ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် (၆) မြို့နယ်မှာ မနက်ဖြန် လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်မယ်

 1683

NP News - ဖေ‌ဖော်ဝါရီ ၇

ဖေဖော်ဝါရီ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် (၆) မြို့နယ်မှာ လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်မည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဖေဖော်ဝါရီ (၇) ရက် နေ့လယ်တွင် အသိပေးထုတ်ပြန်လိုက်ကြောင်း သိရသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ စီမံရေးဌာနမှ မြေအောက်ဓာတ်ကြိုးဌာနခွဲ၏ 66kV ကျိုက္ကဆံ (၂) ဓာတ်အားလိုင်းသစ်ကို ဓာတ်အားလွှတ်တဲ့လုပ်ငန်း ဆောင်ရွက်မည်ဖြစ်သောကြောင့် မလွတ်ကင်းသော သစ်ပင်၊သစ်ကိုင်းတွေ ခုတ်ထွင်ရှင်းလင်းခြင်းများ ၊Insulator တွေ အစားထိုး လဲလှယ်ခြင်းလုပ်ငန်းများ နှင့် မြေအောက်ဓာတ်ကြိုးများ ဆက်သွယ်တပ်ဆင်ခြင်းလုပ်ငန်းများလုပ်ဆောင်သွားမည်ဖြစ်သည်။

ထို့ကြောင့်လွတ်ကင်းမှုမရှိသည့် 66kV သာကေတ - ကျိုက္ကဆံ ၊ 66kV သာကေတ - ပုသိမ်ညွန့်၊ 66kV သာကေတ - တာမွေဈေး၊ 66kV သာကေတ - ဒဂုံအရှေ့(၂) ဖီဒါများအား ဖေဖော်ဝါရီ ၈ရက် ၊ မနက်(၁၀:၀၀) နာရီ မှနေ့လည် (၁၄:၀၀)နာရီအချိန်ထိ ဓာတ်အားပိတ်ကာ လုပ်ငန်များ လုပ်ဆောင်သွားမည်ဟု သိရသည်။
အဆိုပါ လုပ်ငန်းစဉ်များ ၊ လုပ်ဆောင်စဉ်အချိန်အတွင်း သင်္ဃန်းကျွန်းမြို့နယ်၊ တောင်ဥက္ကလာပ မြို့နယ်၊ ရန်ကင်းမြို့နယ်၊ တာမွေမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့်ဗဟန်းမြို့နယ်များရှိ ရပ်ကွက်နေရာတချို့တွင် ယာယီဓာတ်အားပြတ်တောက်မှုများရှိမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်အားပြတ်တောက်ချိန် မကြာမြင့်စေရန်နှင့် ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရန်အတွက် အလေးထားဆောင်ရွက်ပေးသွားမည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ထုတ်ပြန်ထားသည်။

Zawgyi Version:
ရန္ကုန္တိုင္းေဒသႀကီးရွိ ၿမိဳ႕နယ္ (၆) ၿမိဳ႕နယ္မွာ မနက္ျဖန္ လွ်ပ္စစ္ဓာတ္အား ယာယီျပတ္ေတာက္မယ္
NP News - ေဖ‌ေဖာ္ဝါရီ ၇

ေဖေဖာ္ဝါရီ ၈ ရက္တြင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ၿမိဳ႕နယ္ (၆) ၿမိဳ႕နယ္မွာ လွ်ပ္စစ္ဓာတ္အား ယာယီျပတ္ေတာက္မည္ဟု ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္းမွ ေဖေဖာ္ဝါရီ (၇) ရက္ ေန႔လယ္တြင္ အသိေပးထုတ္ျပန္လိုက္ေၾကာင္း သိရသည္။

ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္း၊ စီမံေရးဌာနမွ ေျမေအာက္ဓာတ္ႀကိဳးဌာနခြဲ၏ 66kV က်ိဳကၠဆံ (၂) ဓာတ္အားလိုင္းသစ္ကို ဓာတ္အားလႊတ္တဲ့လုပ္ငန္း ေဆာင္႐ြက္မည္ျဖစ္ေသာေၾကာင့္ မလြတ္ကင္းေသာ သစ္ပင္၊သစ္ကိုင္းေတြ ခုတ္ထြင္ရွင္းလင္းျခင္းမ်ား ၊Insulator ေတြ အစားထိုး လဲလွယ္ျခင္းလုပ္ငန္းမ်ား ႏွင့္ ေျမေအာက္ဓာတ္ႀကိဳးမ်ား ဆက္သြယ္တပ္ဆင္ျခင္းလုပ္ငန္းမ်ားလုပ္ေဆာင္သြားမည္ျဖစ္သည္။

ထို႔ေၾကာင့္လြတ္ကင္းမႈမရွိသည့္ 66kV သာေကတ - က်ိဳကၠဆံ ၊ 66kV သာေကတ - ပုသိမ္ၫြန႔္၊ 66kV သာေကတ - တာေမြေဈး၊ 66kV သာေကတ - ဒဂုံအေရွ႕(၂) ဖီဒါမ်ားအား ေဖေဖာ္ဝါရီ ၈ရက္ ၊ မနက္(၁၀:၀၀) နာရီ မွေန႔လည္ (၁၄:၀၀)နာရီအခ်ိန္ထိ ဓာတ္အားပိတ္ကာ လုပ္ငန္မ်ား လုပ္ေဆာင္သြားမည္ဟု သိရသည္။
အဆိုပါ လုပ္ငန္းစဥ္မ်ား ၊ လုပ္ေဆာင္စဥ္အခ်ိန္အတြင္း သဃၤန္းကြၽန္းၿမိဳ႕နယ္၊ ေတာင္ဥကၠလာပ ၿမိဳ႕နယ္၊ ရန္ကင္းၿမိဳ႕နယ္၊ တာေမြၿမိဳ႕နယ္၊ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ႏွင့္ဗဟန္းၿမိဳ႕နယ္မ်ားရွိ ရပ္ကြက္ေနရာတခ်ိဳ႕တြင္ ယာယီဓာတ္အားျပတ္ေတာက္မႈမ်ားရွိမည္ျဖစ္ေၾကာင္း သိရသည္။
ဓာတ္အားျပတ္ေတာက္ခ်ိန္ မၾကာျမင့္ေစရန္ႏွင့္ ဓာတ္အားျပတ္ဧရိယာ ေလ်ာ့နည္းေစရန္အတြက္ အေလးထားေဆာင္႐ြက္ေပးသြားမည္ဟု ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္းမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.