မိုင်းဒဏ်သင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးဆိုင်ရာများကို လူ၊ ကယ်၊ ပြန် ဒုဝန်ကြီး နှင့် ICRC ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်တို့ဆွေးနွေး
96
Pearl (NP News) - ဖေဖော်ဝါရီ ၆
မိုင်းဒဏ်သင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးဆိုင်ရာများကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည် နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaud de Bae-cque တို့ဆွေးနွေးခဲ့ကြောင်း နစက၏ အချက် အလက်များအရ သိရသည်။
ယမန်နေ့ (ဖေဖော်ဝါရီလ ၅ ရက်) က အဆိုပါဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန နှင့် ICRC တို့အကြား မိုင်းအန္တရာယ်ဂရုပြုရေးနှင့် ဘေးကင်းရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရန်အတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းလုပ်ငန်းနယ်ပယ်ရှိ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ပေးရေးအတွက်လည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ပဋိပက္ခကြောင့် ထိခိုက်ခံစားရသူများအား အကူအညီပေးနိုင်ရေးကိစ္စများ နှင့် မိုင်းဒဏ်သင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးဆိုင်ရာကိစ္စရပ်များကိုလည်း နှစ်ဦးနှစ်ဖက်ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။
Zawgyi Version:
မိုင္းဒဏ္သင့္ျပည္သူမ်ားအတြက္ ျပန္လည္ထူေထာင္ေရးဆိုင္ရာမ်ားကို လူ၊ ကယ္၊ ျပန္ ဒုဝန္ႀကီး ႏွင့္ ICRC ၏ ျမန္မာႏိုင္ငံဆိုင္ရာဌာေနကိုယ္စားလွယ္တို႔ေဆြးေႏြး
Pearl (NP News) - ေဖေဖာ္ဝါရီ ၆
မိုင္းဒဏ္သင့္ျပည္သူမ်ားအတြက္ ျပန္လည္ထူေထာင္ေရးဆိုင္ရာမ်ားကိုလူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ ေနရာခ်ထားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးစိုးၾကည္ ႏွင့္ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီေကာ္မတီ (ICRC) ၏ ျမန္မာႏိုင္ငံဆိုင္ရာဌာေနကိုယ္စားလွယ္ျဖစ္သူ Mr. Arnaud de Bae-cque တို႔ေဆြးေႏြးခဲ့ေၾကာင္း နစက၏ အခ်က္ အလက္မ်ားအရ သိရသည္။
ယမန္ေန႔ (ေဖေဖာ္ဝါရီလ ၅ ရက္) က အဆိုပါဝန္ႀကီးဌာန၌ ေတြ႕ဆုံခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ေတြ႕ဆုံရာ၌ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန ႏွင့္ ICRC တို႔အၾကား မိုင္းအႏၲရာယ္ဂ႐ုျပဳေရးႏွင့္ ေဘးကင္းေရးဆိုင္ရာ အသိပညာေပးလုပ္ငန္းမ်ားတြင္ ပူးေပါင္းေဆာင္႐ြက္မႈ ပိုမိုျမႇင့္တင္ရန္အတြက္ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ယင္းလုပ္ငန္းနယ္ပယ္ရွိ ဝန္ထမ္းမ်ား စြမ္းေဆာင္ရည္ျမႇင့္တင္ေပးေရးအတြက္လည္း ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ပဋိပကၡေၾကာင့္ ထိခိုက္ခံစားရသူမ်ားအား အကူအညီေပးႏိုင္ေရးကိစၥမ်ား ႏွင့္ မိုင္းဒဏ္သင့္ျပည္သူမ်ားအတြက္ ျပန္လည္ထူေထာင္ေရးဆိုင္ရာကိစၥရပ္မ်ားကိုလည္း ႏွစ္ဦးႏွစ္ဖက္ပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ေၾကာင္း နစက၏ အခ်က္အလက္မ်ားအရ သိရသည္။