မလေးရှားနိုင်ငံရှိ Setia Alam ကုန်တိုက်မှာ ပစ်ခတ်မှုဖြစ်ပွား

646

ရောင်နီ(NP News) - ဖေဖော်ဝါရီ ၁ဝ
မလေးရှားနိုင်ငံ၊ ဆီလန်ဂေါမြို့၊ Setia Alam ရှော့ပင်းမောလ်မှာ စနေနေ့ (ဖေဖော်ဝါရီ ၈ ရက်) က ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ သံသယရှိသူဟာ အသက် ၃၀ ၀န်းကျင်ရှိ ဒေသခံအမျိုးသားတစ်ဦးဖြစ်ပြီး ရာဇဝတ်မှုမှတ်တမ်း (၁၁)ခုရှိသူ ဖြစ်တယ်လို့ မလေးရှား ရဲတပ်ဖွဲ့က ဖော်ထုတ်လိုက်ပါတယ်။
၎င်းကို ဖမ်းဆီးဖို့ ကြိုးစားလုပ်ဆောင်နေပြီး ခြေရာခံနေတယ်လို့ ဆီလန်ဂေါရဲချုပ်ဟူစိန်အိုမာခန်းက တနင်္ဂနွေနေ့(ဖေဖော်ဝါရီ ၈ ရက်) က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောကြားခဲ့ပါတယ်။ "ကျွန်တော်တို့ သူ့ကို ခြေရာခံဖို့ လုပ်နေပါတယ်၊ တိုက်ခိုက်မှုဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲပါ”လို့ ၄င်းက ဆက်လက်ပြောပါတယ်။ Setia City Mall မှာ စနေနေ့ည ၁၀ နာရီ ၅၀ မိနစ်ခန့်က အခင်းဖြစ်ပွားခဲ့တာဖြစ်ပြီး သံသယရှိသူဟာ စျေးဝယ်စင်တာထဲ ဝင်ရောက်ကာ သန့်ရှင်းရေးသမားတစ်ဦးကို သေနတ်နဲ့ လေးချက်ပစ်ခတ်ခဲ့ပြီး ခြေထောက်နဲ့ တင်ပါးမှာ ဒဏ်ရာရစေခဲ့တယ်လို့ ဆီလန်ဂေါရဲတပ်ဖွဲ့က ပြောကြားပါတယ်။
သံသယရှိသူကတော့ ကားပါကင်ကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ သေနက်ဒဏ်ရာ ရထားတဲ့ သန့်ရှင်းရေး ဝန်ထမ်းကိုတော့ ဆေးရုံပို့ဆောင်ခဲ့ပြီး လက်ရှိ အခြေအနေ တည်ငြိမ်နေတယ်လို့ သိရပါတယ်။

zawgyi version
မေလးရွားႏိုင္ငံရွိ Setia Alam ကုန္တိုက္မွာ ပစ္ခတ္မႈျဖစ္ပြား
ေရာင္နီ(NP News) - ေဖေဖာ္ဝါရီ ၁ဝ
မေလးရွားႏိုင္ငံ၊ ဆီလန္ေဂါၿမိဳ႕၊ Setia Alam ေရွာ့ပင္းေမာလ္မွာ စေနေန႔ (ေဖေဖာ္ဝါရီ ၈ ရက္) က ပစ္ခတ္မႈတစ္ခု ျဖစ္ပြားခဲ့ပါတယ္။ သံသယရွိသူဟာ အသက္ ၃၀ ၀န္းက်င္ရွိ ေဒသခံအမ်ိဳးသားတစ္ဦးျဖစ္ၿပီး ရာဇဝတ္မႈမွတ္တမ္း (၁၁)ခုရွိသူ ျဖစ္တယ္လို႔ မေလးရွား ရဲတပ္ဖြဲ႕က ေဖာ္ထုတ္လိုက္ပါတယ္။
၎ကို ဖမ္းဆီးဖို႔ ႀကိဳးစားလုပ္ေဆာင္ေနၿပီး ေျခရာခံေနတယ္လို႔ ဆီလန္ေဂါရဲခ်ဳပ္ဟူစိန္အိုမာခန္းက တနဂၤေႏြေန႔(ေဖေဖာ္ဝါရီ ၈ ရက္) က ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေျပာၾကားခဲ့ပါတယ္။ "ကြၽန္ေတာ္တို႔ သူ႔ကို ေျခရာခံဖို႔ လုပ္ေနပါတယ္၊ တိုက္ခိုက္မႈျဖစ္ရတဲ့ အေၾကာင္းရင္းကို စုံစမ္းေနဆဲပါ”လို႔ ၄င္းက ဆက္လက္ေျပာပါတယ္။ Setia City Mall မွာ စေနေန႔ည ၁၀ နာရီ ၅၀ မိနစ္ခန႔္က အခင္းျဖစ္ပြားခဲ့တာျဖစ္ၿပီး သံသယရွိသူဟာ ေစ်းဝယ္စင္တာထဲ ဝင္ေရာက္ကာ သန႔္ရွင္းေရးသမားတစ္ဦးကို ေသနတ္နဲ႔ ေလးခ်က္ပစ္ခတ္ခဲ့ၿပီး ေျခေထာက္နဲ႔ တင္ပါးမွာ ဒဏ္ရာရေစခဲ့တယ္လို႔ ဆီလန္ေဂါရဲတပ္ဖြဲ႕က ေျပာၾကားပါတယ္။
သံသယရွိသူကေတာ့ ကားပါကင္ကေန ထြက္ေျပးလြတ္ေျမာက္သြားခဲ့ပါတယ္။ ေသနက္ဒဏ္ရာ ရထားတဲ့ သန႔္ရွင္းေရး ဝန္ထမ္းကိုေတာ့ ေဆး႐ုံပို႔ေဆာင္ခဲ့ၿပီး လက္ရွိ အေျခအေန တည္ၿငိမ္ေနတယ္လို႔ သိရပါတယ္။