PDF များက ပစ်ခတ်သောကြောင့် တိုင်းဒေသကြီးနှစ်ခုမှ လူ(၄)ဦး တစ်ရက်အတွင်း သေဆုံး
![](/img/icon_eye.svg)
685
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67a46b6fa159af14836d1c53/banner-67a46b6fa159af14836d1c53-x800.png)
ချယ်ရီ (NP News)- ဖေဖော်ဝါရီလ ၆
PDF များက ပစ်ခတ်သောကြောင့် တိုင်းဒေသကြီးနှစ်ခုမှ လူ(၄)ဦး တစ်ရက်အတွင်း သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဖြစ်စဉ်များမှာ ပြီးခဲ့သည့် (ဖေဖော်ဝါရီလ ၃ ရက်)က မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ် နှင့် ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါနေ့၏ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်ခန့်က သရက်မြို့နယ်၊ ဖောင်းကတောကျေးရွာအနီးတွင် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားသုံးဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့စစ်ဆေးခဲ့ရာ သေဆုံးသူများမှာ သရက်မြို့နယ်၊ ချင်းကုန်းကျေးရွာတွင်နေထိုင်သည့် အသက်(၅၃)နှစ်အရွယ်ရှိ ကျေးရွာခွဲတာဝန်ခံဖြစ်သူ ဦးဌေးအောင်၊ တစ်ရွာတည်းနေ အသက်(၆၅)နှစ်အရွယ်ရှိ ဦးသန်းမြင့်နှင့် ဖောင်းကတောကျေးရွာနေ အသက်(၄၂)နှစ်အရွယ်ရှိ ဦးသန်းဇော်တို့ဖြစ်ကြောင်း သိရပြီး ၎င်းတို့၏ နေအိမ် အသီးသီး၌ ရှိနေစဉ် အင်အား (၁၂) ဦးခန့်ရှိ PDF အဖွဲ့က ဆိုင်ကယ်(၆)စီးဖြင့်ရောက်ရှိလာပြီ ဖောင်းကတော ကျေးရွာအပြင်ဘက်ဇရပ်သို့ ဖမ်းဆီးခေါ်ဆောင်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့သုံးဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ယင်းနေ့၊ ည ၆ နာရီ ၃ဝ မိနစ်အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ကြူဝတ်ကျေးရွာ အနီးတွင် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါကျေးရွာတွင် နေထိုင်သော အသက်(၆၁)နှစ်အရွယ်ရှိ ဦးလှအေးသည် ပြည်မြို့မှ ၎င်း၏နေအိမ်သို့ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် ကြူဝတ်ကျေးရွာ၏ အနောက်ဘက် (၁) မိုင်ခန့်အကွာရှိ (ဒေသ အခေါ်) ကျောက်ကထစ် တဲစုအနီးသို့အရောက်တွင် အသင့်စောင့်ဆိုင်းနေသော PDF (၂)ဦး(စိစစ်ဆဲ) က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သောကြောင့် ၎င်းတွင်ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တစ်ဖက်သတ်အစွန်းရောက်အစွဲအပေါ်အခြေခံပြီး အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Zawgyi Version:
PDF မ်ားက ပစ္ခတ္ေသာေၾကာင့္ တိုင္းေဒသႀကီးႏွစ္ခုမွ လူ(၄)ဦး တစ္ရက္အတြင္း ေသဆုံး
ခ်ယ္ရီ (NP News)- ေဖေဖာ္ဝါရီလ ၆
PDF မ်ားက ပစ္ခတ္ေသာေၾကာင့္ တိုင္းေဒသႀကီးႏွစ္ခုမွ လူ(၄)ဦး တစ္ရက္အတြင္း ေသဆုံးခဲ့ေၾကာင္း ျပည္ထဲေရးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါျဖစ္စဥ္မ်ားမွာ ၿပီးခဲ့သည့္ (ေဖေဖာ္ဝါရီလ ၃ ရက္)က မေကြးတိုင္းေဒသႀကီး၊ သရက္ၿမိဳ႕နယ္ ႏွင့္ ပဲခူးတိုင္းေဒသႀကီး၊ ေပါက္ေခါင္းၿမိဳ႕နယ္တို႔တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါေန႔၏ နံနက္ ၉ နာရီ ၄၅ မိနစ္အခ်ိန္ခန႔္က သရက္ၿမိဳ႕နယ္၊ ေဖာင္းကေတာေက်း႐ြာအနီးတြင္ ေသနတ္ျဖင့္ ပစ္ခတ္ခံရ၍ အမ်ိဳးသားသုံးဦးေသဆုံးသြားေၾကာင္း သတင္းအရ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုသို႔စစ္ေဆးခဲ့ရာ ေသဆုံးသူမ်ားမွာ သရက္ၿမိဳ႕နယ္၊ ခ်င္းကုန္းေက်း႐ြာတြင္ေနထိုင္သည့္ အသက္(၅၃)ႏွစ္အ႐ြယ္ရွိ ေက်း႐ြာခြဲတာဝန္ခံျဖစ္သူ ဦးေဌးေအာင္၊ တစ္႐ြာတည္းေန အသက္(၆၅)ႏွစ္အ႐ြယ္ရွိ ဦးသန္းျမင့္ႏွင့္ ေဖာင္းကေတာေက်း႐ြာေန အသက္(၄၂)ႏွစ္အ႐ြယ္ရွိ ဦးသန္းေဇာ္တို႔ျဖစ္ေၾကာင္း သိရၿပီး ၎တို႔၏ ေနအိမ္ အသီးသီး၌ ရွိေနစဥ္ အင္အား (၁၂) ဦးခန႔္ရွိ PDF အဖြဲ႕က ဆိုင္ကယ္(၆)စီးျဖင့္ေရာက္ရွိလာၿပီ ေဖာင္းကေတာ ေက်း႐ြာအျပင္ဘက္ဇရပ္သို႔ ဖမ္းဆီးေခၚေဆာင္ကာ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္သြားခဲ့သျဖင့္ ၎တို႔သုံးဦးတြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အလားတူ ယင္းေန႔၊ ည ၆ နာရီ ၃ဝ မိနစ္အခ်ိန္ခန႔္က ပဲခူးတိုင္းေဒသႀကီး၊ ေပါက္ေခါင္းၿမိဳ႕နယ္၊ ၾကဴဝတ္ေက်း႐ြာ အနီးတြင္ ေသနတ္ျဖင့္ ပစ္ခတ္ခံရ၍ အမ်ိဳးသားတစ္ဦးေသဆုံးသြားေသာေၾကာင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ အဆိုပါေက်း႐ြာတြင္ ေနထိုင္ေသာ အသက္(၆၁)ႏွစ္အ႐ြယ္ရွိ ဦးလွေအးသည္ ျပည္ၿမိဳ႕မွ ၎၏ေနအိမ္သို႔ ဆိုင္ကယ္ျဖင့္ျပန္လာစဥ္ ၾကဴဝတ္ေက်း႐ြာ၏ အေနာက္ဘက္ (၁) မိုင္ခန႔္အကြာရွိ (ေဒသ အေခၚ) ေက်ာက္ကထစ္ တဲစုအနီးသို႔အေရာက္တြင္ အသင့္ေစာင့္ဆိုင္းေနေသာ PDF (၂)ဦး(စိစစ္ဆဲ) က ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ သြားခဲ့ေသာေၾကာင့္ ၎တြင္က်ည္ထိမွန္ဒဏ္ရာမ်ား ရရွိကာ ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
တစ္ဖက္သတ္အစြန္းေရာက္အစြဲအေပၚအေျခခံၿပီး အေၾကာင္းမဲ့ပစ္ခတ္သတ္ျဖတ္မႈ က်ဴးလြန္ခဲ့သူမ်ားကို ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အေရးယူႏိုင္ရန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။