ဂွာတီမာလာမှာ ဘတ်စ်ကားတစ်စီး တံတားပေါ်က ပြုတ်ကျပြီး လူ (၅၅)ဦးထက်မနည်း သေဆုံး
![](/img/icon_eye.svg)
252
ရောင်နီ(NP News) - ဖေဖော်ဝါရီ ၁၂
ဂွာတီမာလာမှာ ဖေဖော်ဝါရီ ၁၀ ရက်က ဘတ်စ်ကားတစ်စီး မြစ်လမ်းကူးတံတား တစ်စင်းမှ ဖြတ်သန်းစဉ် တံတားကျိုးကျပြီး လျှိုမြောင်ထဲ ထိုးကျမှုဖြစ်ပွားခဲ့ပါတယ်။ လူ ၅၅ ဦးထက်မနည်း သေဆုံးခဲ့တာကြောင့် ဒါဟာ လက်တင်အမေရိကမှာ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး လမ်းမတော်တဆမှု တစ်ခုဖြစ်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
ဘတ်စ်ကားဟာ လူ (၇၀)ခန့်တင်ဆောင်လာခဲ့တာဖြစ်ပြီး အခုချိန်ထိ အခင်းဖြစ်ပွားရာ နေရာမှာ သေဆုံးသူ လူ(၅၃)ဦးထိရှိတယ်လို့ အစိုးရရှေ့နေရုံးမှ ပြောရေးဆိုခွင့်ရှိသူ မစ္စတာမွက်ဆစ်အောတစ်ဇ်က ပြောပါတယ်။ အခင်းဖြစ်ပွားရာနေရာမှ ဆယ်ယူရရှိထားတဲ့ ရုပ်အလောင်းတွေကို အနီးနားရှိ ရေခဲတိုက်တစ်ခုဆီ ပို့ဆောင်ပေးခဲ့ပါတယ်။ ဒဏ်ရာရ ခရီးသည်တွေကို ဆေးရုံ ပို့ဆောင်ခဲ့ပြီး အများစုဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ သိရပါတယ်။
ဒီအဖြစ်ဆိုးအတွက် ဂွါတီမာလာသမ္မတ ဘာနာဒို အာရီဗာလိုက ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး နိုင်ငံတော် ဝမ်းနည်းခြင်းနေ့အဖြစ် ကြေညာခဲ့ပါတယ်။
zawgyi version
ဂြာတီမာလာမွာ ဘတ္စ္ကားတစ္စီး တံတားေပၚက ျပဳတ္က်ၿပီး လူ (၅၅)ဦးထက္မနည္း ေသဆုံး
ေရာင္နီ(NP News) - ေဖေဖာ္ဝါရီ ၁၂
ဂြာတီမာလာမွာ ေဖေဖာ္ဝါရီ ၁၀ ရက္က ဘတ္စ္ကားတစ္စီး ျမစ္လမ္းကူးတံတား တစ္စင္းမွ ျဖတ္သန္းစဥ္ တံတားက်ိဳးက်ၿပီး လွ်ိဳေျမာင္ထဲ ထိုးက်မႈျဖစ္ပြားခဲ့ပါတယ္။ လူ ၅၅ ဦးထက္မနည္း ေသဆုံးခဲ့တာေၾကာင့္ ဒါဟာ လက္တင္အေမရိကမွာ ႏွစ္ေပါင္းမ်ားစြာအတြင္း အဆိုး႐ြားဆုံး လမ္းမေတာ္တဆမႈ တစ္ခုျဖစ္တယ္လို႔ အာဏာပိုင္ေတြက ဆိုပါတယ္။
ဘတ္စ္ကားဟာ လူ (၇၀)ခန႔္တင္ေဆာင္လာခဲ့တာျဖစ္ၿပီး အခုခ်ိန္ထိ အခင္းျဖစ္ပြားရာ ေနရာမွာ ေသဆုံးသူ လူ(၅၃)ဦးထိရွိတယ္လို႔ အစိုးရေရွ႕ေန႐ုံးမွ ေျပာေရးဆိုခြင့္ရွိသူ မစၥတာမြက္ဆစ္ေအာတစ္ဇ္က ေျပာပါတယ္။ အခင္းျဖစ္ပြားရာေနရာမွ ဆယ္ယူရရွိထားတဲ့ ႐ုပ္အေလာင္းေတြကို အနီးနားရွိ ေရခဲတိုက္တစ္ခုဆီ ပို႔ေဆာင္ေပးခဲ့ပါတယ္။ ဒဏ္ရာရ ခရီးသည္ေတြကို ေဆး႐ုံ ပို႔ေဆာင္ခဲ့ၿပီး အမ်ားစုဟာ စိုးရိမ္ရတဲ့ အေျခအေနမွာ ရွိတယ္လို႔ သိရပါတယ္။
ဒီအျဖစ္ဆိုးအတြက္ ဂြါတီမာလာသမၼတ ဘာနာဒို အာရီဗာလိုက ဝမ္းနည္းေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး ႏိုင္ငံေတာ္ ဝမ္းနည္းျခင္းေန႔အျဖစ္ ေၾကညာခဲ့ပါတယ္။