ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ ကလေး ရုပ်အလောင်းခြောက်များ ဝယ်ယူမှု စစ်ဆေးတွေ့ရှိ
![](/img/icon_eye.svg)
114
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67a4de6ea258e341df017e63/banner-67a4de6ea258e341df017e63-x800.JPG)
ရောင်နီ (NP News) - ဖေဖော်ဝါရီ ၇
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဖေဖော်ဝါရီ ၆ ရက်၊ မွန်းလွဲပိုင်းက ကလေး ရုပ်အလောင်းခြောက် ၂ ခုကို အမျိုးသမီး တစ်ဦးဆီပေးပို့ဖို့ logistic အပ်ထားတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ပုဂ္ဂလိက ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှု (logistic) က အဲဒီပါဆယ်ကို ဖွင့်ကြည့်စစ်ဆေးပြီး ဒေသရဲတပ်ဖွဲ့ဆီ အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။
ဆာခါအို ခရိုင်၊ အရန်ရာပရာသက် ခရိုင် ၊ တန်ဘုံဘန်မိုင်နိုင်ဆိုင် ထောက်ပံ့ပို့ဆောင်ရေးဆိုင်တစ်ခုက မွန်းလွဲ ၁ နာရီအချိန်မှာ လူတစ်ဦးဆီ ပေးပို့ခိုင်းတဲ့ ပါဆယ်အထုပ်ထဲက လူသေအလောင်း ၂ လောင်း တွေ့ရှိခဲ့ကြောင်းကို ရဲတပ်ဖွဲ့ဆီ ဆက်သွယ်အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ ဆိုင်ဝန်ထမ်းက အထုပ်ဟာ မသင်္ကာဖွယ် ဖြစ်နေတာ ကြောင့် ဘာပစ္စည်းလဲဆိုတာ စစ်ဆေးကြည့်တဲ့အခါ မည်းနက်ပြီး ခြောက်နေတဲ့ အလောင်းနှစ်လောင်းကို တွေ့ရှိခဲ့ တယ်လို့ ရဲတပ်ဖွဲ့ကို ပြောပါတယ်။
သတင်းရရှိပြီးနောက် ဒေသဆိုင်ရာ ဒုတိယအဆင့် ရဲမှူးချုပ် ဂျာတူရာဖက်ဆင်ဂါဆက်သစ်က ပါဆယ်ထုပ်ကို ချက်ချင်း လာရောက်စစ်ဆေးခဲ့ပြီး ပါဆယ်ပေးပို့သူ အထုပ်ပိုင်ရှင် အသက် ၃၉ နှစ်အရွယ် ပေါလ်နဲ့ သူ့ရဲ့ဆိုင်ကို စုံစမ်းစစ်ဆေးခဲ့ပါတယ်။
စုံစမ်းစစ်ဆေးမှုအရ ပေါလ် ဟာ မျက်လှည့်ဆရာ တစ်ဦးဖြစ်ပြီး သူ့ရဲ့ဆိုင်အတွက် ကလေးငယ် ရုပ်အလောင်း တွေကို ထိုင်းဘတ်ငွေ ၁၀၀၀၀ နဲ့ ဝယ်ယူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ပေါလ်ဟာ ဝိညာဉ်တွေနဲ့ ဆက်သွယ် ပြောဆိုနိုင်တဲ့ စွမ်းရည်ရှိတယ်လို့လည်း ဆိုပါတယ်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ထိုင်းအမျိုးသမီးတစ်ဦးနဲ့ တရုတ် ခရီးသွားလေးဦးက သူ့ရဲ့ဆိုင်ကို ရောက်ရှိလာခဲ့ရာ တရုတ်ခရီးသွားတွေက ကလေးရုပ်အလောင်းတွေ တွေ့ပြီးတဲ့ နောက် ဘတ်ငွေ ၃၀,၀၀၀ နဲ့ ဝယ်ယူဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် ချင်းမိုင် လိပ်စာပေးပြီး ကလေးရုပ်အလောင်းတွေကို ပို့ပေးဖို့ ပေါလ်ကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ အခု အချိန်ထိတော့ ရဲတပ်ဖွဲ့က တရားစွဲဆိုခြင်းမျိုး မရှိသေးပါဘူး။
Zawgyi Version:
ထိုင္းႏိုင္ငံ၊ ခ်င္းမိုင္မွာ ကေလး ႐ုပ္အေလာင္းေျခာက္မ်ား ဝယ္ယူမႈ စစ္ေဆးေတြ႕ရွိ
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၇
ထိုင္းႏိုင္ငံ၊ ခ်င္းမိုင္ၿမိဳ႕မွာ ေဖေဖာ္ဝါရီ ၆ ရက္၊ မြန္းလြဲပိုင္းက ကေလး ႐ုပ္အေလာင္းေျခာက္ ၂ ခုကို အမ်ိဳးသမီး တစ္ဦးဆီေပးပို႔ဖို႔ logistic အပ္ထားတဲ့ျဖစ္စဥ္တစ္ခုျဖစ္ပြားခဲ့ပါတယ္။ ပုဂၢလိက ေထာက္ပံ့ပို႔ေဆာင္ေရး ဝန္ေဆာင္မႈ (logistic) က အဲဒီပါဆယ္ကို ဖြင့္ၾကည့္စစ္ေဆးၿပီး ေဒသရဲတပ္ဖြဲ႕ဆီ အေၾကာင္းၾကားခဲ့တာ ျဖစ္ပါတယ္။
ဆာခါအို ခ႐ိုင္၊ အရန္ရာပရာသက္ ခ႐ိုင္ ၊ တန္ဘုံဘန္မိုင္ႏိုင္ဆိုင္ ေထာက္ပံ့ပို႔ေဆာင္ေရးဆိုင္တစ္ခုက မြန္းလြဲ ၁ နာရီအခ်ိန္မွာ လူတစ္ဦးဆီ ေပးပို႔ခိုင္းတဲ့ ပါဆယ္အထုပ္ထဲက လူေသအေလာင္း ၂ ေလာင္း ေတြ႕ရွိခဲ့ေၾကာင္းကို ရဲတပ္ဖြဲ႕ဆီ ဆက္သြယ္အေၾကာင္းၾကားခဲ့တာ ျဖစ္ပါတယ္။ ဆိုင္ဝန္ထမ္းက အထုပ္ဟာ မသကၤာဖြယ္ ျဖစ္ေနတာ ေၾကာင့္ ဘာပစၥည္းလဲဆိုတာ စစ္ေဆးၾကည့္တဲ့အခါ မည္းနက္ၿပီး ေျခာက္ေနတဲ့ အေလာင္းႏွစ္ေလာင္းကို ေတြ႕ရွိခဲ့ တယ္လို႔ ရဲတပ္ဖြဲ႕ကို ေျပာပါတယ္။
သတင္းရရွိၿပီးေနာက္ ေဒသဆိုင္ရာ ဒုတိယအဆင့္ ရဲမႉးခ်ဳပ္ ဂ်ာတူရာဖက္ဆင္ဂါဆက္သစ္က ပါဆယ္ထုပ္ကို ခ်က္ခ်င္း လာေရာက္စစ္ေဆးခဲ့ၿပီး ပါဆယ္ေပးပို႔သူ အထုပ္ပိုင္ရွင္ အသက္ ၃၉ ႏွစ္အ႐ြယ္ ေပါလ္နဲ႔ သူ႔ရဲ႕ဆိုင္ကို စုံစမ္းစစ္ေဆးခဲ့ပါတယ္။
စုံစမ္းစစ္ေဆးမႈအရ ေပါလ္ ဟာ မ်က္လွည့္ဆရာ တစ္ဦးျဖစ္ၿပီး သူ႔ရဲ႕ဆိုင္အတြက္ ကေလးငယ္ ႐ုပ္အေလာင္း ေတြကို ထိုင္းဘတ္ေငြ ၁၀၀၀၀ နဲ႔ ဝယ္ယူခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။ ေပါလ္ဟာ ဝိညာဥ္ေတြနဲ႔ ဆက္သြယ္ ေျပာဆိုႏိုင္တဲ့ စြမ္းရည္ရွိတယ္လို႔လည္း ဆိုပါတယ္။ ၂၀၂၄ ခုႏွစ္ ဒီဇင္ဘာလမွာ ထိုင္းအမ်ိဳးသမီးတစ္ဦးနဲ႔ တ႐ုတ္ ခရီးသြားေလးဦးက သူ႔ရဲ႕ဆိုင္ကို ေရာက္ရွိလာခဲ့ရာ တ႐ုတ္ခရီးသြားေတြက ကေလး႐ုပ္အေလာင္းေတြ ေတြ႕ၿပီးတဲ့ ေနာက္ ဘတ္ေငြ ၃၀,၀၀၀ နဲ႔ ဝယ္ယူဖို႔ ကမ္းလွမ္းခဲ့တယ္လို႔ ဆိုပါတယ္။ အဲဒီေနာက္ ခ်င္းမိုင္ လိပ္စာေပးၿပီး ကေလး႐ုပ္အေလာင္းေတြကို ပို႔ေပးဖို႔ ေပါလ္ကို ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။ အခု အခ်ိန္ထိေတာ့ ရဲတပ္ဖြဲ႕က တရားစြဲဆိုျခင္းမ်ိဳး မရွိေသးပါဘူး။