နျူကလီးယားစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်ရန်အတွက် မြန်မာ-ရုရှားနှစ်နိုင်ငံ ဒုတိယအကြိမ်အစည်းအဝေးပြုလုပ်

 42

NP News - ဖေဖော်ဝါရီ ၈

နျူကလီးယားစွမ်းအင်ဖြင့် လျှပ်စစ်ဓတ်အားထုတ်နိုင်ရန်အတွက် မြန်မာ-ရုရှားနှစ်နိုင်ငံ တာဝန်ရှိသူများ ဒုတိယ အကြိမ်အစည်းအဝေးပြုလုပ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါအစည်းအဝေးကို ဖေဖော်ဝါရီလ ၆ ရက်က Hybrid စနစ်ဖြင့်ကျင်းပရာ ကော်မတီပူးတွဲဥက္ကဋ္ဌများဖြစ်ကြ သည့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင်အဏုမြူ စွမ်းအင်ကော်ပိုရေးရှင်းအေဂျင်စီ (ROSATOM) ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Nikolay Spassky တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ကြကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့သို့ ကျင်းပခဲ့ရာ အစည်းအဝေးတွင် နှစ်နိုင်ငံအကြားရေးထိုးပြီး MoU အကောင်အထည်ဖော်ဆောင်ရွက်မှု၊ နျူကလီးယားစွမ်းအင်ဆိုင်ရာ ဥပဒေမူဘောင်နှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နျူကလီး ယားနည်းပညာရှင်များ ဖွံ့ဖြိုးတိုးတက်ရေးများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် နိုင်ငံရေရှည်ဖွံ့ဖြိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွား သာယာဝပြောရေး အထောက်အကူပြု သိပ္ပံနှင့် နျူကလီးယားနည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုမှု နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွးခဲ့ကြပြီး ဆွေးနွေးချက်များ ကို မှတ်တမ်းတင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါအစည်းအဝေးကို မြန်မာနိုင်ငံဘက်မှ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအပြင် ကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာန များဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာနတို့က တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင် ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ က In person ဖြင့် တက်ရောက်ကြပြီး ROSATOM မှ တာဝန်ရှိသူများကလည်း ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
ယခုကာလတွင် တစ်ရက်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား (၂၂ဝဝ) မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ပြီး ထုတ်လုပ်နိုင်မှု၏ (၅၀ ရာခိုင်နှုန်း) ခန့်ကိုသာ ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်လျက်ရှိကြောင်း လျှပ်စစ်ဝန်ကြီးဌာန၏ ဇန်နဝါရီလ ၆ရက်က အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ပုံစာ -ရုရှား၏ နျူကလီးဓာတ်အားပေးစက်ရုံ

Zawgyi Version:
န်ဴကလီးယားစြမ္းအင္ျဖင့္ လွ်ပ္စစ္ဓာတ္အားထုတ္ရန္အတြက္ ျမန္မာ-႐ုရွားႏွစ္ႏိုင္ငံ ဒုတိယအႀကိမ္အစည္းအေဝးျပဳလုပ္
NP News - ေဖေဖာ္ဝါရီ ၈

န်ဴကလီးယားစြမ္းအင္ျဖင့္ လွ်ပ္စစ္ဓတ္အားထုတ္ႏိုင္ရန္အတြက္ ျမန္မာ-႐ုရွားႏွစ္ႏိုင္ငံ တာဝန္ရွိသူမ်ား ဒုတိယ အႀကိမ္အစည္းအေဝးျပဳလုပ္ခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီသတင္းအဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါအစည္းအေဝးကို ေဖေဖာ္ဝါရီလ ၆ ရက္က Hybrid စနစ္ျဖင့္က်င္းပရာ ေကာ္မတီပူးတြဲဥကၠ႒မ်ားျဖစ္ၾက သည့္ သိပၸံႏွင့္နည္းပညာဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ေဒါက္တာေအာင္ေဇယ်ႏွင့္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ႏိုင္ငံပိုင္အဏုျမဴ စြမ္းအင္ေကာ္ပိုေရးရွင္းေအဂ်င္စီ (ROSATOM) ၏ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ Mr. Nikolay Spassky တို႔က ပူးတြဲသဘာပတိမ်ားအျဖစ္ ေဆာင္႐ြက္ၾကေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔သို႔ က်င္းပခဲ့ရာ အစည္းအေဝးတြင္ ႏွစ္ႏိုင္ငံအၾကားေရးထိုးၿပီး MoU အေကာင္အထည္ေဖာ္ေဆာင္႐ြက္မႈ၊ န်ဴကလီးယားစြမ္းအင္ဆိုင္ရာ ဥပေဒမူေဘာင္ႏွင့္ အေျခခံအေဆာက္အအုံမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ န်ဴကလီး ယားနည္းပညာရွင္မ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးမ်ားကို ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

ထို႔ျပင္ ႏိုင္ငံေရရွည္ဖြံ႕ၿဖိဳးေရးႏွင့္ ျပည္သူမ်ား၏ လူမႈစီးပြား သာယာဝေျပာေရး အေထာက္အကူျပဳ သိပၸံႏွင့္ န်ဴကလီးယားနည္းပညာက႑ ဖြံ႕ၿဖိဳးတိုးတက္ေရးတို႔အတြက္ န်ဴကလီးယားစြမ္းအင္ကို ၿငိမ္းခ်မ္းစြာ အသုံးျပဳမႈ နယ္ပယ္တြင္ ပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာလုပ္ငန္းမ်ားကို ရင္းႏွီးပြင့္လင္းစြာ ေဆြးႏြးခဲ့ၾကၿပီး ေဆြးေႏြးခ်က္မ်ား ကို မွတ္တမ္းတင္ လက္မွတ္ေရးထိုးခဲ့ၾကေၾကာင္း ထုတ္ျပန္ထားသည္။
အဆိုပါအစည္းအေဝးကို ျမန္မာႏိုင္ငံဘက္မွ သိပၸံႏွင့္နည္းပညာဝန္ႀကီးဌာနအျပင္ ေကာ္မတီအဖြဲ႕ဝင္ ဝန္ႀကီးဌာန မ်ားျဖစ္ၾကသည့္ ကာကြယ္ေရးဝန္ႀကီးဌာန၊ ျပည္ထဲေရးဝန္ႀကီးဌာန၊ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာန၊ ႏိုင္ငံျခား ေရးဝန္ႀကီးဌာန၊ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန၊ ဥပေဒေရးရာဝန္ႀကီးဌာနတို႔က တာဝန္ရွိသူမ်ား တက္ေရာက္ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။
ထို႔ျပင္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန၊ လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန၊ စြမ္းအင္ ဝန္ႀကီးဌာန၊ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနႏွင့္ က်န္းမာေရးဝန္ႀကီးဌာနတို႔မွ တာဝန္ရွိသူမ်ား က In person ျဖင့္ တက္ေရာက္ၾကၿပီး ROSATOM မွ တာဝန္ရွိသူမ်ားကလည္း ဗီဒီယိုကြန္ဖရင့္ျဖင့္ တက္ေရာက္ ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံ၏ ပထမဦးဆုံးေသာ န်ဴကလီးယားနည္းပညာသတင္းအခ်က္အလက္စင္တာကို ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္ၿမိဳ႕နယ္တြင္ ဖြင့္လွစ္ထားရွိေၾကာင္း သိရသည္။
ယခုကာလတြင္ တစ္ရက္လွ်င္ ပ်မ္းမွ်လွ်ပ္စစ္ဓာတ္အား (၂၂ဝဝ) မဂၢါဝပ္ခန႔္သာ ထုတ္လုပ္ႏိုင္ၿပီး ထုတ္လုပ္ႏိုင္မႈ၏ (၅၀ ရာခိုင္ႏႈန္း) ခန႔္ကိုသာ ထုတ္လုပ္ျဖန႔္ျဖဴး ေပးႏိုင္လ်က္ရွိေၾကာင္း လွ်ပ္စစ္ဝန္ႀကီးဌာန၏ ဇန္နဝါရီလ ၆ရက္က အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ပုံစာ -႐ုရွား၏ န်ဴကလီးဓာတ္အားေပးစက္႐ုံ

Related news

© 2021. All rights reserved.