Jewelry Box ရတနာဆိုင်မှ ငွေကျပ်သိန်းသုံးထောင်ဖိုးနီးပါး စိန်များ ခိုးယူမှု ကျုးလွန်သူ ၂ ဦးက စစ်ဘေးရှောင်ဟန်ဆောင်ကာ ပစ္စည်းများကို ရောင်းချခဲ့

 2080

ချယ်ရီ(NP News)- ဖေဖော်ဝါရီ ၁၀

Jewelry Box ရတနာဆိုင်မှ ငွေကျပ်သိန်းသုံးထောင်ဖိုးနီးပါး စိန်ထည်များ ခိုးယူထွက်ပြေးခဲ့သူ ၂ ဦးက စစ်ဘေးရှောင်ဟန်ဆောင်ကာ ပစ္စည်းများကို ရောင်းချခဲ့ကြောင်း ကျူးလွန်သူများကို ဖမ်းမိပြီးနောက် အထက်ပါ ရတနာဆိုင်က ၎င်းတို့၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် ဖော်ပြချက်အရ သိရသည်။

ပြစ်မှုကျူးလွန်သူ(၂)ဦးထဲမှ အမျိုးသမီးမှာ Jewellery Box စိန်ရတနာဆိုင်မှဝန်ထမ်းဖြစ်သူ မဖြိုးဖြိုးသော်သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ဆိုင်ပိုင်ရှင်များ ဘုရားဖူးသွား၍ ဆိုင်ပိုင်ရှင်၏မိခင်နှင့် အိမ်အကူတို့သာရှိနေစဉ် ငွေကျပ်သိန်းသုံးထောင်နီးပါးရှိသော GIA စစ်ချက်ပါရှိသည့် စိန်ထည်လက်ဝတ် ရတနာများကို တိတ်တဆိတ်ယူကာ ရည်းစား၏အကျီပါလာသည့်အတွက် အောက်ဆင်းပေးမည်ဟုဆိုပြီး ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် အထက်ပါရတနာဆိုင်က လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင်လည်း ပို့စ်တင် အကူအညီတောင်း ရှာဖွေသကဲ့သို့ တာဝန်ရှိသူများကိုလည်း ဆက်သွယ်တိုင်ကြားခဲ့ရာ ကျူးလွန်သူ အမျိုးသမီး နှင့် ၎င်း၏ ရည်းစားတို့သည် ရှမ်းပြည်နယ်၊ ကလောမြို့တွင် အခြားအမည်ဖြင့် ပြောင်းလဲနေထိုင်ပြီး တောင်ကြီးမြို့မှ ရွှေဆိုင်(၁)ဆိုင်၌ ဘောင်ချာအတုလုပ်၍လည်းကောင်း၊ ထို့ပြင် အေးသာယာမြို့မှ ရွှေဆိုင်(၂)ဆိုင်နှင့် အောင်ပန်းမြို့မှ ရွှေဆိုင်(၁)ဆိုင်တို့တွင် စစ်ဘေးရှောင်ဟန်ဆောင်ကာ သနားအောင်ပြောဆို၍ ၎င်းကိုယ်တိုင် ရောင်းချခဲ့ကြောင်း အဖြစ်မှန် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ၎င်းရောင်းချခဲ့သော စိန်ထည်လက်ဝတ်ရတနာများကို အားလုံးပြန်လည် ရရှိခဲ့ခြင်းဖြစ်သော်လည်း စိန်ထည်(၄)ဆင်သာ မူလအတိုင်းဖြစ်၍ ကျန်စိန်ထည်များအတွက် ရွှေထည်အစားထိုးဖြင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း ဆိုင်က အသိပေးထားသည်။

သို့သော် ကျူးလွန်သူများကို မေးမရသေးသော ပစ္စည်းအချို့ကျန်သေးကြောင်းလည်း ဆိုင်က အသိပေးထားကာ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
Jewelry Box ရတနာဆိုင္မွ ေငြက်ပ္သိန္းသုံးေထာင္ဖိုးနီးပါး စိန္မ်ား ခိုးယူမႈ က်ဳးလြန္သူ ၂ ဦးက စစ္ေဘးေရွာင္ဟန္ေဆာင္ကာ ပစၥည္းမ်ားကို ေရာင္းခ်ခဲ့

ခ်ယ္ရီ(NP News)- ေဖေဖာ္ဝါရီ ၁၀

Jewelry Box ရတနာဆိုင္မွ ေငြက်ပ္သိန္းသုံးေထာင္ဖိုးနီးပါး စိန္ထည္မ်ား ခိုးယူထြက္ေျပးခဲ့သူ ၂ ဦးက စစ္ေဘးေရွာင္ဟန္ေဆာင္ကာ ပစၥည္းမ်ားကို ေရာင္းခ်ခဲ့ေၾကာင္း က်ဴးလြန္သူမ်ားကို ဖမ္းမိၿပီးေနာက္ အထက္ပါ ရတနာဆိုင္က ၎တို႔၏ လူမႈကြန္ယက္ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာထက္တြင္ ေဖာ္ျပခ်က္အရ သိရသည္။

ျပစ္မႈက်ဴးလြန္သူ(၂)ဦးထဲမွ အမ်ိဳးသမီးမွာ Jewellery Box စိန္ရတနာဆိုင္မွဝန္ထမ္းျဖစ္သူ မၿဖိဳးၿဖိဳးေသာ္သည္ ၿပီးခဲ့သည့္ႏွစ္ ႏိုဝင္ဘာလအတြင္းက ဆိုင္ပိုင္ရွင္မ်ား ဘုရားဖူးသြား၍ ဆိုင္ပိုင္ရွင္၏မိခင္ႏွင့္ အိမ္အကူတို႔သာရွိေနစဥ္ ေငြက်ပ္သိန္းသုံးေထာင္နီးပါးရွိေသာ GIA စစ္ခ်က္ပါရွိသည့္ စိန္ထည္လက္ဝတ္ ရတနာမ်ားကို တိတ္တဆိတ္ယူကာ ရည္းစား၏အက်ီပါလာသည့္အတြက္ ေအာက္ဆင္းေပးမည္ဟုဆိုၿပီး ထြက္ေျပးသြားခဲ့ျခင္း ျဖစ္သည္။
ယင္းေနာက္ အထက္ပါရတနာဆိုင္က လူမႈကြန္ယက္ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာထက္တြင္လည္း ပို႔စ္တင္ အကူအညီေတာင္း ရွာေဖြသကဲ့သို႔ တာဝန္ရွိသူမ်ားကိုလည္း ဆက္သြယ္တိုင္ၾကားခဲ့ရာ က်ဴးလြန္သူ အမ်ိဳးသမီး ႏွင့္ ၎၏ ရည္းစားတို႔သည္ ရွမ္းျပည္နယ္၊ ကေလာၿမိဳ႕တြင္ အျခားအမည္ျဖင့္ ေျပာင္းလဲေနထိုင္ၿပီး ေတာင္ႀကီးၿမိဳ႕မွ ေ႐ႊဆိုင္(၁)ဆိုင္၌ ေဘာင္ခ်ာအတုလုပ္၍လည္းေကာင္း၊ ထို႔ျပင္ ေအးသာယာၿမိဳ႕မွ ေ႐ႊဆိုင္(၂)ဆိုင္ႏွင့္ ေအာင္ပန္းၿမိဳ႕မွ ေ႐ႊဆိုင္(၁)ဆိုင္တို႔တြင္ စစ္ေဘးေရွာင္ဟန္ေဆာင္ကာ သနားေအာင္ေျပာဆို၍ ၎ကိုယ္တိုင္ ေရာင္းခ်ခဲ့ေၾကာင္း အျဖစ္မွန္ ေပၚေပါက္ခဲ့ျခင္း ျဖစ္သည္။
လက္ရွိတြင္ ၎ေရာင္းခ်ခဲ့ေသာ စိန္ထည္လက္ဝတ္ရတနာမ်ားကို အားလုံးျပန္လည္ ရရွိခဲ့ျခင္းျဖစ္ေသာ္လည္း စိန္ထည္(၄)ဆင္သာ မူလအတိုင္းျဖစ္၍ က်န္စိန္ထည္မ်ားအတြက္ ေ႐ႊထည္အစားထိုးျဖင့္ရရွိခဲ့ျခင္းျဖစ္ေၾကာင္း ဆိုင္က အသိေပးထားသည္။
သို႔ေသာ္ က်ဴးလြန္သူမ်ားကို ေမးမရေသးေသာ ပစၥည္းအခ်ိဳ႕က်န္ေသးေၾကာင္းလည္း ဆိုင္က အသိေပးထားကာ ဥပေဒအရ အေရးယူေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.