အွန်လိုင်းလိမ်လည်ဂိုဏ်းများကို ပိုမိုပူးပေါင်းဖြိုခွင်းမည်ဟု တရုတ်သမ္မတနှင့် ထိုင်းဝန်ကြီးချုပ် သဘောတူ

57

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၈
တရုတ်သမ္မတရှီကျင့်ဖျင့်သည် တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားနေသည့် အွန်လိုင်းမှတစ်ဆင့် လိမ်လည်နေ သည့်ဂိုဏ်းများကို ဖြိုခွင်းခဲ့ခြင်းနှင့်ပတ်သက်ပြီး ထိုင်းအစိုးရကို ချီးကျူးပြောဆိုလိုက်ကြောင်း သိရသည်။ တရုတ် သမ္မတသည် ဖေဖော်ဝါရီ (၇)ရက်တွင် ထိုင်းဝန်ကြီးချုပ် ပေထုံတန်ရှင်နာဝါထ ရာနှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ချီးကျူးပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
ထိုင်းနှင့်မြန်မာနိုင်ငံ နယ်စပ်ဒေသတွင်ရှိနေသော အွန်လိုင်းမှတစ်ဆင့်လိမ်နေသောဂိုဏ်းများသည် တရုတ် နိုင်ငံသားများကို အဓိကပစ်မှတ်ထားကာ လိမ်လည်မှုများကျူးလွန်နေကြောင်း သိရသည်။ တရုတ်သမ္မတက ‘အွန်လိုင်းတွေ၊ ဖုန်းတွေကို အသုံးပြုပြီး အွန်လိုင်းလိမ်လည်မှုတွေနဲ့ လောင်းကစားလုပ်ငန်းတွေကို ပစ်မှတ်ထား လုပ်ကိုင်ခဲ့တဲ့ ထိုင်းအစိုးရရဲ့တင်းကြပ်တဲ့အစီအမံတွေကို ချီးကျူးပါတယ်။ တရုတ်နဲ့ ထိုင်းနိုင်ငံကြား တရားရေး၊ ဥပဒေပြုရေးနဲ့ လုံခြုံရေးကိစ္စတွေကို ပိုမိုပူးပေါင်းဆောင်ရွက်မယ်။ တရုတ်နဲ့ထိုင်းနိုင်ငံတို့ရှိ ပြည်သူတွရဲ့အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးဖို့ ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်မယ်’ဟု ပြောသည်။ မြန်မာနိုင်ငံတွင် အခြေစိုက် ထားပြီး တရုတ်နိုင်ငံသားများ အဓိကထားလုပ်ကိုင်နေသည့် အွန်လိုင်းလိမ်လည်မှုဂိုဏ်းများလက်ထဲမှ လူပေါင်း (၆၁)ဦးကို ပြီးခဲ့သောရက်ပိုင်းတွင် ပြန်လည်ကယ်ထုတ်နိုင်ခဲ့ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။ ပြန်လည်ကယ်ထုတ်ခဲ့သော (၆၁)ဦးထဲတွင် တရုတ်နိုင်ငံသား(၃၄)ဦး ပါဝင်ခဲ့ကြောင်း သိရသည်။
ထိုင်းဝန်ကြီးချုပ်က ‘ထိုင်းနိုင်ငံကို ဖြတ်သန်းပြီး လုပ်ကိုင်နေတဲ့ ရာဇဝတ်မှုလုပ်ငန်းတွေကို တိုက်ဖျက်ဖို့ တရုတ် နိုင်ငံ နဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ကိုင်မှာပါ။ အဲဒီအွန်လိုင်းအသုံးပြုကာ လိမ်လည်နေတဲ့ဂိုဏ်းတွေရဲ့ ခြိမ်းခြောက်မှုကိုအကောင်းဆုံးပုံစံမျိုးနဲ့တုံ့ပြန်မယ်။ အဲဒီအွန်လိုင်း အသုံးပြုကာ လိမ်လည်နေတဲ့ ဂိုဏ်းတွေဟာ ထိုင်းနိုင်ငံရဲ့နိုင်ငံလုံခြုံရေးပြဿနာဖြစ်တယ်}ဟု ပြောသည်။
ထိုင်းအစိုးရသည် အွန်လိုင်းမှလိမ်လည် နေသည့်ဂိုဏ်းများအခြေပြုနေသည်ဟုဆိုသော မြန်မာနိုင်ငံရှိနေ ရာ ငါးခုကို လျှပ်စစ်မီးပေးပို့နေခြင်းကို ရပ်တန့်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံကြား အခြေပြု လှုပ်ရှားနေသော အွန်လိုင်းအသုံးပြု ကာလိမ်လည်နေသောဂိုဏ်းများ၏ ပြန်ပေးဆွဲမှု၊ ဖမ်းဆီးမှုများကြောင့် ထိုင်းနိုင်ငံသို့ တရုတ်ခရီးသွားများလာရောက်မှုများစွာ ကျဆင်းခဲ့ကြောင်း သိရသည်။ ထိုင်း နှင့် တရုတ်နိုင်ငံတို့သည် လက်ရှိအချိန်တွင် အွန်လိုင်းအသုံးပြုကာလိမ်လည်နေသော ဂိုဏ်းများ ကိုဖြိုခွင်းရန်အတွက် မြန်မာနိုင်ငံနှင့်လည်း ပူးပေါင်းဆောင်ရွက်မည်ဟု ပြောဆိုထားသည်။
Zawgyi Version:
အြန္လိုင္းလိမ္လည္ဂိုဏ္းမ်ားကို ပိုမိုပူးေပါင္းၿဖိဳခြင္းမည္ဟု တ႐ုတ္သမၼတႏွင့္ ထိုင္းဝန္ႀကီးခ်ဳပ္ သေဘာတူ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၈
တ႐ုတ္သမၼတရွီက်င့္ဖ်င့္သည္ တ႐ုတ္ႏိုင္ငံသားမ်ားကို ပစ္မွတ္ထားေနသည့္ အြန္လိုင္းမွတစ္ဆင့္ လိမ္လည္ေန သည့္ဂိုဏ္းမ်ားကို ၿဖိဳခြင္းခဲ့ျခင္းႏွင့္ပတ္သက္ၿပီး ထိုင္းအစိုးရကို ခ်ီးက်ဴးေျပာဆိုလိုက္ေၾကာင္း သိရသည္။ တ႐ုတ္ သမၼတသည္ ေဖေဖာ္ဝါရီ (၇)ရက္တြင္ ထိုင္းဝန္ႀကီးခ်ဳပ္ ေပထုံတန္ရွင္နာဝါထ ရာႏွင့္ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ ခ်ီးက်ဴးေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း ထိုင္းသတင္းမ်ားတြင္ ေဖာ္ျပထားသည္။
ထိုင္းႏွင့္ျမန္မာႏိုင္ငံ နယ္စပ္ေဒသတြင္ရွိေနေသာ အြန္လိုင္းမွတစ္ဆင့္လိမ္ေနေသာဂိုဏ္းမ်ားသည္ တ႐ုတ္ ႏိုင္ငံသားမ်ားကို အဓိကပစ္မွတ္ထားကာ လိမ္လည္မႈမ်ားက်ဴးလြန္ေနေၾကာင္း သိရသည္။ တ႐ုတ္သမၼတက ‘အြန္လိုင္းေတြ၊ ဖုန္းေတြကို အသုံးျပဳၿပီး အြန္လိုင္းလိမ္လည္မႈေတြနဲ႔ ေလာင္းကစားလုပ္ငန္းေတြကို ပစ္မွတ္ထား လုပ္ကိုင္ခဲ့တဲ့ ထိုင္းအစိုးရရဲ႕တင္းၾကပ္တဲ့အစီအမံေတြကို ခ်ီးက်ဴးပါတယ္။ တ႐ုတ္နဲ႔ ထိုင္းႏိုင္ငံၾကား တရားေရး၊ ဥပေဒျပဳေရးနဲ႔ လုံၿခဳံေရးကိစၥေတြကို ပိုမိုပူးေပါင္းေဆာင္႐ြက္မယ္။ တ႐ုတ္နဲ႔ထိုင္းႏိုင္ငံတို႔ရွိ ျပည္သူတြရဲ႕အသက္ အိုးအိမ္စည္းစိမ္ကို ကာကြယ္ေပးဖို႔ ပူးေပါင္း ေဆာင္႐ြက္မႈတိုးျမႇင့္မယ္’ဟု ေျပာသည္။ ျမန္မာႏိုင္ငံတြင္ အေျခစိုက္ ထားၿပီး တ႐ုတ္ႏိုင္ငံသားမ်ား အဓိကထားလုပ္ကိုင္ေနသည့္ အြန္လိုင္းလိမ္လည္မႈဂိုဏ္းမ်ားလက္ထဲမွ လူေပါင္း (၆၁)ဦးကို ၿပီးခဲ့ေသာရက္ပိုင္းတြင္ ျပန္လည္ကယ္ထုတ္ႏိုင္ခဲ့ေၾကာင္း ထိုင္းကာကြယ္ေရးဝန္ႀကီးဌာနက သတင္း ထုတ္ျပန္ထားသည္။ ျပန္လည္ကယ္ထုတ္ခဲ့ေသာ (၆၁)ဦးထဲတြင္ တ႐ုတ္ႏိုင္ငံသား(၃၄)ဦး ပါဝင္ခဲ့ေၾကာင္း သိရသည္။
ထိုင္းဝန္ႀကီးခ်ဳပ္က ‘ထိုင္းႏိုင္ငံကို ျဖတ္သန္းၿပီး လုပ္ကိုင္ေနတဲ့ ရာဇဝတ္မႈလုပ္ငန္းေတြကို တိုက္ဖ်က္ဖို႔ တ႐ုတ္ ႏိုင္ငံ နဲ႔ ပူးေပါင္းေဆာင္႐ြက္မႈ တိုးျမႇင့္လုပ္ကိုင္မွာပါ။ အဲဒီအြန္လိုင္းအသုံးျပဳကာ လိမ္လည္ေနတဲ့ဂိုဏ္းေတြရဲ႕ ၿခိမ္းေျခာက္မႈကိုအေကာင္းဆုံးပုံစံမ်ိဳးနဲ႔တုံ႔ျပန္မယ္။ အဲဒီအြန္လိုင္း အသုံးျပဳကာ လိမ္လည္ေနတဲ့ ဂိုဏ္းေတြဟာ ထိုင္းႏိုင္ငံရဲ႕ႏိုင္ငံလုံၿခဳံေရးျပႆနာျဖစ္တယ္}ဟု ေျပာသည္။
ထိုင္းအစိုးရသည္ အြန္လိုင္းမွလိမ္လည္ ေနသည့္ဂိုဏ္းမ်ားအေျချပဳေနသည္ဟုဆိုေသာ ျမန္မာႏိုင္ငံရွိေန ရာ ငါးခုကို လွ်ပ္စစ္မီးေပးပို႔ေနျခင္းကို ရပ္တန႔္ခဲ့ေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံႏွင့္ထိုင္းႏိုင္ငံၾကား အေျချပဳ လႈပ္ရွားေနေသာ အြန္လိုင္းအသုံးျပဳ ကာလိမ္လည္ေနေသာဂိုဏ္းမ်ား၏ ျပန္ေပးဆြဲမႈ၊ ဖမ္းဆီးမႈမ်ားေၾကာင့္ ထိုင္းႏိုင္ငံသို႔ တ႐ုတ္ခရီးသြားမ်ားလာေရာက္မႈမ်ားစြာ က်ဆင္းခဲ့ေၾကာင္း သိရသည္။ ထိုင္း ႏွင့္ တ႐ုတ္ႏိုင္ငံတို႔သည္ လက္ရွိအခ်ိန္တြင္ အြန္လိုင္းအသုံးျပဳကာလိမ္လည္ေနေသာ ဂိုဏ္းမ်ား ကိုၿဖိဳခြင္းရန္အတြက္ ျမန္မာႏိုင္ငံႏွင့္လည္း ပူးေပါင္းေဆာင္႐ြက္မည္ဟု ေျပာဆိုထားသည္။