အရှေ့တောင်အာရှ၏ အဆင်းရဲဆုံးတိုင်းပြည်က တရုတ်ကို ဘေးချိတ်မည်ဟု ဆို

 131

Htay Oung (NP News) - ဖေဖော်ဝါရီ ၇

အရှေ့တီမောနိုင်ငံဟာ တရုတ်ကုမ္ပဏီများထက် လက်ရှိ သြစတြေးလျ-ဂျပန်ကုမ္ပဏီများနဲ့ ပူးပေါင်းဆောင် ရွက်ရတာကို ပိုမိုနှစ်တယ်လို့ အရှေ့တောင်အာရှရဲ့ အဆင်းရဲဆုံးတိုင်းပြည် သမ္မတဖြစ်သူ ဂျိုဆေ ရာမို့စ်ဟော် တာက ပြောဆိုပါတယ်။ နိုင်ငံပိုင် “ဂရိတ်တား ဆန်းရိုက်စ်” သဘာဝဓာတ်ငွေ့လုပ်ကွက်ကို စီးပွားဖြစ်ဆောင် ရွက်ရန်အတွက် တရုတ်နဲ့ ကူဝိတ်တို့လို မိတ်ဖက်သစ်များနဲ့ ပူးပေါင်းဆောင်ရွက်တော့မလိုလို ပြောဆိုခဲ့တဲ့ ရာမို့စ်ဟော်တာက နောက်ဆုံး သြစတြေးလျတွေနဲ့ အလုပ်လုပ်မှာဖြစ်ကြောင်း သူ့ရဲ့ ဦးစားပေးမှုကို ပထမဆုံး အကြိမ် အများသူငှာ ထုတ်ဖော်ပြောဆိုခြင်းဖြစ်တယ်လို့ “ဆောက်သ်ချိုင်းနား မောနင်းပို့စ်” က ၂ဝ၂၅ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်က ရေးသားပါတယ်။
ဆန်းရိုက်စ် သဘာဝဓာတ်ငွေ့လုပ်ကွက်ဟာ ဓာတ်ငွေ့သိုလှောင်မှု ၅.၁ ထရီလီယံ ကုဗပေ (၁၄၄.၄ ဘီလီယံ ကုဗမီတာ) ရှိတဲ့အတွက် အရှေ့တောင်အာရှတွင်သာမက နိုင်ငံတကာအဆင့်မှာပါ အလွန်ကြီးမားတဲ့ သယံ ဇာတ ပိုင်ဆိုင်မှုလို့ သတ်မှတ်နိုင်ပါတယ်။ ရုရှား ၁၆၈၈ ထရီလီယံကုဗမီတာ၊ အီရန် ၁၂၀၀၊ ကာတာနိုင်ငံ ၈၇၀ ထရီလီယံကုဗမီတာ အသီးသီးတို့နဲ့ ယှဉ်လျှင် အရှေ့တီမောရဲ့ သဘာဝဓါတ်ငွေ့ပိုင်ဆိုင်မှုဟာ အလွန်စိတ်ဝင်စား စရာ ကောင်းပါတယ်။

အဲ့ဒီသဘာဝဓါတ်ငွေ့လုပ်ကွက်ကို စီးပွားဖြစ် ဆောင်ရွက်မယ်ဆိုရင် အရှေ့တီမောအတွက် နှစ်စဉ် ဒေါ်လာငွေ ဘီလီယံ ချီရရှိနိုင်ယုံမက နိုင်ငံတကာအဆင့်မှာလည်း ပိုမိုအရေးပါလာနိုင်ပါတယ်။ ဒါပေမယ် ပေကျင်းလို မိတ် ဖက်သစ်များနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့လျှင် ဒေသတွင်း တရုတ်သြဇာလွှမ်းမိုးကို အိမ်နီးချင်း သြစတြေးလျ အနေ နဲ့ စိုးရိမ်စရာပဲဖြစ်ပါတယ်။
တရုတ်အစိုးရပိုင် “စီနိုပက်” တို့လို ပေကျင်းနဲ့ ကူဝိတ်ကုမ္ပဏီများရဲ့ ချဉ်းကပ်မှုကို ယတိပြတ်အဖြေမပေးပဲ အချိန်ဆွဲထားခဲ့ကြောင်း၊ သြစတြေးလျ ပါတနာများနဲ့ ပူးပေါင်းဆောင်ရွက်ရန် ကတိကဝတ်ရှိနေလို့ ဖြစ်ကြောင်း အရှေ့တီမောသမ္မတက ပြောပါတယ်။ အရှေ့တီမော မြို့တော် ဒီလီမှ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကို ထွက်ခွာ မယ့် တနင်္ဂနွေနေ့ လေကြောင်းခရီးစဉ်မှာ သတင်းထောက်များရဲ့မေးခွန်းကို ရာမို့စ်ဟော်တာက ဖြေဆိုခြင်းဖြစ်ပါ တယ်။
တီမောကျွန်းတောင်ဘက် ၈၇ မိုင် အကွာမှာ တည်ရှိတဲ့ အဲ့ဒီဓာတ်ငွေ့လုပ်ကွက်ကို ရာမို့စ်ဟော်တာအစိုးရရဲ့ “ တီမောဂက်ပ်” က ၅၆.၆ ရာခိုင်နှုန်း ၊ သြစတြေးလျ “ဝုဒ်ဆိုက်ကုမ္ပဏီက” ၃၃.၄ ရာခိုင်နှုန်းနဲ့ ဂျပန်နိုင်ငံ “အို ဆာကာဂတ်စ်” က ၁၀ ရာခိုင်နှုန်းစီ အသီးသီး ပိုင်ဆိုင်ကြပါတယ်။
“ဒီမိုကရက်တစ် တီမောလက်စ်တီ သမ္မတနိုင်ငံ” လို့ ခေါ်တဲ့ အရှေ့တီမောနိုင်ငံဟာ ၂၀၂၃-ခုနှစ် လူဦးရေ ၁.၃ သန်းသာရှိပြီး မြန်မာနိုင်ငံ ကယားပြည်နယ်ထက် အနည်းငယ်ကျယ်ဝန်းပါတယ်။ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဘာ သာစကားနဲ့ ဓလေ့ထုံးတမ်း ကွဲပြားတဲ့ လူမျိုးစု ၃၀ ခန့် နေထိုင်ပြီး ခရစ်ယာန်ဘာသာဝင် ၉၉.၅% ရှိပါတယ်။ သြစတြေးလျဟာ တီမောပင်လယ်နဲ့ ပိုင်းခြားထားတဲ့ တောင်ပိုင်းအိမ်နီးချင်းဖြစ်ပါတယ်။
ပစိဖိတ်သမုဒ္ဒရာ အနောက်တောင်ဘက် တီမောကျွန်းကြီးရဲံ အရှေ့ပိုင်းဟာ ၁၆-ရာနှစ်ကတည်းက ပေါ်တူဂီ ကိုလိုနီဖြစ်ခဲ့ပါတယ်။ ၁၉၇၅-ခုနှစ် ပေါ်တူဂီတို့ ဆုတ်ခွာခြင်းနဲ့အတူ အင်ဒိုနီးရှား လေ့ကျင့်လက်နက်တပ် ဆင်ပေးတဲ့ UDT တပ်များနဲ့ လက်ဝဲယိမ်း “ဖရီတီလင်” အုပ်စုတို့အကြား တီမောသားချင်း စစ်ခင်းကြခြင်းမှ ပြည်တွင်းစစ် စတင်ပါတယ်။ ကျေးရွာများမှာ လက်နက်ကိုင်အကြမ်းဖက်မှုများကြောင့် တစ်လအတွင်း လူပေါင်း ၁၅၀၀ မှ ၃၀၀၀ ခန့်အထိ သေဆုံးပြီး လူမျိုးသုဉ်းပြုမှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်သုံ့ပန်းသတ်ဖြတ် ကြောင်း စွပ်စွဲမှုများ ပေါ်ပေါက်ခဲ့ပါတယ်။ အင်ဒိုနီးရှားစစ်တပ်ကိုယ်တိုင် ဝင်ရောက်စွက်ဖက်လာတဲ့အခါ ကျူး ကျော်မှုအဖြစ် နိုင်ငံတကာရဲ့ ရှုတ်ချခံရပါတယ်။ ၂၄-နှစ်ကြာမြင့်ပြီးနောက် အင်ဒိုနီးရှားတပ်များ ရုတ်သိမ်း ပေးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကန့်ကွက်သူ မရှိ ဆုံးဖြတ်လိုက်ကြတယ်။ ပဋိပက္ခရပ်တန့်ရေး ကြီးကြပ်ရန်အတွက် ဂျာကာတာရဲံ ခွင့်ပြုချက်နဲ့ သြစတြေးလျဦးဆောင် (INTERFET) တပ်များမှာ အမေရိကန်၊ ဥရောပနိုင်ငံအချို့နဲ့အတူ အာရှတိုက်မှ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ တောင်ကိုရီးယား စသဖြင့် ၂၂-နိုင်ငံတို့လည်း ပါဝင်ခဲ့ပါတယ်။

ဂျိုဆေရာမို့စ်ဟော်တာ (ယခု ၇၅-နှစ်) ဟာ အရှေ့တီမောပြည်တွင်းစစ်ကာလတလျောက် သူ့နိုင်ငံအတွင်းမှာ ရှိမနေခဲ့ပဲ အဝေးရောက်အစိုးရအဖွဲ့ဝင်အဖြစ် ပြည်ပနိုင်ငံတကာမှာ လှည့်လည်နေခဲ့သူဖြစ်ပါတယ်။ ၁၉၈၈-ခုနှစ်မှာ ဖရီတီလင်အုပ်စုမှ ခွဲထွက်ပြီး သီးခြားပါတီထူထောင်ခဲ့ပါတယ်။ ဒါပေမယ့် အရှေ့တီမော ပြည်တွင်း စစ်ရပ်စဲရေးမှာ ကြိုးပမ်းအားထုတ်သူအဖြစ် တတ်သလစ်ဘုန်းတော်ကြီး “ကာလို့စ်ဖိလီဆီမန်နီဘီလို” နဲ့တူ ၁၉၉၆-ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ပူးတွဲရရှိခဲ့ပါတယ်။
ဟန်ဂေရီဂျူးနွယ်ဖွား ဘီလီယံနာသူဌေးကြီး ဂျော့ဆိုးရော့စ်မှာ ကမ္ဘာ့စီးပွားရေးနဲ့ နိုင်ငံရေးကို လျှို့ဝှက်စွာကြိုး ကိုင်သူအဖြစ် ဆယ်စုနှစ် ၂-စုကြာရှု့မြင်ခံခဲ့ရသူဖြစ်ပါတယ်။ အမေရိကန်အစိုးရလူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာဖွံ့ဖြိုးမှု အကူအညီပေးရေးအေဂျင်စီ USAID အပေါ် ဂျော့ဆိုးရော့စ်က လွှမ်းမိုးမှုရှိကြောင်း စွပ်စွဲ ခဲ့ပေမယ့် ခိုင်မာတဲ့ အထောက်အထား ပြသနိုင်ခြင်း မရှိခဲ့ပါဘူး၊ အလားတူ ဘီယီယံနာသူဋ္ဌေးကြီးနဲ့ အရှေ့ တီမောခေါင်းဆောင်တို့အကြား ဆက်စပ်မှု ရှိတယ်ဆိုခြင်းမှာလည်း သက်သေပြရန် လိုအပ်နေဆဲဖြစ်ပါတယ်။
#HtayOung #OungMarine

Zawgyi Version:
အေရွ႕ေတာင္အာရွ၏ အဆင္းရဲဆုံးတိုင္းျပည္က တ႐ုတ္ကို ေဘးခ်ိတ္မည္ဟု ဆို
Htay Oung (NP News) - ေဖေဖာ္ဝါရီ ၇

အေရွ႕တီေမာႏိုင္ငံဟာ တ႐ုတ္ကုမၸဏီမ်ားထက္ လက္ရွိ ၾသစေၾတးလ်-ဂ်ပန္ကုမၸဏီမ်ားနဲ႔ ပူးေပါင္းေဆာင္ ႐ြက္ရတာကို ပိုမိုႏွစ္တယ္လို႔ အေရွ႕ေတာင္အာရွရဲ႕ အဆင္းရဲဆုံးတိုင္းျပည္ သမၼတျဖစ္သူ ဂ်ိဳေဆ ရာမို႔စ္ေဟာ္ တာက ေျပာဆိုပါတယ္။ ႏိုင္ငံပိုင္ “ဂရိတ္တား ဆန္း႐ိုက္စ္” သဘာဝဓာတ္ေငြ႕လုပ္ကြက္ကို စီးပြားျဖစ္ေဆာင္ ႐ြက္ရန္အတြက္ တ႐ုတ္နဲ႔ ကူဝိတ္တို႔လို မိတ္ဖက္သစ္မ်ားနဲ႔ ပူးေပါင္းေဆာင္႐ြက္ေတာ့မလိုလို ေျပာဆိုခဲ့တဲ့ ရာမို႔စ္ေဟာ္တာက ေနာက္ဆုံး ၾသစေၾတးလ်ေတြနဲ႔ အလုပ္လုပ္မွာျဖစ္ေၾကာင္း သူ႔ရဲ႕ ဦးစားေပးမႈကို ပထမဆုံး အႀကိမ္ အမ်ားသူငွာ ထုတ္ေဖာ္ေျပာဆိုျခင္းျဖစ္တယ္လို႔ “ေဆာက္သ္ခ်ိဳင္းနား ေမာနင္းပို႔စ္” က ၂ဝ၂၅ ခုႏွစ္ ေဖေဖာ္ဝါရီ ၆ ရက္က ေရးသားပါတယ္။
ဆန္း႐ိုက္စ္ သဘာဝဓာတ္ေငြ႕လုပ္ကြက္ဟာ ဓာတ္ေငြ႕သိုေလွာင္မႈ ၅.၁ ထရီလီယံ ကုဗေပ (၁၄၄.၄ ဘီလီယံ ကုဗမီတာ) ရွိတဲ့အတြက္ အေရွ႕ေတာင္အာရွတြင္သာမက ႏိုင္ငံတကာအဆင့္မွာပါ အလြန္ႀကီးမားတဲ့ သယံ ဇာတ ပိုင္ဆိုင္မႈလို႔ သတ္မွတ္ႏိုင္ပါတယ္။ ႐ုရွား ၁၆၈၈ ထရီလီယံကုဗမီတာ၊ အီရန္ ၁၂၀၀၊ ကာတာႏိုင္ငံ ၈၇၀ ထရီလီယံကုဗမီတာ အသီးသီးတို႔နဲ႔ ယွဥ္လွ်င္ အေရွ႕တီေမာရဲ႕ သဘာဝဓါတ္ေငြ႕ပိုင္ဆိုင္မႈဟာ အလြန္စိတ္ဝင္စား စရာ ေကာင္းပါတယ္။

အဲ့ဒီသဘာဝဓါတ္ေငြ႕လုပ္ကြက္ကို စီးပြားျဖစ္ ေဆာင္႐ြက္မယ္ဆိုရင္ အေရွ႕တီေမာအတြက္ ႏွစ္စဥ္ ေဒၚလာေငြ ဘီလီယံ ခ်ီရရွိႏိုင္ယုံမက ႏိုင္ငံတကာအဆင့္မွာလည္း ပိုမိုအေရးပါလာႏိုင္ပါတယ္။ ဒါေပမယ္ ေပက်င္းလို မိတ္ ဖက္သစ္မ်ားနဲ႔ ပူးေပါင္းေဆာင္႐ြက္ခဲ့လွ်င္ ေဒသတြင္း တ႐ုတ္ၾသဇာလႊမ္းမိုးကို အိမ္နီးခ်င္း ၾသစေၾတးလ် အေန နဲ႔ စိုးရိမ္စရာပဲျဖစ္ပါတယ္။
တ႐ုတ္အစိုးရပိုင္ “စီႏိုပက္” တို႔လို ေပက်င္းနဲ႔ ကူဝိတ္ကုမၸဏီမ်ားရဲ႕ ခ်ဥ္းကပ္မႈကို ယတိျပတ္အေျဖမေပးပဲ အခ်ိန္ဆြဲထားခဲ့ေၾကာင္း၊ ၾသစေၾတးလ် ပါတနာမ်ားနဲ႔ ပူးေပါင္းေဆာင္႐ြက္ရန္ ကတိကဝတ္ရွိေနလို႔ ျဖစ္ေၾကာင္း အေရွ႕တီေမာသမၼတက ေျပာပါတယ္။ အေရွ႕တီေမာ ၿမိဳ႕ေတာ္ ဒီလီမွ အင္ဒိုနီးရွားႏိုင္ငံ ဘာလီကြၽန္းကို ထြက္ခြာ မယ့္ တနဂၤေႏြေန႔ ေလေၾကာင္းခရီးစဥ္မွာ သတင္းေထာက္မ်ားရဲ႕ေမးခြန္းကို ရာမို႔စ္ေဟာ္တာက ေျဖဆိုျခင္းျဖစ္ပါ တယ္။
တီေမာကြၽန္းေတာင္ဘက္ ၈၇ မိုင္ အကြာမွာ တည္ရွိတဲ့ အဲ့ဒီဓာတ္ေငြ႕လုပ္ကြက္ကို ရာမို႔စ္ေဟာ္တာအစိုးရရဲ႕ “ တီေမာဂက္ပ္” က ၅၆.၆ ရာခိုင္ႏႈန္း ၊ ၾသစေၾတးလ် “ဝုဒ္ဆိုက္ကုမၸဏီက” ၃၃.၄ ရာခိုင္ႏႈန္းနဲ႔ ဂ်ပန္ႏိုင္ငံ “အို ဆာကာဂတ္စ္” က ၁၀ ရာခိုင္ႏႈန္းစီ အသီးသီး ပိုင္ဆိုင္ၾကပါတယ္။
“ဒီမိုကရက္တစ္ တီေမာလက္စ္တီ သမၼတႏိုင္ငံ” လို႔ ေခၚတဲ့ အေရွ႕တီေမာႏိုင္ငံဟာ ၂၀၂၃-ခုႏွစ္ လူဦးေရ ၁.၃ သန္းသာရွိၿပီး ျမန္မာႏိုင္ငံ ကယားျပည္နယ္ထက္ အနည္းငယ္က်ယ္ဝန္းပါတယ္။ ကိုယ္ပိုင္ယဥ္ေက်းမႈ၊ ဘာ သာစကားနဲ႔ ဓေလ့ထုံးတမ္း ကြဲျပားတဲ့ လူမ်ိဳးစု ၃၀ ခန႔္ ေနထိုင္ၿပီး ခရစ္ယာန္ဘာသာဝင္ ၉၉.၅% ရွိပါတယ္။ ၾသစေၾတးလ်ဟာ တီေမာပင္လယ္နဲ႔ ပိုင္းျခားထားတဲ့ ေတာင္ပိုင္းအိမ္နီးခ်င္းျဖစ္ပါတယ္။
ပစိဖိတ္သမုဒၵရာ အေနာက္ေတာင္ဘက္ တီေမာကြၽန္းႀကီးရဲံ အေရွ႕ပိုင္းဟာ ၁၆-ရာႏွစ္ကတည္းက ေပၚတူဂီ ကိုလိုနီျဖစ္ခဲ့ပါတယ္။ ၁၉၇၅-ခုႏွစ္ ေပၚတူဂီတို႔ ဆုတ္ခြာျခင္းနဲ႔အတူ အင္ဒိုနီးရွား ေလ့က်င့္လက္နက္တပ္ ဆင္ေပးတဲ့ UDT တပ္မ်ားနဲ႔ လက္ဝဲယိမ္း “ဖရီတီလင္” အုပ္စုတို႔အၾကား တီေမာသားခ်င္း စစ္ခင္းၾကျခင္းမွ ျပည္တြင္းစစ္ စတင္ပါတယ္။ ေက်း႐ြာမ်ားမွာ လက္နက္ကိုင္အၾကမ္းဖက္မႈမ်ားေၾကာင့္ တစ္လအတြင္း လူေပါင္း ၁၅၀၀ မွ ၃၀၀၀ ခန႔္အထိ ေသဆုံးၿပီး လူမ်ိဳးသုဥ္းျပဳမႈ၊ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ၊ စစ္သုံ႔ပန္းသတ္ျဖတ္ ေၾကာင္း စြပ္စြဲမႈမ်ား ေပၚေပါက္ခဲ့ပါတယ္။ အင္ဒိုနီးရွားစစ္တပ္ကိုယ္တိုင္ ဝင္ေရာက္စြက္ဖက္လာတဲ့အခါ က်ဴး ေက်ာ္မႈအျဖစ္ ႏိုင္ငံတကာရဲ႕ ရႈတ္ခ်ခံရပါတယ္။ ၂၄-ႏွစ္ၾကာျမင့္ၿပီးေနာက္ အင္ဒိုနီးရွားတပ္မ်ား ႐ုတ္သိမ္း ေပးရန္ ကုလသမဂၢ လုံၿခဳံေရးေကာင္စီက ကန႔္ကြက္သူ မရွိ ဆုံးျဖတ္လိုက္ၾကတယ္။ ပဋိပကၡရပ္တန႔္ေရး ႀကီးၾကပ္ရန္အတြက္ ဂ်ာကာတာရဲံ ခြင့္ျပဳခ်က္နဲ႔ ၾသစေၾတးလ်ဦးေဆာင္ (INTERFET) တပ္မ်ားမွာ အေမရိကန္၊ ဥေရာပႏိုင္ငံအခ်ိဳ႕နဲ႔အတူ အာရွတိုက္မွ ဘဂၤလားေဒ့ရွ္၊ ထိုင္း၊ မေလးရွား၊ ဖိလစ္ပိုင္၊ စကၤာပူ၊ ေတာင္ကိုရီးယား စသျဖင့္ ၂၂-ႏိုင္ငံတို႔လည္း ပါဝင္ခဲ့ပါတယ္။

ဂ်ိဳေဆရာမို႔စ္ေဟာ္တာ (ယခု ၇၅-ႏွစ္) ဟာ အေရွ႕တီေမာျပည္တြင္းစစ္ကာလတေလ်ာက္ သူ႔ႏိုင္ငံအတြင္းမွာ ရွိမေနခဲ့ပဲ အေဝးေရာက္အစိုးရအဖြဲ႕ဝင္အျဖစ္ ျပည္ပႏိုင္ငံတကာမွာ လွည့္လည္ေနခဲ့သူျဖစ္ပါတယ္။ ၁၉၈၈-ခုႏွစ္မွာ ဖရီတီလင္အုပ္စုမွ ခြဲထြက္ၿပီး သီးျခားပါတီထူေထာင္ခဲ့ပါတယ္။ ဒါေပမယ့္ အေရွ႕တီေမာ ျပည္တြင္း စစ္ရပ္စဲေရးမွာ ႀကိဳးပမ္းအားထုတ္သူအျဖစ္ တတ္သလစ္ဘုန္းေတာ္ႀကီး “ကာလို႔စ္ဖိလီဆီမန္နီဘီလို” နဲ႔တူ ၁၉၉၆-ခုႏွစ္ ၿငိမ္းခ်မ္းေရးႏိုဘယ္ဆုကို ပူးတြဲရရွိခဲ့ပါတယ္။
ဟန္ေဂရီဂ်ဴးႏြယ္ဖြား ဘီလီယံနာသူေဌးႀကီး ေဂ်ာ့ဆိုးေရာ့စ္မွာ ကမာၻ႔စီးပြားေရးနဲ႔ ႏိုင္ငံေရးကို လွ်ိဳ႕ဝွက္စြာႀကိဳး ကိုင္သူအျဖစ္ ဆယ္စုႏွစ္ ၂-စုၾကာရႈ႕ျမင္ခံခဲ့ရသူျဖစ္ပါတယ္။ အေမရိကန္အစိုးရလူသားခ်င္းစာနာမႈဆိုင္ရာ ႏိုင္ငံတကာဖြံ႕ၿဖိဳးမႈ အကူအညီေပးေရးေအဂ်င္စီ USAID အေပၚ ေဂ်ာ့ဆိုးေရာ့စ္က လႊမ္းမိုးမႈရွိေၾကာင္း စြပ္စြဲ ခဲ့ေပမယ့္ ခိုင္မာတဲ့ အေထာက္အထား ျပသႏိုင္ျခင္း မရွိခဲ့ပါဘူး၊ အလားတူ ဘီယီယံနာသူေ႒းႀကီးနဲ႔ အေရွ႕ တီေမာေခါင္းေဆာင္တို႔အၾကား ဆက္စပ္မႈ ရွိတယ္ဆိုျခင္းမွာလည္း သက္ေသျပရန္ လိုအပ္ေနဆဲျဖစ္ပါတယ္။
#HtayOung #OungMarine

Related news

© 2021. All rights reserved.