ကျားဖျန့်လုပ်ငန်းများတွင် အဓမ္မလူကုန်ကူးခြင်းခံထားရသော နိုင်ငံခြားသား (၆၁)ဦးကို ထိုင်းဘက်သို့ လွှဲပြောင်းပေးအပ်
225
ချယ်ရီ( NP News )- ဖေဖော်ဝါရီ ၇
ကရင်ပြည်နယ်ရှိ မြဝတီ၊ ရွှေကုက္ကိုနှင့် KK Park နယ်မြေတို့တွင် Online လိမ်လည်မှုများနှင့် Online လောင်းကစားမှုများ ကျူးလွန်စေရန် ငွေကြေးမက်လုံးပေးစည်းရုံးမှုများဖြင့် အဓမ္မလူကုန်ကူးခြင်းခံထားရသော နိုင်ငံခြားသား(၆၁)ဦးတို့ကို ထိုင်းနိုင်ငံမှ တာဝန်ရှိသူတို့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းနစက၏ ထုတ်ပြန်ချက်အရ သိရသည်။
အချို့သောနယ်စပ်ဒေသများတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအပေါ် အခွင့်ကောင်းယူကာ ပြည်ပနိုင်ငံသားအချို့သည် EAO၊ လက်နက်ကိုင်အဖွဲ့များအပါအဝင် ဆက်စပ်နေရာများမှ ကိုယ်ကျိုးစီးပွားရှာသူများ၏ ပါဝင်ပတ်သက်မှုများဖြင့် Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများကို ကျယ်ပြန့်စွာ လုပ်ဆောင်လျက်ရှိသောကြောင့် စိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်းလုပ်ငန်းစဉ်ကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လျက်ရှိသော ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်မှုများဆောင်ရွက်ခဲ့ရာ အများစုမှာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်းကာ မြန်မာနိုင်ငံနယ်နိမိတ်အတွင်းသို့ အလုပ်လုပ်ကိုင်ရန် တရားမဝင် ဝင်ရောက်လာကြသူများဖြစ်သည်ဟု တွေ့ရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ၎င်းတို့သည် တရားမဝင် ဝင်ရောက်လာသူများ ဖြစ်သော်လည်း လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှုကာ တရားဥပဒေနှင့်အညီ စစ်ဆေး၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်ရှိ မြဝတီ၊ရွှေကုက္ကို နှင့် KK Park နယ်မြေအတွင်း Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများ ကျူးလွန်စေရန် ငွေကြေးမက်လုံးပေးစည်းရုံးမှုများဖြင့် အဓမ္မလူကုန်ကူးခြင်းခံထားရသည့် တရုတ်နိုင်ငံသား (၃၉) ဦး၊ ကာဇက်စတန်နိုင်ငံသား(၁)ဦး၊ အင်ဒိုနီးရှားနိုင်ငံသား(၅)ဦး၊ အီသီယိုးပီးယားနိုင်ငံသား(၁)ဦး၊ ပါကစ္စတန်နိုင်ငံသား(၁)ဦး၊ မလေးရှားနိုင်ငံသား(၁)ဦး၊ အိန္ဒိယနိုင်ငံသား (၁၃) ဦး စုစုပေါင်း (၆၁) ဦးတို့ကို ဖော်ထုတ်ရရှိခဲ့ကြောင်း သိရသည်။
စစ်ဆေးမေးမြန်းချက်များအရ ၎င်းတို့သည် ကွန်ပျူတာနှင့်ပတ်သက်သည့် လုပ်ငန်းများ၊ ဘာသာပြန်လုပ်ငန်းများကို လစာ(ငွေ)အများအပြားနှင့် လုပ်ကိုင်ရမည်ဟု အွန်လိုင်းမှတစ်ဆင့် သွေးဆောင်စည်းရုံးခံရပြီး မက်လုံးပေးလိမ်လည်ခြင်းခံခဲ့ရကြောင်း သိရသည်။ ထို့နောက် သက်ဆိုင်ရာနိုင်ငံအသီးသီးမှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့လည်းကောင်း၊ ထိုမှတစ်ဆင့် မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်သည့် မဲဆောက်မြို့သို့ ကနဦးရောက်ရှိကြပြီး တရားမဝင်ကျားဖျန့်လုပ်ငန်းမှ ကိုယ်စားလှယ်များက ထိုင်း-မြန်မာ နယ်စပ်ရှိ သောင်ရင်းမြစ်ကို တရားမဝင်ဖြတ်ကျော် ခေါ်ဆောင်ကာ မြဝတီ-ရွှေကုက္ကိုနှင့် KK Park နယ်မြေအတွင်းရှိ Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများတွင် ပါဝင်လုပ်ဆောင်ရန် အတင်းအဓမ္မစေခိုင်းခြင်း ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်ကာ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေး တံတားနေရာ၌ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိုင်းနိုင်ငံမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။
zawgyi version
က်ားဖ်န႔္လုပ္ငန္းမ်ားတြင္ အဓမၼလူကုန္ကူးျခင္းခံထားရေသာ ႏိုင္ငံျခားသား (၆၁)ဦးကို ထိုင္းဘက္သို႔ လႊဲေျပာင္းေပးအပ္
ခ်ယ္ရီ( NP News )- ေဖေဖာ္ဝါရီ ၇
ကရင္ျပည္နယ္ရွိ ျမဝတီ၊ ေ႐ႊကုကၠိဳႏွင့္ KK Park နယ္ေျမတို႔တြင္ Online လိမ္လည္မႈမ်ားႏွင့္ Online ေလာင္းကစားမႈမ်ား က်ဴးလြန္ေစရန္ ေငြေၾကးမက္လုံးေပးစည္း႐ုံးမႈမ်ားျဖင့္ အဓမၼလူကုန္ကူးျခင္းခံထားရေသာ ႏိုင္ငံျခားသား(၆၁)ဦးတို႔ကို ထိုင္းႏိုင္ငံမွ တာဝန္ရွိသူတို႔ထံ လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္းနစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အခ်ိဳ႕ေသာနယ္စပ္ေဒသမ်ားတြင္ လက္ရွိျဖစ္ေပၚေနေသာ အေျခအေနမ်ားအေပၚ အခြင့္ေကာင္းယူကာ ျပည္ပႏိုင္ငံသားအခ်ိဳ႕သည္ EAO၊ လက္နက္ကိုင္အဖြဲ႕မ်ားအပါအဝင္ ဆက္စပ္ေနရာမ်ားမွ ကိုယ္က်ိဳးစီးပြားရွာသူမ်ား၏ ပါဝင္ပတ္သက္မႈမ်ားျဖင့္ Online လိမ္လည္မႈမ်ား၊ Online ေလာင္းကစားမႈမ်ားကို က်ယ္ျပန႔္စြာ လုပ္ေဆာင္လ်က္ရွိေသာေၾကာင့္ စိစစ္ေဖာ္ထုတ္ျခင္းႏွင့္ ျပန္လည္လႊဲေျပာင္းျခင္းလုပ္ငန္းစဥ္ကို အေလးထား ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထိုသို႔ ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လ်က္ရွိေသာ ျပည္ပႏိုင္ငံသားမ်ားအား စိစစ္ေဖာ္ထုတ္မႈမ်ားေဆာင္႐ြက္ခဲ့ရာ အမ်ားစုမွာ ထိုင္းႏိုင္ငံအပါအဝင္ အိမ္နီးခ်င္းႏိုင္ငံအခ်ိဳ႕ကို တစ္ဆင့္ခံျဖတ္သန္းကာ ျမန္မာႏိုင္ငံနယ္နိမိတ္အတြင္းသို႔ အလုပ္လုပ္ကိုင္ရန္ တရားမဝင္ ဝင္ေရာက္လာၾကသူမ်ားျဖစ္သည္ဟု ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။ ထို႔ေၾကာင့္ ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ၎တို႔သည္ တရားမဝင္ ဝင္ေရာက္လာသူမ်ား ျဖစ္ေသာ္လည္း လူသားခ်င္းစာနာေထာက္ထားမႈႏွင့္ ႏိုင္ငံအခ်င္းခ်င္း ခ်စ္ၾကည္ရင္းႏွီးမႈတို႔ကိုေရွးရႈကာ တရားဥပေဒႏွင့္အညီ စစ္ေဆး၍ သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ ျပန္လည္လႊဲေျပာင္းေပးလ်က္ရွိေၾကာင္း သိရသည္။
ထိုသို႔ေဆာင္႐ြက္လ်က္ရွိရာ ကရင္ျပည္နယ္ရွိ ျမဝတီ၊ေ႐ႊကုကၠိဳ ႏွင့္ KK Park နယ္ေျမအတြင္း Online လိမ္လည္မႈမ်ား၊ Online ေလာင္းကစားမႈမ်ား က်ဴးလြန္ေစရန္ ေငြေၾကးမက္လုံးေပးစည္း႐ုံးမႈမ်ားျဖင့္ အဓမၼလူကုန္ကူးျခင္းခံထားရသည့္ တ႐ုတ္ႏိုင္ငံသား (၃၉) ဦး၊ ကာဇက္စတန္ႏိုင္ငံသား(၁)ဦး၊ အင္ဒိုနီးရွားႏိုင္ငံသား(၅)ဦး၊ အီသီယိုးပီးယားႏိုင္ငံသား(၁)ဦး၊ ပါကစၥတန္ႏိုင္ငံသား(၁)ဦး၊ မေလးရွားႏိုင္ငံသား(၁)ဦး၊ အိႏၵိယႏိုင္ငံသား (၁၃) ဦး စုစုေပါင္း (၆၁) ဦးတို႔ကို ေဖာ္ထုတ္ရရွိခဲ့ေၾကာင္း သိရသည္။
စစ္ေဆးေမးျမန္းခ်က္မ်ားအရ ၎တို႔သည္ ကြန္ပ်ဴတာႏွင့္ပတ္သက္သည့္ လုပ္ငန္းမ်ား၊ ဘာသာျပန္လုပ္ငန္းမ်ားကို လစာ(ေငြ)အမ်ားအျပားႏွင့္ လုပ္ကိုင္ရမည္ဟု အြန္လိုင္းမွတစ္ဆင့္ ေသြးေဆာင္စည္း႐ုံးခံရၿပီး မက္လုံးေပးလိမ္လည္ျခင္းခံခဲ့ရေၾကာင္း သိရသည္။ ထို႔ေနာက္ သက္ဆိုင္ရာႏိုင္ငံအသီးသီးမွ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕သို႔လည္းေကာင္း၊ ထိုမွတစ္ဆင့္ ျမန္မာ-ထိုင္းနယ္စပ္ၿမိဳ႕ျဖစ္သည့္ မဲေဆာက္ၿမိဳ႕သို႔ ကနဦးေရာက္ရွိၾကၿပီး တရားမဝင္က်ားဖ်န႔္လုပ္ငန္းမွ ကိုယ္စားလွယ္မ်ားက ထိုင္း-ျမန္မာ နယ္စပ္ရွိ ေသာင္ရင္းျမစ္ကို တရားမဝင္ျဖတ္ေက်ာ္ ေခၚေဆာင္ကာ ျမဝတီ-ေ႐ႊကုကၠိဳႏွင့္ KK Park နယ္ေျမအတြင္းရွိ Online လိမ္လည္မႈမ်ား၊ Online ေလာင္းကစားမႈမ်ားတြင္ ပါဝင္လုပ္ေဆာင္ရန္ အတင္းအဓမၼေစခိုင္းျခင္း ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္အေနျဖင့္ လိုအပ္သည့္စစ္ေဆးမႈမ်ားျပဳလုပ္ကာ ျမန္မာ-ထိုင္း အမွတ္ (၂) ခ်စ္ၾကည္ေရး တံတားေနရာ၌ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ထိုင္းႏိုင္ငံမွ တာဝန္ရွိသူမ်ားထံသို႔ လႊဲေျပာင္းေပးအပ္ႏိုင္ခဲ့ေၾကာင္း သိရသည္။