ကိုကင်းက ဝီစကီလောက်မဆိုးရွားကြောင်း ကိုလံဘီယာသမ္မတ ပြော

709

Pika (NP News) - ဖေဖော်ဝါရီ ၉
ကိုကင်းသည် ဝီစကီလောက် အကျိုးသက်ရောက်မှု ဆိုးရွားမှုမရှိကြောင်း ကိုလံဘီယာသမ္မတ ဂူစတာဗိုပက်ထရိုက ထုတ်ဖော်ပြောဆိုခဲ့သည်။ ပြည်နှင်ဒဏ်ပေးရေးမူဝါဒများနှင့် ကုန်သွယ်မှုအခွန် စည်းကြပ်ရန် မကြာသေးမီက ခြိမ်းခြောက်မှုများနှင့်ပတ်သက်ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့် အစိုးရနှင့် တင်းမာမှုများရှိနေသည့်အချိန်တွင် ဂူစတာဗိုပက်ထရို၏ မှတ်ချက်ပြုပြောဆိုမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။
ကိုလံဘီယာနိုင်ငံသည် ကိုကင်းထုတ်လုပ်မှုနှင့်ဆက်စပ်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကမ္ဘာလုံး ဆိုင်ရာထောက်ပံ့မှု၏ အရေးပါသော အစိတ်အပိုင်းများသည် ကိုလံဘီယာနိုင်ငံမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်းလည်း သိရသည်။ coca plant အပင်၏သစ်ရွက်များဖြင့် ပြုလုပ်သော မူးယစ်ဆေးဝါး၏ဇာတိမှာ ကိုလံဘီယာနိုင်ငံဖြစ်ကြောင်းလည်း သိရသည်။
ဂူစတာဗိုပက်ထရိုက “ ကိုကင်းဟာ ဝီစကီ ထက်ပိုဆိုးလို့ တရားမဝင်တာမျိုး မဟုတ်ပါ ဘူး။ကိုကင်းကို ကျွန်တော်တို့နိုင်ငံက ထုတ်လုပ်တာမို့လို့ တရားမဝင်ဖြစ်နေရတာပါ” ဟု ပြောဆိုခဲ့ သည်။ အမေရိကန်သည် ဝီစကီထိပ်တန်း ထုတ်လုပ်သူနှင့် တင်ပို့သူဖြစ်သောကြောင့် ဂူစတာဗိုပက် ထရိုသည် နှိုင်းယှဉ်မှုလုပ်ဆောင်ရန်အတွက် ဝီစကီကို အသုံးပြုခဲ့ခြင်း ဖြစ်ပုံပေါ်ကြောင်းလည်း သိရသည်။
ထို့ပြင် ကမ္ဘာတစ်ဝန်းတွင် ကိုကင်းက တရားဝင်ဖြစ်ခဲ့မည်ဆိုပါက မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုတွင် ပါဝင်ပတ်သက်နေသည့် ရာဇဝတ်အဖွဲ့အစည်းများ၏ စီးပွားရေးကို အလွယ်တကူ ဖျက်သိမ်းနိုင်လိမ့်မည်ဖြစ်ကြောင်း ဂူစတာ ဗိုပက်ထရို က ထပ်မံပြောဆိုခဲ့သည်။ ဂူစတာဗိုပက်ထရိုက “ကိုကင်းကို ဝိုင်လိုမျိုး ရောင်းချလို့ရပါတယ်။ ပြီးတော့ ရရှိလာတဲ့အမြတ်ငွေတွေကို အသက်မပြည့်သူ တွေ ကိုကင်းသုံးစွဲမှုကို တားဆီးရာမှာ အသုံးပြုလို့ရပါတယ်”ဟု ပြောဆိုခဲ့သည်။

zawgyi version
ကိုကင္းက ဝီစကီေလာက္မဆိုး႐ြားေၾကာင္း ကိုလံဘီယာသမၼတ ေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၉
ကိုကင္းသည္ ဝီစကီေလာက္ အက်ိဳးသက္ေရာက္မႈ ဆိုး႐ြားမႈမရွိေၾကာင္း ကိုလံဘီယာသမၼတ ဂူစတာဗိုပက္ထ႐ိုက ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ ျပည္ႏွင္ဒဏ္ေပးေရးမူဝါဒမ်ားႏွင့္ ကုန္သြယ္မႈအခြန္ စည္းၾကပ္ရန္ မၾကာေသးမီက ၿခိမ္းေျခာက္မႈမ်ားႏွင့္ပတ္သက္ၿပီး အေမရိကန္သမၼတေဒၚနယ္ထရမ့္ အစိုးရႏွင့္ တင္းမာမႈမ်ားရွိေနသည့္အခ်ိန္တြင္ ဂူစတာဗိုပက္ထ႐ို၏ မွတ္ခ်က္ျပဳေျပာဆိုမႈမ်ား ထြက္ေပၚလာျခင္းျဖစ္သည္။
ကိုလံဘီယာႏိုင္ငံသည္ ကိုကင္းထုတ္လုပ္မႈႏွင့္ဆက္စပ္ေနသည့္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ၿပီး ကမာၻလုံး ဆိုင္ရာေထာက္ပံ့မႈ၏ အေရးပါေသာ အစိတ္အပိုင္းမ်ားသည္ ကိုလံဘီယာႏိုင္ငံမွ ထြက္ေပၚလာျခင္းျဖစ္ေၾကာင္းလည္း သိရသည္။ coca plant အပင္၏သစ္႐ြက္မ်ားျဖင့္ ျပဳလုပ္ေသာ မူးယစ္ေဆးဝါး၏ဇာတိမွာ ကိုလံဘီယာႏိုင္ငံျဖစ္ေၾကာင္းလည္း သိရသည္။
ဂူစတာဗိုပက္ထ႐ိုက “ ကိုကင္းဟာ ဝီစကီ ထက္ပိုဆိုးလို႔ တရားမဝင္တာမ်ိဳး မဟုတ္ပါ ဘူး။ကိုကင္းကို ကြၽန္ေတာ္တို႔ႏိုင္ငံက ထုတ္လုပ္တာမို႔လို႔ တရားမဝင္ျဖစ္ေနရတာပါ” ဟု ေျပာဆိုခဲ့ သည္။ အေမရိကန္သည္ ဝီစကီထိပ္တန္း ထုတ္လုပ္သူႏွင့္ တင္ပို႔သူျဖစ္ေသာေၾကာင့္ ဂူစတာဗိုပက္ ထ႐ိုသည္ ႏႈိင္းယွဥ္မႈလုပ္ေဆာင္ရန္အတြက္ ဝီစကီကို အသုံးျပဳခဲ့ျခင္း ျဖစ္ပုံေပၚေၾကာင္းလည္း သိရသည္။
ထို႔ျပင္ ကမာၻတစ္ဝန္းတြင္ ကိုကင္းက တရားဝင္ျဖစ္ခဲ့မည္ဆိုပါက မူးယစ္ေဆးဝါး ေရာင္းဝယ္ ေဖာက္ကားမႈတြင္ ပါဝင္ပတ္သက္ေနသည့္ ရာဇဝတ္အဖြဲ႕အစည္းမ်ား၏ စီးပြားေရးကို အလြယ္တကူ ဖ်က္သိမ္းႏိုင္လိမ့္မည္ျဖစ္ေၾကာင္း ဂူစတာ ဗိုပက္ထ႐ို က ထပ္မံေျပာဆိုခဲ့သည္။ ဂူစတာဗိုပက္ထ႐ိုက “ကိုကင္းကို ဝိုင္လိုမ်ိဳး ေရာင္းခ်လို႔ရပါတယ္။ ၿပီးေတာ့ ရရွိလာတဲ့အျမတ္ေငြေတြကို အသက္မျပည့္သူ ေတြ ကိုကင္းသုံးစြဲမႈကို တားဆီးရာမွာ အသုံးျပဳလို႔ရပါတယ္”ဟု ေျပာဆိုခဲ့သည္။