အမေရိကန်နိုင်ငံ၊ အနောက်တက္ကဆက်မှာ ဝက်သက်ရောဂါဖြစ်ပွားမှုများ မြင့်တက်နေ

 109

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၉

အမေရိကန်နိုင်ငံ၊ တက္ကဆက်အနောက်ပိုင်းကျေးလက်ဒေသတွေမှာ ကာကွယ်ဆေးထိုးနှုန်းနည်းတာကြောင့် ဝက်သက်ရောဂါ ကူးစက်ဖြစ်ပွားမှုတွေ မြင့်တက်နေတာတွေ့ရတယ်လို့ သိရပါတယ်။
ဇန်နဝါရီလနှောင်းပိုင်းက တက္ကဆက်ပြည်နယ်၊ ဂါနက်စ် ကောင်တီရှိကလေးနှစ်ဦးဟာ ဝက်သက်ရောဂါ ကြောင့် ဆေးရုံတက်ခဲ့ရပါတယ်။ ဗုဒ္ဓဟူးနေ့(ဖေဖော်ဝါရီ ၅ ရက်) က ပြည်နယ်ကျန်းမာရေးဌာနရဲ့ဖော်ပြချက်အရ အတည်ပြုလူနာအရေအတွက် ခြောက်ဦးအထိ တိုးလာတယ်လို့ သိရပါတယ်။ သောကြာနေ့ (ဖေဖော်ဝါရီ ၇ ရက်) မွန်းလွဲပိုင်းမှာ ရောဂါဖြစ်ပွားမှု ၁၄ မှုထိ မြင့်တက်သွားခဲ့ပြီး ကူးစက်ခံရသူတွေနဲ့ အနီးကပ်ထိတွေ့သူတွေကြား အကြား ကူးစက်မှုဖြစ်နိုင်ချေက ၆ ခုရှိတယ်လို့ ပြည်သူ့ကျန်းမာရေးခရိုင် အမှုဆောင် ဒါရိုက်တာ ဇက်ဟာ့ဘရုစ့်က ပြောကြားပါတယ်။

ဂါနက်စ်ကောင်တီ အပြင်ဘက်ရှိ ဒေသအချို့ရဲ့ကူးစက်ဖြစ်ပွားမှုတွေကိုလည်း စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါ တယ်။ ဖြစ်ပွားမှုအားလုံးဟာ ဝက်သက်ရောဂါကာကွယ်ဆေးမထိုးရသေးသူတွေဖြစ်ကြပြီး အများစုဟာ ကလေး တွေဖြစ်တယ်လို့ ဟာ့ဘရုစ်က ဆိုပါတယ်။

Zawgyi Version:
အေမရိကန္ႏိုင္ငံ၊ အေနာက္တကၠဆက္မွာ ဝက္သက္ေရာဂါျဖစ္ပြားမႈမ်ား ျမင့္တက္ေန
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၉

အေမရိကန္ႏိုင္ငံ၊ တကၠဆက္အေနာက္ပိုင္းေက်းလက္ေဒသေတြမွာ ကာကြယ္ေဆးထိုးႏႈန္းနည္းတာေၾကာင့္ ဝက္သက္ေရာဂါ ကူးစက္ျဖစ္ပြားမႈေတြ ျမင့္တက္ေနတာေတြ႕ရတယ္လို႔ သိရပါတယ္။
ဇန္နဝါရီလေႏွာင္းပိုင္းက တကၠဆက္ျပည္နယ္၊ ဂါနက္စ္ ေကာင္တီရွိကေလးႏွစ္ဦးဟာ ဝက္သက္ေရာဂါ ေၾကာင့္ ေဆး႐ုံတက္ခဲ့ရပါတယ္။ ဗုဒၶဟူးေန႔(ေဖေဖာ္ဝါရီ ၅ ရက္) က ျပည္နယ္က်န္းမာေရးဌာနရဲ႕ေဖာ္ျပခ်က္အရ အတည္ျပဳလူနာအေရအတြက္ ေျခာက္ဦးအထိ တိုးလာတယ္လို႔ သိရပါတယ္။ ေသာၾကာေန႔ (ေဖေဖာ္ဝါရီ ၇ ရက္) မြန္းလြဲပိုင္းမွာ ေရာဂါျဖစ္ပြားမႈ ၁၄ မႈထိ ျမင့္တက္သြားခဲ့ၿပီး ကူးစက္ခံရသူေတြနဲ႔ အနီးကပ္ထိေတြ႕သူေတြၾကား အၾကား ကူးစက္မႈျဖစ္ႏိုင္ေခ်က ၆ ခုရွိတယ္လို႔ ျပည္သူ႔က်န္းမာေရးခ႐ိုင္ အမႈေဆာင္ ဒါ႐ိုက္တာ ဇက္ဟာ့ဘ႐ုစ့္က ေျပာၾကားပါတယ္။

ဂါနက္စ္ေကာင္တီ အျပင္ဘက္ရွိ ေဒသအခ်ိဳ႕ရဲ႕ကူးစက္ျဖစ္ပြားမႈေတြကိုလည္း စုံစမ္းစစ္ေဆးေနတယ္လို႔ သိရပါ တယ္။ ျဖစ္ပြားမႈအားလုံးဟာ ဝက္သက္ေရာဂါကာကြယ္ေဆးမထိုးရေသးသူေတြျဖစ္ၾကၿပီး အမ်ားစုဟာ ကေလး ေတြျဖစ္တယ္လို႔ ဟာ့ဘ႐ုစ္က ဆိုပါတယ္။

Related news

© 2021. All rights reserved.