စင်္ကာပူအစိုးရ၏ မြန်မာလုပ်သားအရေးထုတ်ပြန်ချက်က အိမ်အကူအဖြစ် တရားမဝင် သွားရောက်ခြင်းများအပေါ် အကျိုးသက်ရောက်မှုရှိလာနိုင်

44

Pearl (NP News) - ဖေဖော်ဝါရီ ၈
စင်္ကာပူအစိုးရ၏ မြန်မာလုပ်သားအရေးထုတ်ပြန်ချက်သည် အိမ်အကူအဖြစ် တရားမဝင်သွားရောက်ခြင်းများ အပေါ် အကျိုးသက်ရောက်မှုရှိလာနိုင်ကြောင်း ပြည်ပအလုပ်ကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်ကြီးတစ်ဦးက NP News ကို ပြောသည်။
မြန်မာနိုင်ငံတွင် အရေးပေါ်အခြေအနေများကြေညာထားခြင်း၊ စစ်အုပ်ချုပ်ရေးမြို့နယ်များပိုမိုများလာခြင်း နှင့် ခရီးသွားလာရန်အတွက် ကန့်သတ်ချက်များရှိနေခြင်းတို့ကြောင့် မြန်မာလုပ်သားခေါ်ယူရာ၌ ကြန့်ကြာနှောင့်နှေးမှု များရှိနေကြောင်း စင်္ကာပူအစိုးရ၊ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနက အလုပ်အကိုင်အေဂျင်စီများထံ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၄)ရက် တွင် သတိပေးချက်ထုတ်ပြန်ထားသည်။
အဆိုပါထုတ်ပြန်ချက်တွင် အလုပ်အကိုင်အေဂျင်စီများအနေဖြင့် မြန်မာနိုင်ငံ၏အခြေအနေများကို စောင့်ကြည့်ရန် နှင့် စီးပွားရေးလုပ်ငန်းများ ဆက်လည်လည်ပတ်လုပ်ကိုင်နိုင်ရန် အလုပ်သမားများကို အခြားသော အတည်ပြုခွင့် ပြုပေးထားသည့် နိုင်ငံများမှလည်းခေါ်ယူနိုင်ကြောင်း စင်ကာပူအစိုးရက ထည့်သွင်းအကြုံပြုထုတ်ပြန်ထားသည်။
ယင်းကဲ့သို့ထုတ်ပြန်ခြင်းမှာ ပြီးခဲ့သည့်ရက်ပိုင်းက စင်္ကာပူသတင်းဌာနများအထိ ပျံ့နှံ့ခဲ့သော မြန်မာလုပ်သား အချို့၏ပတ်ဝန်းကျင်ကို စိတ်အနှောင့်အယှက်ဖြစ်စေသည့်အပြုအမူများနှင့် သက်ဆိုင်ခြင်းရှိ မရှိကိုမူ ယခုထက် တိုင် အငြင်းပွားနေဆဲဖြစ်ကြောင်း သိရသည်။
"အရင်ကတည်း Demand က ရှားနေရတဲ့ကြားထဲ ထပ်ပြုတ်တဲ့ သဘောပေါ့။ အစတည်းက ထိုင်းက Demand တောင် ယောက်ျားလေး (၁၉ - ၃၅) လုပ်လိုက်တော့ လူကရှား တယ်။ နောက်ပြီး Demand တွေက မလေးရှား ကလည်း ပိတ်ထားတယ်လေ။ နောက် အရှေ့အလယ်ပိုင်းတို့က ထင်သလောက်လည်း ရတာလည်း မဟုတ်ဘူး။ အမှန်ပြောရရင် စင်္ကာပူကလည်း မက်လောက်စရာ Demand မရှိပါဘူး။ သို့သော်လည်း Demand ရမယ့် နိုင်ငံထဲက တစ်နိုင်ငံ နစ်နာသွားတာပေါ့။ စျေးကွက်အရ ပြောရရင် သိပ်ပြီး လွမ်းစရာတော့ မရှိပါဘူး။ စင်္ကာပူက အလုပ်သမားပို့ရတဲ့ နိုင်ငံထဲ သိပ်တော့ မပါဘူး။ ရတဲ့ Demand လည်း စားသောက်ဆိုင်က Waiter၊ Waitress လို၊ Kitchen မှာ ချက်ပြုတ်ရတဲ့ လူလို၊ လက်ဖက်ရည်ဆိုင်က အဖျော်ဆရာတို့လို အဲဒီအဆင့်လောက်ပဲရှိပါတယ်။ Demand တစ်စောင်မှ (၁)ယောက် (၂)ယောက် ပါပဲ။ စက်ရုံက ခေါ်တာမျိုးမှမရှိတာ။ တကယ်ခေါ်တဲ့ ဟာက Construction ပဲရှိတာလေ။ လူများကလေ။ ဒီဟာတွေကလည်း Demand က မရှိသလောက်ပါပဲ။ စက်ရုံ Demand က မရှိပါဘူး” ဟု ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ထိုသို့ ထုတ်ပြန်ခဲ့သော်လည်း စင်္ကာပူနိုင်ငံဘက်မှ မြန်မာအလုပ်သမားခေါ်ယူမှုသည် ယခင်ကတည်းက နည်းပါးခဲ့ ကြောင်း သိရသည်။
“အိမ်ဖော်ကကျ တရားမဝင်ဘူး။ ခိုးသွားတာ။ အိမ်ဖော်တွေသာ တရားဝင် လွှတ်တယ်ဆိုရင်တော့ နစ်နာတာပေါ့။ အခုတော့ အိမ်ဖော်ပါ ထိန်းပြီးသားဖြစ်သွားတာပေါ့။ ဟိုဘက်ကသာ မြန်မာအလုပ်သမားကို မခေါ်ဘူးလို့ အတိအလင်းကြေညာရင်တော့ အိမ်ဖော်တွေလည်း အလည်ပဲသွားပြီး ပြန်လာရမှာပေါ့။ အိမ်အကူအလုပ်အကိုင်နဲ့ သွားတဲ့ မိန်းကလေးတွေတော့ ထွက်ပေါက်တစ်ခုတော့ ပိတ်သွားတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
မြန်မာအလုပ်သမားများအနေဖြင့် စင်္ကာပူနိုင်ငံသို့ တရားဝင်လမ်းကြောင်းများမှတဆင့် သွားရောက်လုပ်ကိုင်နေမှု များရှိ သကဲ့သို့ အိမ်အကူအဖြစ် တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သမားများလည်း အများအပြား ရှိသည်။
Zawgyi Version:
စကၤာပူအစိုးရ၏ ျမန္မာလုပ္သားအေရးထုတ္ျပန္ခ်က္က အိမ္အကူအျဖစ္ တရားမဝင္ သြားေရာက္ျခင္းမ်ားအေပၚ အက်ိဳးသက္ေရာက္မႈရွိလာႏိုင္
Pearl (NP News) - ေဖေဖာ္ဝါရီ ၈
စကၤာပူအစိုးရ၏ ျမန္မာလုပ္သားအေရးထုတ္ျပန္ခ်က္သည္ အိမ္အကူအျဖစ္ တရားမဝင္သြားေရာက္ျခင္းမ်ား အေပၚ အက်ိဳးသက္ေရာက္မႈရွိလာႏိုင္ေၾကာင္း ျပည္ပအလုပ္ကိုင္ဝန္ေဆာင္မႈ လုပ္ငန္းရွင္ႀကီးတစ္ဦးက NP News ကို ေျပာသည္။
ျမန္မာႏိုင္ငံတြင္ အေရးေပၚအေျခအေနမ်ားေၾကညာထားျခင္း၊ စစ္အုပ္ခ်ဳပ္ေရးၿမိဳ႕နယ္မ်ားပိုမိုမ်ားလာျခင္း ႏွင့္ ခရီးသြားလာရန္အတြက္ ကန႔္သတ္ခ်က္မ်ားရွိေနျခင္းတို႔ေၾကာင့္ ျမန္မာလုပ္သားေခၚယူရာ၌ ၾကန႔္ၾကာေႏွာင့္ေႏွးမႈ မ်ားရွိေနေၾကာင္း စကၤာပူအစိုးရ၊ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီးဌာနက အလုပ္အကိုင္ေအဂ်င္စီမ်ားထံ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ (၄)ရက္ တြင္ သတိေပးခ်က္ထုတ္ျပန္ထားသည္။
အဆိုပါထုတ္ျပန္ခ်က္တြင္ အလုပ္အကိုင္ေအဂ်င္စီမ်ားအေနျဖင့္ ျမန္မာႏိုင္ငံ၏အေျခအေနမ်ားကို ေစာင့္ၾကည့္ရန္ ႏွင့္ စီးပြားေရးလုပ္ငန္းမ်ား ဆက္လည္လည္ပတ္လုပ္ကိုင္ႏိုင္ရန္ အလုပ္သမားမ်ားကို အျခားေသာ အတည္ျပဳခြင့္ ျပဳေပးထားသည့္ ႏိုင္ငံမ်ားမွလည္းေခၚယူႏိုင္ေၾကာင္း စင္ကာပူအစိုးရက ထည့္သြင္းအႀကဳံျပဳထုတ္ျပန္ထားသည္။
ယင္းကဲ့သို႔ထုတ္ျပန္ျခင္းမွာ ၿပီးခဲ့သည့္ရက္ပိုင္းက စကၤာပူသတင္းဌာနမ်ားအထိ ပ်ံ႕ႏွံ႔ခဲ့ေသာ ျမန္မာလုပ္သား အခ်ိဳ႕၏ပတ္ဝန္းက်င္ကို စိတ္အေႏွာင့္အယွက္ျဖစ္ေစသည့္အျပဳအမူမ်ားႏွင့္ သက္ဆိုင္ျခင္းရွိ မရွိကိုမူ ယခုထက္ တိုင္ အျငင္းပြားေနဆဲျဖစ္ေၾကာင္း သိရသည္။
"အရင္ကတည္း Demand က ရွားေနရတဲ့ၾကားထဲ ထပ္ျပဳတ္တဲ့ သေဘာေပါ့။ အစတည္းက ထိုင္းက Demand ေတာင္ ေယာက္်ားေလး (၁၉ - ၃၅) လုပ္လိုက္ေတာ့ လူကရွား တယ္။ ေနာက္ၿပီး Demand ေတြက မေလးရွား ကလည္း ပိတ္ထားတယ္ေလ။ ေနာက္ အေရွ႕အလယ္ပိုင္းတို႔က ထင္သေလာက္လည္း ရတာလည္း မဟုတ္ဘူး။ အမွန္ေျပာရရင္ စကၤာပူကလည္း မက္ေလာက္စရာ Demand မရွိပါဘူး။ သို႔ေသာ္လည္း Demand ရမယ့္ ႏိုင္ငံထဲက တစ္ႏိုင္ငံ နစ္နာသြားတာေပါ့။ ေစ်းကြက္အရ ေျပာရရင္ သိပ္ၿပီး လြမ္းစရာေတာ့ မရွိပါဘူး။ စကၤာပူက အလုပ္သမားပို႔ရတဲ့ ႏိုင္ငံထဲ သိပ္ေတာ့ မပါဘူး။ ရတဲ့ Demand လည္း စားေသာက္ဆိုင္က Waiter၊ Waitress လို၊ Kitchen မွာ ခ်က္ျပဳတ္ရတဲ့ လူလို၊ လက္ဖက္ရည္ဆိုင္က အေဖ်ာ္ဆရာတို႔လို အဲဒီအဆင့္ေလာက္ပဲရွိပါတယ္။ Demand တစ္ေစာင္မွ (၁)ေယာက္ (၂)ေယာက္ ပါပဲ။ စက္႐ုံက ေခၚတာမ်ိဳးမွမရွိတာ။ တကယ္ေခၚတဲ့ ဟာက Construction ပဲရွိတာေလ။ လူမ်ားကေလ။ ဒီဟာေတြကလည္း Demand က မရွိသေလာက္ပါပဲ။ စက္႐ုံ Demand က မရွိပါဘူး” ဟု ျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈလုပ္ငန္းရွင္တစ္ဦးက ေျပာသည္။
ထိုသို႔ ထုတ္ျပန္ခဲ့ေသာ္လည္း စကၤာပူႏိုင္ငံဘက္မွ ျမန္မာအလုပ္သမားေခၚယူမႈသည္ ယခင္ကတည္းက နည္းပါးခဲ့ ေၾကာင္း သိရသည္။
“အိမ္ေဖာ္ကက် တရားမဝင္ဘူး။ ခိုးသြားတာ။ အိမ္ေဖာ္ေတြသာ တရားဝင္ လႊတ္တယ္ဆိုရင္ေတာ့ နစ္နာတာေပါ့။ အခုေတာ့ အိမ္ေဖာ္ပါ ထိန္းၿပီးသားျဖစ္သြားတာေပါ့။ ဟိုဘက္ကသာ ျမန္မာအလုပ္သမားကို မေခၚဘူးလို႔ အတိအလင္းေၾကညာရင္ေတာ့ အိမ္ေဖာ္ေတြလည္း အလည္ပဲသြားၿပီး ျပန္လာရမွာေပါ့။ အိမ္အကူအလုပ္အကိုင္နဲ႔ သြားတဲ့ မိန္းကေလးေတြေတာ့ ထြက္ေပါက္တစ္ခုေတာ့ ပိတ္သြားတာေပါ့” ဟု ၎က ဆက္လက္ေျပာသည္။
ျမန္မာအလုပ္သမားမ်ားအေနျဖင့္ စကၤာပူႏိုင္ငံသို႔ တရားဝင္လမ္းေၾကာင္းမ်ားမွတဆင့္ သြားေရာက္လုပ္ကိုင္ေနမႈ မ်ားရွိ သကဲ့သို႔ အိမ္အကူအျဖစ္ တရားမဝင္ သြားေရာက္အလုပ္လုပ္ကိုင္သည့္ ျမန္မာအလုပ္သမားမ်ားလည္း အမ်ားအျပား ရွိသည္။