ထိုင်းနိုင်ငံမှာ အမျိုးသားတစ်ဦး ခွေးတစ်ကောင်ကို ပင်လယ်ထဲ ရက်ရက်စက်စက် ပစ်ချမှုနဲ့ တရားစွဲခံရ

 40

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၉

Watchdog Thailand Foundation (WDT) က ခွေးတစ်ကောင်ကို ပင်လယ်ထဲ ရက်ရက်စက်စက် ဆွဲခေါ်ပစ်ချမှုနဲ့ အမျိုးသားတစ်ဦးကို တရားစွဲဆိုလိုက်ပါတယ်။
ဖေဖော်ဝါရီ ၇ ရက်က ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့သွားခဲ့တဲ့ ဗီဒီယိုကလစ်မှာ အမျိုးသားတစ်ဦးဟာ ခွေးကလေးကို ကောက်ကိုင်ပြီး ပင်လယ်ထဲဆင်းကာ ရေထဲ အားနဲ့ ပစ်ချနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် အမျိုးသားကတော့ ဒီလုပ်ရပ်ဟာ ခွေးကို သန့်ရှင်းအောင် ဆေးကြောပေးခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ခွေးကလေးဟာ ကမ်းစပ်ကို ပြန်ကူးဖို့ ရုန်းကန်ခဲ့ပေမယ့် အမျိုးသားက ခွေးကို ရေထဲ အကြိမ်ကြိမ် ပစ်ချခဲ့တာ ဖြစ်ပါတယ်။ အဲဒီဗီဒီယိုနဲ့ပတ်သက်ပြီး WDT က ပြုလုပ်သူ အမျိုးသားကို တိရစ္ဆာန်အလွဲသုံးစားမှုနဲ့ တရားစွဲဆိုဖို့ ရှာဖွေနေတယ်လို့ သူ့ရဲ့ဆိုရှယ်မီဒီယာ အကောင့်မှာ တင်ခဲ့ပါတယ်။ ဖောင်ဒေးရှင်းရဲ့ Post ကို တုံ့ပြန်သည့်အနေနဲ့ ဗီဒီယိုထဲက အမျိုးသားဟာ သူ့ရဲ့ Facebook အကောင့်ကနေ ပြန်လည်တောင်းပန်ခဲ့ပါတယ်။
ဒါပေမယ့် WDT ဖောင်ဒေးရှင်းကတော့ အမျိုးသားကို တရားစွဲဆိုဖို့ ကိုယ်စားလှယ်စေလွှတ်ခဲ့ပြီး ဖောင်ဒေးရှင်းအနေနဲ့ ဒီအမှုကို အဆုံးအထိ လုပ်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

Zawgyi Version:
ထိုင္းႏိုင္ငံမွာ အမ်ိဳးသားတစ္ဦး ေခြးတစ္ေကာင္ကို ပင္လယ္ထဲ ရက္ရက္စက္စက္ ပစ္ခ်မႈနဲ႔ တရားစြဲခံရ
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၉

Watchdog Thailand Foundation (WDT) က ေခြးတစ္ေကာင္ကို ပင္လယ္ထဲ ရက္ရက္စက္စက္ ဆြဲေခၚပစ္ခ်မႈနဲ႔ အမ်ိဳးသားတစ္ဦးကို တရားစြဲဆိုလိုက္ပါတယ္။
ေဖေဖာ္ဝါရီ ၇ ရက္က ဆိုရွယ္မီဒီယာမွာ ပ်ံ႕ႏွံ႔သြားခဲ့တဲ့ ဗီဒီယိုကလစ္မွာ အမ်ိဳးသားတစ္ဦးဟာ ေခြးကေလးကို ေကာက္ကိုင္ၿပီး ပင္လယ္ထဲဆင္းကာ ေရထဲ အားနဲ႔ ပစ္ခ်ေနတာကို ေတြ႕ရပါတယ္။ ဒါေပမယ့္ အမ်ိဳးသားကေတာ့ ဒီလုပ္ရပ္ဟာ ေခြးကို သန႔္ရွင္းေအာင္ ေဆးေၾကာေပးျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။
ေခြးကေလးဟာ ကမ္းစပ္ကို ျပန္ကူးဖို႔ ႐ုန္းကန္ခဲ့ေပမယ့္ အမ်ိဳးသားက ေခြးကို ေရထဲ အႀကိမ္ႀကိမ္ ပစ္ခ်ခဲ့တာ ျဖစ္ပါတယ္။ အဲဒီဗီဒီယိုနဲ႔ပတ္သက္ၿပီး WDT က ျပဳလုပ္သူ အမ်ိဳးသားကို တိရစာၦန္အလြဲသုံးစားမႈနဲ႔ တရားစြဲဆိုဖို႔ ရွာေဖြေနတယ္လို႔ သူ႔ရဲ႕ဆိုရွယ္မီဒီယာ အေကာင့္မွာ တင္ခဲ့ပါတယ္။ ေဖာင္ေဒးရွင္းရဲ႕ Post ကို တုံ႔ျပန္သည့္အေနနဲ႔ ဗီဒီယိုထဲက အမ်ိဳးသားဟာ သူ႔ရဲ႕ Facebook အေကာင့္ကေန ျပန္လည္ေတာင္းပန္ခဲ့ပါတယ္။
ဒါေပမယ့္ WDT ေဖာင္ေဒးရွင္းကေတာ့ အမ်ိဳးသားကို တရားစြဲဆိုဖို႔ ကိုယ္စားလွယ္ေစလႊတ္ခဲ့ၿပီး ေဖာင္ေဒးရွင္းအေနနဲ႔ ဒီအမႈကို အဆုံးအထိ လုပ္သြားမယ္လို႔ အတည္ျပဳခဲ့ပါတယ္။

Related news

© 2021. All rights reserved.