အရှေ့အာရှ၊ ပစိဖိတ်ဒေသမှာ လေထုညစ်ညမ်းမှုကြောင့် နေ့စဉ် အသက် ၅ နှစ်အောက် ကလေးငယ် ၁၀၀ ကျော် သေဆုံးနေ

 61

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၇

အရှေ့အာရှနဲ့ ပစိဖိတ်ဒေသမှာ လေထုညစ်ညမ်းမှုဆိုင်ရာအကြောင်းရင်းတွေကြောင့် နေ့စဉ် အသက်ငါးနှစ်အောက် ကလေးငယ် ၁၀၀ ကျော် သေဆုံးနေတယ်လို့ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်) က ဖေဖော်ဝါရီ ၆ ရက်မှာ ပြောကြားပါတယ်။ ဒါကြောင့် လူအသေအပျောက်များစေတဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချဖို့၊ လေထုအရည်အသွေး စံချိန်စံညွှန်းများ တင်းကျပ်ဖို့နဲ့ ကျန်းမာရေးစနစ်များ မြှင့်တင်ဖို့လည်း အရေးတကြီး လုပ်ဆောင်ဖို့ ယူနီဆက်က တောင်းဆိုထားပါတယ်။
အရှေ့အာရှနဲ့ ပစိဖိတ်ဒေသမှာ ကလေးသူငယ် သန်း ၁၀၀ ကျော် နေထိုင်ကြပြီး သူတို့တွေဟာ အိမ်တွင်း၊ အိမ်ပြင် ၂ ခုစလုံး လေထုညစ်ညမ်းမှု အဆင့်ရှိတဲ့ နိုင်ငံတွေမှာ နေထိုင်နေကြတယ်လို့ ယူနီဆက် ပြောကြားပါတယ်။ အထူးသဖြင့် အိမ်တွင်း ရုပ်ကြွင်းလောင်စာ အသုံးပြုတဲ့ မီးဖိုနဲ့ ချက်ပြုတ်ခြင်း၊ အပူပေးခြင်းမှ ထွက်တဲ့ လေထု ညစ်ညမ်းမှုဟာ အသက်ငါးနှစ်အောက် ကလေးတွေ လေထုညစ်ညမ်းမှုနဲ့ ဆက်စပ်သေဆုံးမှု အားလုံးရဲ့ ထက်ဝက် ကျော်နဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံဟာလည်း ခြောက်သွေ့ရာသီအတွင်း ဒေသအများအပြားမှ ကောက်ပဲသီးနှံများ မီးရှို့ခြင်းမှဖြစ်တဲ့ လေထုညစ်ညမ်းမှုဟာ လယ်သမားတွေရဲ့ကျန်းမာရေးကို ပိုမိုဆိုးရွားစွာ ထိခိုက်စေတယ်လို့ လေ့လာမှုက ဆိုပါတယ်။ လေထုညစ်ညမ်းမှုနဲ့ထိတွေ့မှုကြောင့် သေဆုံးမှုဟာ အသက်အရွယ် အားလုံး၊ သေဆုံးမှုအားလုံးရဲ့ ၁၂ ရာခိုင်နှုန်းခန့်ရှိတယ်လို့ ဆိုပါတယ်။

လေထုညစ်ညမ်းမှုမှာ အန္တရာယ်အများဆုံးကတော့ အဆုတ်အတွင်းပိုင်းနဲ့သွေးကြောထဲမှ PM2.5 လို့ခေါ်တဲ့ လေထု အမှုန်အမွှားတွေဖြစ်ပြီး အဲဒါတွေဟာ ပြင်းထန်နာမကျန်းမှုနဲ့ သေဆုံးမှုကိုဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ နှစ်စဉ် ပျမ်းမျှ PM2.5 အဆင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့လမ်းညွှန်ချက်အဆင့်ထက် ငါးဆကျော် ကျော်လွန်တဲ့ နိုင်ငံတွေမှာ ကလေး ၃၂၅ သန်းကျော် နေထိုင်နေရတယ်လို့ သိရပါတယ်။

Zawgyi Version:



Related news

© 2021. All rights reserved.