လင်မယားနှစ်ဦး စကားများရန်ဖြစ်စဉ် အမျိုးသားက ဓားဖြင့်ထိုးသောကြောင့် ဇနီးဖြစ်သူအသက်အန္တရာယ်စိုးရိမ်ရ

 996

ချယ်ရီ( NP News) _ ဖေဖော်ဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် လင်မယားနှစ်ဦး စကားများရန်ဖြစ်စဉ် အမျိုးသားက ဓားဖြင့်ထိုးသောကြောင့် ဇနီးဖြစ်သူအသက်အန္တရာယ်စိုးရိမ်ရကြောင်း ဖြစ်စဉ်နှင့်ပတ်သက်၍ ကူညီဆောင်ရွက်ပေးခဲ့သူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါဖြစ်စဉ်မှာ ယမန်နေ့( ဖေဖော်ဝါရီလ ၉ရက်)၊ နံနက်ပိုင်း ၁၁နာရီဝန်းကျင်အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လင်မယားတွေကျတော့ ဘယ်ကဘယ်လိုစဖြစ်လဲဆိုတာ ပြောရခက်ပါတယ်။ လူနာရှိတယ်ဆိုပြီး လှမ်းခေါ်လို့ သွားလိုက်တယ်။ အမျိုးသားက လင်မယားကတောက်ကဆဖြစ်ချိန်မှာ (၂)ချက် ခါးကိုထိုးလိုက်တယ်။ တစ်ချက်က ကျောက်ကပ်ကို ထိသွားတယ်။ အမျိုးသားက တိမ်းရှောင်သွားတယ်ပေါ့နော်” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

ဓားဖြင့်အထိုးခံရသူအမျိုးသမီးမှာ အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်ကာ သမီးငယ်တစ်ဦးရှိပြီး အဆောင်ငှားရမ်းနေထိုင်သူဖြစ်ကြောင်း ၎င်းကဆိုသည်။
အဆိုပါအမျိုးသမီးကို အင်းစိန်ပြည်သူ့ဆေးရုံကြီးမှ တဆင့် သင်္ဃကျွန်း စံပြဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

Zawgyi Version:
လင္မယားႏွစ္ဦး စကားမ်ားရန္ျဖစ္စဥ္ အမ်ိဳးသားက ဓားျဖင့္ထိုးေသာေၾကာင့္ ဇနီးျဖစ္သူအသက္အႏၲရာယ္စိုးရိမ္ရ

ခ်ယ္ရီ( NP News) _ ေဖေဖာ္ဝါရီ ၁၀

ရန္ကုန္တိုင္းေဒသႀကီး၊ ေ႐ႊျပည္သာၿမိဳ႕နယ္တြင္ လင္မယားႏွစ္ဦး စကားမ်ားရန္ျဖစ္စဥ္ အမ်ိဳးသားက ဓားျဖင့္ထိုးေသာေၾကာင့္ ဇနီးျဖစ္သူအသက္အႏၲရာယ္စိုးရိမ္ရေၾကာင္း ျဖစ္စဥ္ႏွင့္ပတ္သက္၍ ကူညီေဆာင္႐ြက္ေပးခဲ့သူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါျဖစ္စဥ္မွာ ယမန္ေန႔( ေဖေဖာ္ဝါရီလ ၉ရက္)၊ နံနက္ပိုင္း ၁၁နာရီဝန္းက်င္အခ်ိန္ခန႔္က ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“လင္မယားေတြက်ေတာ့ ဘယ္ကဘယ္လိုစျဖစ္လဲဆိုတာ ေျပာရခက္ပါတယ္။ လူနာရွိတယ္ဆိုၿပီး လွမ္းေခၚလို႔ သြားလိုက္တယ္။ အမ်ိဳးသားက လင္မယားကေတာက္ကဆျဖစ္ခ်ိန္မွာ (၂)ခ်က္ ခါးကိုထိုးလိုက္တယ္။ တစ္ခ်က္က ေက်ာက္ကပ္ကို ထိသြားတယ္။ အမ်ိဳးသားက တိမ္းေရွာင္သြားတယ္ေပါ့ေနာ္” ဟု အထက္ပါ တာဝန္ရွိသူက ဆိုသည္။

ဓားျဖင့္အထိုးခံရသူအမ်ိဳးသမီးမွာ အသက္(၃၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္ကာ သမီးငယ္တစ္ဦးရွိၿပီး အေဆာင္ငွားရမ္းေနထိုင္သူျဖစ္ေၾကာင္း ၎ကဆိုသည္။
အဆိုပါအမ်ိဳးသမီးကို အင္းစိန္ျပည္သူ႔ေဆး႐ုံႀကီးမွ တဆင့္ သကၤန္းကြၽန္း စံျပေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.