သံဖြူဇရပ်မြို့နယ်တွင် (၉) နှစ်အရွယ်ဝန်းကျင် မိန်းကလေးတစ်ဦး ရိုက်နှက်ခံထားရသည့်ဒဏ်ရာများဖြင့် သေဆုံးခဲ့ဟုဆို

 158

NP News - ဖေဖော်ဝါရီ ၇

သံဖြူဇရပ်မြို့နယ်တွင် (၉) နှစ်အရွယ်ဝန်းကျင် မိန်းကလေးတစ်ဦး ရိုက်နှက်ခံထားရသည့်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း ဒေသခံ လူမှုကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဖေဖော်ဝါရီလ ၅ ရက်)၊ မနက် (၈)နာရီခန့်တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဟံသာဝတီ ရပ်ကွက် ရှမ်းဘုရားအနီး ရှိ နေအိမ်တစ်လုံးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါရှမ်းဘုရားအနီး နေအိမ်တစ်အိမ်၌(၉)နှစ်အရွယ် မိန်းကလေးတစ်ဦးကို ၎င်း၏ မိဘများမရှိစဉ် အဒေါ်ဖြစ်သူ က တံမြက်စည်းတုတ်ဖြင့် အကြိမ်ကြိမ်ရိုက်နှက်ခြင်းခံထားရသောဒဏ်ရာများကြောင့် အတွင်းကြေဒဏ်ရာများ ရရှိကာ ယမန်နေ့ ညနေပိုင်းတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ယူဆရသည်ဟု ဒေသခံလူမှုကယ်ဆယ်ရေး အသင်းက ဆိုသည်။
၎င်းရုပ်အလောင်းကို စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းက ယနေ့ (ဖေဖော်ဝါရီလ ၆ ရက်) နံနက်ပိုင်းတွင် သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
သံျဖဴဇရပ္ၿမိဳ႕နယ္တြင္ (၉) ႏွစ္အ႐ြယ္ဝန္းက်င္ မိန္းကေလးတစ္ဦး ႐ိုက္ႏွက္ခံထားရသည့္ဒဏ္ရာမ်ားျဖင့္ ေသဆုံးခဲ့ဟုဆို
NP News - ေဖေဖာ္ဝါရီ ၇

သံျဖဴဇရပ္ၿမိဳ႕နယ္တြင္ (၉) ႏွစ္အ႐ြယ္ဝန္းက်င္ မိန္းကေလးတစ္ဦး ႐ိုက္ႏွက္ခံထားရသည့္ဒဏ္ရာမ်ားျဖင့္ ေသဆုံးခဲ့ေၾကာင္း ေဒသခံ လူမႈကယ္ဆယ္ေရးအသင္းမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ေဖေဖာ္ဝါရီလ ၅ ရက္)၊ မနက္ (၈)နာရီခန႔္တြင္ မြန္ျပည္နယ္၊ သံျဖဴဇရပ္ၿမိဳ႕နယ္ ဟံသာဝတီ ရပ္ကြက္ ရွမ္းဘုရားအနီး ရွိ ေနအိမ္တစ္လုံးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
အဆိုပါရွမ္းဘုရားအနီး ေနအိမ္တစ္အိမ္၌(၉)ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးကို ၎၏ မိဘမ်ားမရွိစဥ္ အေဒၚျဖစ္သူ က တံျမက္စည္းတုတ္ျဖင့္ အႀကိမ္ႀကိမ္႐ိုက္ႏွက္ျခင္းခံထားရေသာဒဏ္ရာမ်ားေၾကာင့္ အတြင္းေၾကဒဏ္ရာမ်ား ရရွိကာ ယမန္ေန႔ ညေနပိုင္းတြင္ ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း ယူဆရသည္ဟု ေဒသခံလူမႈကယ္ဆယ္ေရး အသင္းက ဆိုသည္။
၎႐ုပ္အေလာင္းကို ေစတနာရွင္လူမႈကယ္ဆယ္ေရးအသင္းက ယေန႔ (ေဖေဖာ္ဝါရီလ ၆ ရက္) နံနက္ပိုင္းတြင္ သံျဖဴဇရပ္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံႀကီးရွိ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.