အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်မှာ ပျောက်ဆုံးသွားခဲ့တဲ့ လေယာဉ်ရဲ့အပျက်အစီးတွေကို ပြန်လည်ရှာဖွေတွေ့ရှိ

525

Pika (NP News) - ဖေဖော်ဝါရီ ၉
အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်မှာ ပျောက်ဆုံးသွားခဲ့တဲ့ လေယာဉ်ရဲ့အပျက်အစီးတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး လေယာဉ်ပေါ်ပါလူ(၁၀)ဦးလုံး သေဆုံးသွားကြောင်း ယူဆရတယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ Nome မြို့ကနေ (၅၅)ကီလိုမီတာအကွာမှာ Bering Air Caravan လေယာဉ်ရဲ့ အပျက်အစီးတွေကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့က "လေယာဉ်အပျက်အစီးအတွင်းမှာ သေဆုံးနေတဲ့ လူ(၃)ဦးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကျန်ရှိနေတဲ့လူ(၇)ဦးဟာ လေယာဉ်အပျက်အစီးအတွင်းမှာ ရှိနေတယ်လို့ ယူဆရပေမယ့် လေယာဉ်ရဲ့အခြေအနေတွေကြောင့် လောလောဆယ်တော့ ရှာဖွေလို့မရသေးပါဘူး"လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် လက်ရှိအချိန်နှာ လေယာဉ်အပျက်အစီးတွေကို ဆယ်ယူဖို့အတွက် Nome မြို့မီးသတ်ဌာနက ကူညီမှုတွေ လုပ်ဆောင်ပေးနေတယ်လို့လည်း သိရပါတယ်။ ထုတ်ပြန်ချက်တစ်ခုမှာ 'Nome မြို့ရှာဖွေရေးနဲ့ကယ်ဆယ်ရေးအဖွဲ့ဟာ Alaska Air National Guard ရဲ့ အကူအညီတွေနဲ့အတူ ပြန်လည်ဆယ်ယူရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ လက်ရှိရရှိထားတဲ့ အစီရင်ခံစာတွေအရတော့ လေယာဉ်ပျက်ကျမှုမှာ အသက်ရှင်ကျန်ရစ်သူမရှိနိုင်ပါဘူး။ ဒီဖြစ်ရပ်ဆိုးအတွင်း အသက်ဆုံးရှုံးသွားခဲ့တဲ့လူတွေရဲ့ မိသားစုတွေအတွက် တကယ်ကိုစိတ်မကောင်းဖြစ်မိပါတယ်"လို့ ရေးသားဖော်ပြထားပါတယ်။
ခရီးသည်(၉)ဦးနဲ့ လေယာဉ်မှူးတစ်ဦးတို့ လိုက်ပါလာတဲ့ ပုဂ္ဂလိကပိုင်လေယာဉ်ဟာ ဖေဖော်ဝါရီလ(၆)ရက်မှာ Unalakleet မြို့ကနေ Nome မြို့သို့ ပျံသန်းလာစဉ်အချိန်အတွင်း ပျက်ကျသွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
zawgyi version
အေမရိကန္ႏိုင္ငံ အလက္စကာျပည္နယ္မွာ ေပ်ာက္ဆုံးသြားခဲ့တဲ့ ေလယာဥ္ရဲ႕အပ်က္အစီးေတြကို ျပန္လည္ရွာေဖြေတြ႕ရွိ
Pika (NP News) - ေဖေဖာ္ဝါရီ ၉
အေမရိကန္ႏိုင္ငံ အလက္စကာျပည္နယ္မွာ ေပ်ာက္ဆုံးသြားခဲ့တဲ့ ေလယာဥ္ရဲ႕အပ်က္အစီးေတြကို ရွာေဖြေတြ႕ရွိခဲ့ၿပီး ေလယာဥ္ေပၚပါလူ(၁၀)ဦးလုံး ေသဆုံးသြားေၾကာင္း ယူဆရတယ္လို႔ အေမရိကန္တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။ Nome ၿမိဳ႕ကေန (၅၅)ကီလိုမီတာအကြာမွာ Bering Air Caravan ေလယာဥ္ရဲ႕ အပ်က္အစီးေတြကို ရွာေဖြေတြ႕ရွိခဲ့တာျဖစ္တယ္လို႔ အေမရိကန္ကမ္းေျခေစာင့္တပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။
အေမရိကန္ကမ္းေျခေစာင့္တပ္ဖြဲ႕က "ေလယာဥ္အပ်က္အစီးအတြင္းမွာ ေသဆုံးေနတဲ့ လူ(၃)ဦးကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ က်န္ရွိေနတဲ့လူ(၇)ဦးဟာ ေလယာဥ္အပ်က္အစီးအတြင္းမွာ ရွိေနတယ္လို႔ ယူဆရေပမယ့္ ေလယာဥ္ရဲ႕အေျခအေနေတြေၾကာင့္ ေလာေလာဆယ္ေတာ့ ရွာေဖြလို႔မရေသးပါဘူး"လို႔ ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ လက္ရွိအခ်ိန္ႏွာ ေလယာဥ္အပ်က္အစီးေတြကို ဆယ္ယူဖို႔အတြက္ Nome ၿမိဳ႕မီးသတ္ဌာနက ကူညီမႈေတြ လုပ္ေဆာင္ေပးေနတယ္လို႔လည္း သိရပါတယ္။ ထုတ္ျပန္ခ်က္တစ္ခုမွာ 'Nome ၿမိဳ႕ရွာေဖြေရးနဲ႔ကယ္ဆယ္ေရးအဖြဲ႕ဟာ Alaska Air National Guard ရဲ႕ အကူအညီေတြနဲ႔အတူ ျပန္လည္ဆယ္ယူေရး လုပ္ငန္းေတြကို လုပ္ေဆာင္ေနပါတယ္။ လက္ရွိရရွိထားတဲ့ အစီရင္ခံစာေတြအရေတာ့ ေလယာဥ္ပ်က္က်မႈမွာ အသက္ရွင္က်န္ရစ္သူမရွိႏိုင္ပါဘူး။ ဒီျဖစ္ရပ္ဆိုးအတြင္း အသက္ဆုံးရႈံးသြားခဲ့တဲ့လူေတြရဲ႕ မိသားစုေတြအတြက္ တကယ္ကိုစိတ္မေကာင္းျဖစ္မိပါတယ္"လို႔ ေရးသားေဖာ္ျပထားပါတယ္။
ခရီးသည္(၉)ဦးနဲ႔ ေလယာဥ္မႉးတစ္ဦးတို႔ လိုက္ပါလာတဲ့ ပုဂၢလိကပိုင္ေလယာဥ္ဟာ ေဖေဖာ္ဝါရီလ(၆)ရက္မွာ Unalakleet ၿမိဳ႕ကေန Nome ၿမိဳ႕သို႔ ပ်ံသန္းလာစဥ္အခ်ိန္အတြင္း ပ်က္က်သြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။