အာဖဂန်နစ္စတန်မှာ ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ(၅)ဦး သေဆုံး
![](/img/icon_eye.svg)
156
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67ac190861f0f233a43640a9/banner-67ac190861f0f233a43640a9-x800.JPG)
ရောင်နီ(NP News) - ဖေဖော်ဝါရီ ၁၂
အာဖဂန်နစ္စတန် အရှေ့မြောက်ပိုင်းမှာ ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူငါးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပေါက်ကွဲမှုဟာ အင်္ဂါနေ့(ဖေဖော်ဝါရီလ ၁၁ ရက်) နံနက်ပိုင်းက ကန်းဒက်ဇ်ပြည်နယ်ရှိ ကာအူလ်ဘဏ်ခွဲတစ်ခုအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ် ဆိုတာကိုတော့ သတင်း ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ အာဖဂန်နစ္စတန် အာဏာရ တာလီဘန်အဖွဲ့ဝင်တစ်ဦး၊ အရပ်သားတစ်ဦးနဲ့ ဘဏ်လုံခြုံရေးဝန်ထမ်း အပါအဝင် လူလေးဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။ ကန်းဒက်ဇ် ပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျူမာဒင်ခါခ်ဆာက တိုက်ခိုက်မှုဟာ အသေခံဗုံးဖောက်ခွဲခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအဖြစ်အပျက်အတွက် ကျူးလွန်သူတွေကို ကန်းဒက်ဇ်ပြည်နယ်ရဲကွပ်ကဲမှုအဖွဲ့က ရှာဖွေဖော်ထုတ်နေပြီး တရားမျှတမှုရရှိဖို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
အာဖဂန်နစ္စတန်မှာ ဗုံးပေါက်ကွဲမှုနဲ့ အသေခံ ဗုံးခွဲတိုက်ခိုက်မှု အရေအတွက်ဟာ အမေရိကန်တပ်တွေ ရုပ်သိမ်းရချိန်၊ တာလီဘန် ကျောထောက်နောက်ခံပြု အစိုးရကို ၂၀၂၁ ခုနှစ် သြဂုတ်လက ဖြုတ်ချပြီးချိန်နောက် သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ ဒါပေမဲ့ (ISIS) အပါ အဝင် လက်နက်ကိုင်အဖွဲ့ရဲ့ ခြိမ်းခြောက်မှုတွေကတော့ ရှိနေဆဲပဲ ဖြစ်ပါတယ်။
zawgyi version
အာဖဂန္နစၥတန္မွာ ဗုံးေပါက္ကြဲမႈေၾကာင့္ အနည္းဆုံး လူ(၅)ဦး ေသဆုံး
ေရာင္နီ(NP News) - ေဖေဖာ္ဝါရီ ၁၂
အာဖဂန္နစၥတန္ အေရွ႕ေျမာက္ပိုင္းမွာ ဗုံးေပါက္ကြဲမႈေၾကာင့္ အနည္းဆုံး လူငါးဦး ေသဆုံးၿပီး ခုနစ္ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ ေဒသဆိုင္ရာ ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ခဲ့ပါတယ္။
ေပါက္ကြဲမႈဟာ အဂၤါေန႔(ေဖေဖာ္ဝါရီလ ၁၁ ရက္) နံနက္ပိုင္းက ကန္းဒက္ဇ္ျပည္နယ္ရွိ ကာအူလ္ဘဏ္ခြဲတစ္ခုအနီးမွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး ဘယ္အဖြဲ႕အစည္းက ျပဳလုပ္တယ္ ဆိုတာကိုေတာ့ သတင္း ထုတ္ျပန္ျခင္းမရွိေသးပါဘူး။ အာဖဂန္နစၥတန္ အာဏာရ တာလီဘန္အဖြဲ႕ဝင္တစ္ဦး၊ အရပ္သားတစ္ဦးနဲ႔ ဘဏ္လုံၿခဳံေရးဝန္ထမ္း အပါအဝင္ လူေလးဦး ေသဆုံးခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားပါတယ္။ ကန္းဒက္ဇ္ ျပည္နယ္ရဲတပ္ဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဂ်ဴမာဒင္ခါခ္ဆာက တိုက္ခိုက္မႈဟာ အေသခံဗုံးေဖာက္ခြဲျခင္း ျဖစ္တယ္လို႔ ဆိုပါတယ္။ ဒီအျဖစ္အပ်က္အတြက္ က်ဴးလြန္သူေတြကို ကန္းဒက္ဇ္ျပည္နယ္ရဲကြပ္ကဲမႈအဖြဲ႕က ရွာေဖြေဖာ္ထုတ္ေနၿပီး တရားမွ်တမႈရရွိဖို႔အတြက္ သက္ဆိုင္ရာ အဖြဲ႕အစည္းေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။
အာဖဂန္နစၥတန္မွာ ဗုံးေပါက္ကြဲမႈနဲ႔ အေသခံ ဗုံးခြဲတိုက္ခိုက္မႈ အေရအတြက္ဟာ အေမရိကန္တပ္ေတြ ႐ုပ္သိမ္းရခ်ိန္၊ တာလီဘန္ ေက်ာေထာက္ေနာက္ခံျပဳ အစိုးရကို ၂၀၂၁ ခုႏွစ္ ၾသဂုတ္လက ျဖဳတ္ခ်ၿပီးခ်ိန္ေနာက္ သိသိသာသာ က်ဆင္းသြားခဲ့ပါတယ္။ ဒါေပမဲ့ (ISIS) အပါ အဝင္ လက္နက္ကိုင္အဖြဲ႕ရဲ႕ ၿခိမ္းေျခာက္မႈေတြကေတာ့ ရွိေနဆဲပဲ ျဖစ္ပါတယ္။