မဂၢါဝပ္ ေက်ာ္ထုတ္လုပ္သုံးစြဲလ်က္ရွိၿပီး အဆိုပါေဆာင္႐ြက္မႈကို နမူနာယူ၍ အျခားကုမၸဏီမ်ားမွ လွ်ပ္စစ္ဓာတ္အား ၈ မဂၢါဝပ္ေက်ာ္ ထုတ္လုပ္သုံးစြဲႏိုင္ရန္အတြက္ စီမံေဆာင္႐ြက္ေနေၾကာင္း ၎က ဆက္လက္ေျပာသည္။
ထိုသို႔ေဆာင္႐ြက္ျခင္းျဖင့္ တစ္ပိုင္တစ္ႏိုင္လုပ္ငန္းအတြက္ လွ်ပ္စစ္ဓာတ္အား ျပည့္ဝစြာသုံးစြဲ၍ရသည့္အျပင္ ပိုလွ်ံ မႈအေပၚ ႏိုင္ငံအဆင့္ မဟာဓာတ္အားလိုင္းသို႔ ေရာင္းခ်၍ရေနေၾကာင္း၊ ဆိုလာစနစ္ေဆာင္႐ြက္သည့္အတြက္ ကုန္က်မည့္ေငြပမာဏမွာ ႏွစ္အနည္းငယ္အတြင္း အရင္းေက်ကာလသို႔ ေရာက္ရွိမည္ျဖစ္ေၾကာင္း နစက ဒုဥကၠ႒ က ဆိုသည္။
MSME လုပ္ငန္းရွင္မ်ားအေနျဖင့္လည္း သက္ဆိုင္ရာတိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားရွိ စက္မႈဇုန္မ်ား၏ ေျမလြတ္ ေနရာမ်ားႏွင့္ အျခားေျမလြတ္ေျမ႐ိုင္းေနရာမ်ားတြင္ ဆိုလာစနစ္ျဖင့္ တစ္ပိုင္တစ္ႏိုင္လွ်ပ္စစ္ဓာတ္အား ရရွိေရး အတြက္ ေဆာင္႐ြက္ေစလိုေၾကာင္းနစက ဒုဥကၠ႒က တိုက္တြန္းထားသည္။
ႏိုင္ငံေတာ္အေနျဖင့္ အျခားျပည္နယ္ႏွင့္ တိုင္းေဒသႀကီးမ်ားတြင္လည္း သဘာဝဓာတ္ေငြ႕၊ ဆိုလာလွ်ပ္စစ္အင္ ဂ်င္ ေပါင္းစပ္သည့္ Hybrid ဓာတ္အားမဂၢါဝပ္ေပါင္း ၁၀၀၀ ေက်ာ္ ထုတ္လုပ္ႏိုင္ေရးအတြက္ စီမံကိန္းမ်ား ေဆာင္႐ြက္ လ်က္ရွိၿပီး ရရွိသည့္ လွ်ပ္စစ္ဓာတ္အားမ်ားကိုတစ္ႏိုင္ငံလုံးျဖန႔္ေဝျခင္းျဖစ္သည့္အတြက္ အခ်ိဳးအစားအလိုက္ ဓာတ္အားရရွိမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.