တရုတ်နိုင်ငံ တောင်ပိုင်းမှာ မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး လူ(၃၀)ကျော် ပျောက်ဆုံး

 391

Pika (NP News) - ဖေဖော်ဝါရီ ၉

တရုတ်နိုင်ငံတောင်ပိုင်း စီချွမ်ပြည်နယ်မှာ ဖေဖော်ဝါရီလ(၈)ရက်က မြေပြိုမှုဖြစ်ပွားခဲ့ပြီးနောက် လူ(၃၀)ဦးကျော်ပျောက်ဆုံးနေတယ်လို့ နိုင်ငံပိုင်ရုပ်သံလိုင်း CCTV က ရေးသားဖော်ပြခဲ့ပါတယ်။ ဖေဖော်ဝါရီလ(၈)ရက်၊ နံနက်(၁၁)နာရီ(၅၀)မိနစ်အချိန်မှာ ယီဘင်းမြို့ ဂျင်းပင်ရွာမှာ မြေပြိုကျမှုဖြစ်ပွားခဲ့တာလို့လည်း သိရပါတယ်။

CCTV က'မြေပြိုကျမှုနဲ့အတူ နေအိမ်(၁၀)လုံး မြေအောက်မြုပ်သွားပြီး လူ(၃၀)ကျော် ပျောက် ဆုံးနေပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ပျောက်ဆုံးနေသူတွေကို ရှာဖွေကယ်ဆယ်ဖို့၊ အသေအပျောက်နည်းအောင်နဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းဖို့ ဖြစ်နိုင်သမျှအရာအားလုံးကို လုပ်ဆောင်ဖို့ အာဏာပိုင်တွေကို အမိန့်ပေးထားပါတယ်'လို့ ရေးသားဖော်ပြခဲ့ပါတယ်။ မြေပြိုကျမှုဖြစ်ပွားပြီးနောက် လူ(၂)ဦးကို အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့တယ်လို့ တရုတ်အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့ပြင် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့တွေဟာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့နဲ့ ကယ်ဆယ်မှုတွေ လုပ်ဆောင်ဖို့ အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

zawgyi version
တ႐ုတ္ႏိုင္ငံ ေတာင္ပိုင္းမွာ ေျမၿပိဳက်မႈျဖစ္ပြားခဲ့ၿပီး လူ(၃၀)ေက်ာ္ ေပ်ာက္ဆုံး
Pika (NP News) - ေဖေဖာ္ဝါရီ ၉

တ႐ုတ္ႏိုင္ငံေတာင္ပိုင္း စီခြၽမ္ျပည္နယ္မွာ ေဖေဖာ္ဝါရီလ(၈)ရက္က ေျမၿပိဳမႈျဖစ္ပြားခဲ့ၿပီးေနာက္ လူ(၃၀)ဦးေက်ာ္ေပ်ာက္ဆုံးေနတယ္လို႔ ႏိုင္ငံပိုင္႐ုပ္သံလိုင္း CCTV က ေရးသားေဖာ္ျပခဲ့ပါတယ္။ ေဖေဖာ္ဝါရီလ(၈)ရက္၊ နံနက္(၁၁)နာရီ(၅၀)မိနစ္အခ်ိန္မွာ ယီဘင္းၿမိဳ႕ ဂ်င္းပင္႐ြာမွာ ေျမၿပိဳက်မႈျဖစ္ပြားခဲ့တာလို႔လည္း သိရပါတယ္။

CCTV က'ေျမၿပိဳက်မႈနဲ႔အတူ ေနအိမ္(၁၀)လုံး ေျမေအာက္ျမဳပ္သြားၿပီး လူ(၃၀)ေက်ာ္ ေပ်ာက္ ဆုံးေနပါတယ္။ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ဟာ ေပ်ာက္ဆုံးေနသူေတြကို ရွာေဖြကယ္ဆယ္ဖို႔၊ အေသအေပ်ာက္နည္းေအာင္နဲ႔ ေနာက္ဆက္တြဲ အက်ိဳးဆက္ေတြကို စနစ္တက် ကိုင္တြယ္ေျဖရွင္းဖို႔ ျဖစ္ႏိုင္သမွ်အရာအားလုံးကို လုပ္ေဆာင္ဖို႔ အာဏာပိုင္ေတြကို အမိန္႔ေပးထားပါတယ္'လို႔ ေရးသားေဖာ္ျပခဲ့ပါတယ္။ ေျမၿပိဳက်မႈျဖစ္ပြားၿပီးေနာက္ လူ(၂)ဦးကို ေအာင္ျမင္စြာကယ္ဆယ္ႏိုင္ခဲ့တယ္လို႔ တ႐ုတ္အေရးေပၚစီမံခန္႔ခြဲေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

ဒါ့ျပင္ အေရးေပၚတုံ႔ျပန္ေရးအဖြဲ႕ေတြဟာ အသက္ရွင္က်န္ရစ္သူေတြကို ရွာေဖြဖို႔နဲ႔ ကယ္ဆယ္မႈေတြ လုပ္ေဆာင္ဖို႔ အခင္းျဖစ္ပြားရာေနရာကို ေရာက္ရွိေနၿပီျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.