ဘရာဇီးနိုင်ငံမှာ လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့ပြီး လူ(၂)ဦး သေဆုံး

462

Pika (NP News) - ဖေဖော်ဝါရီ ၈
ဘရာဇီးနိုင်ငံ Sao Paulo မြို့မှာ ဖေဖော်ဝါရီလ(၇)ရက် နံနက်ပိုင်းက ဘတ်စ်ကားတစ်စီးပေါ်ကို လေယာဉ်ငယ် တစ်စီးပျက်ကျခဲ့ရာ လူနှစ်ဦးသေဆုံးခဲ့ပြီး အခြားလူ(၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသဆိုင်ရာ မီးသတ်ဌာန က ပြောကြားခဲ့ပါတယ်။ ဘရာဇီးနိုင်ငံ Sao Paulo မြို့ကနေ Porto Alegre မြို့ကို ထွက်ခွာလာခဲ့တဲ့ Beech F90 King Air လေယာဉ်ရဲ့ကိုယ်ထည်အတွင်းမှာ မီးလောင်ကျွမ်းနေတဲ့ ရုပ်အလောင်းနှစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသတွင်းအာဏာပိုင်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
အဲဒီလေယာဉ်ငယ်ဟာ Marques de Sao Vicente Avenue လမ်းမပေါ်ကို ပျက်ကျခဲ့ပြီးနောက် ဘတ်စ်ကားကို တိုက်မိခဲ့တာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ Sao Paulo မြို့ အုပ်ချုပ်ရေးမှူး Tarcisio de Freitasက “ကံမကောင်းစွာနဲ့ပဲ ဒီဖြစ်ရပ်ဆိုးကို ကျွန်တော်တို့ ကြုံတွေ့ခဲ့ရပါတယ်။ ဒီဖြစ်ရပ်အတွင်း သေဆုံးသွားခဲ့ တဲ့သူတွေက လေယာဉ်မှူးနဲ့ တွဲဖက်လေယာဉ်မှူးတို့ပဲဖြစ်ပါတယ်။ လေယာဉ်ငယ် ပျက်ကျမှုနဲ့အတူ ဖြစ်ပွားခဲ့တဲ့ မီးလောင်ကျွမ်းမှုတွေကို မီးသတ်ဌာနက အမြန်ဆုံးငြိမ်းသတ်နိုင်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
မီးသတ်ဌာနရဲ့အဆိုအရ ဘတ်စ်ကားပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသမီးတစ်ဦးနဲ့ အပျက်အစီးတွေထိမှန်ခဲ့တဲ့ ဆိုင်ကယ်သမားတစ်ဦးတို့ကို ဆေးရုံပို့ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီဖြစ်ရပ်အတွင်း အခြားလူ(၄)ဦး ဟာ ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ထပ်မံပြောကြားခဲ့ပါတယ်။

Zawgyi Version:
ဘရာဇီးႏိုင္ငံမွာ ေလယာဥ္ငယ္တစ္စီး ပ်က္က်ခဲ့ၿပီး လူ(၂)ဦး ေသဆုံး
Pika (NP News) - ေဖေဖာ္ဝါရီ ၈
ဘရာဇီးႏိုင္ငံ Sao Paulo ၿမိဳ႕မွာ ေဖေဖာ္ဝါရီလ(၇)ရက္ နံနက္ပိုင္းက ဘတ္စ္ကားတစ္စီးေပၚကို ေလယာဥ္ငယ္ တစ္စီးပ်က္က်ခဲ့ရာ လူႏွစ္ဦးေသဆုံးခဲ့ၿပီး အျခားလူ(၆)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ေဒသဆိုင္ရာ မီးသတ္ဌာန က ေျပာၾကားခဲ့ပါတယ္။ ဘရာဇီးႏိုင္ငံ Sao Paulo ၿမိဳ႕ကေန Porto Alegre ၿမိဳ႕ကို ထြက္ခြာလာခဲ့တဲ့ Beech F90 King Air ေလယာဥ္ရဲ႕ကိုယ္ထည္အတြင္းမွာ မီးေလာင္ကြၽမ္းေနတဲ့ ႐ုပ္အေလာင္းႏွစ္ခုကို ရွာေဖြေတြ႕ရွိခဲ့တယ္လို႔ ေဒသတြင္းအာဏာပိုင္ေတြရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။
အဲဒီေလယာဥ္ငယ္ဟာ Marques de Sao Vicente Avenue လမ္းမေပၚကို ပ်က္က်ခဲ့ၿပီးေနာက္ ဘတ္စ္ကားကို တိုက္မိခဲ့တာျဖစ္တယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။ Sao Paulo ၿမိဳ႕ အုပ္ခ်ဳပ္ေရးမႉး Tarcisio de Freitasက “ကံမေကာင္းစြာနဲ႔ပဲ ဒီျဖစ္ရပ္ဆိုးကို ကြၽန္ေတာ္တို႔ ႀကဳံေတြ႕ခဲ့ရပါတယ္။ ဒီျဖစ္ရပ္အတြင္း ေသဆုံးသြားခဲ့ တဲ့သူေတြက ေလယာဥ္မႉးနဲ႔ တြဲဖက္ေလယာဥ္မႉးတို႔ပဲျဖစ္ပါတယ္။ ေလယာဥ္ငယ္ ပ်က္က်မႈနဲ႔အတူ ျဖစ္ပြားခဲ့တဲ့ မီးေလာင္ကြၽမ္းမႈေတြကို မီးသတ္ဌာနက အျမန္ဆုံးၿငိမ္းသတ္ႏိုင္ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
မီးသတ္ဌာနရဲ႕အဆိုအရ ဘတ္စ္ကားေပၚမွာ လိုက္ပါလာတဲ့ အမ်ိဳးသမီးတစ္ဦးနဲ႔ အပ်က္အစီးေတြထိမွန္ခဲ့တဲ့ ဆိုင္ကယ္သမားတစ္ဦးတို႔ကို ေဆး႐ုံပို႔ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။ အဲဒီျဖစ္ရပ္အတြင္း အျခားလူ(၄)ဦး ဟာ ထိခိုက္ဒဏ္ရာ အနည္းငယ္သာ ရရွိခဲ့တယ္လို႔ အာဏာပိုင္ေတြက ထပ္မံေျပာၾကားခဲ့ပါတယ္။