လုံခြုံရေးတပ်ဖွဲ့ဝင်ဟန်ပုံမှားရိုက်ကာ VPN ပါသည်ဆိုသောအကြောင်းပြချက်ဖြင့် ထိုးကြိတ်ရိုက်နှက်ပြီး ကားနှင့်ဖုန်းလုယက်မှု မန္တလေးတွင်ဖြစ်ပွား
![](/img/icon_eye.svg)
1059
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67ac5713e11f4204921cad0a/banner-67ac5713e11f4204921cad0a-x800.jpg)
သန့်ဇင်(NP News) - ဖေဖော်ဝါရီ ၁၂
မန္တလေးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်ဟန်ပုံမှားရိုက်ကာ VPN ပါသည်ဆိုသောအကြောင်းပြချက်ဖြင့် ထိုးကြိတ်ရိုက်နှက်ပြီး ကားနှင့်ဖုန်း လုယက်မှုဖြစ်ပွားခဲ့ကြောင်း ရွှေကြေးစည်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ယမန်နေ့(ဖေဖော်ဝါရီ ၁၁ ရက်) ည ၉နာရီခွဲအချိန်ခန့်က မဟာအောင်မြေမြို့နယ် ၃၈လမ်း၊၇၆×၇၈ လမ်းကြားတွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ လမ်းကြားအတွင်းသို့ အသက်(၅၇)နှစ်အရွယ် အမျိုးသားတစ်ဦးက Max II ကားဖြင့်ရောက်ရှိလာပြီး အပေါ့ဆင်းသွားနေစဉ် ဆိုင်ကယ်(၂)စီးဖြင့် လူ(၄)ဦးက ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းအမျိုးသားအား“ဘာလုပ်နေတာလဲ”ဟုမေးကာ ကိုင်ဆောင်ထားဖုန်းကို စစ်ဆေးပြီးနောက် VPN ပါရှိသည်ဆိုကာ ပုသိမ်ကြီးမြို့နယ်၊ မြကျောက်ဘုရား YANKON စားသောက်ဆိုင်အနီးတွင် ကားပေါ်မှဆွဲချကာ ထိုးကြိတ်၍ ကားနှင့်ဖုန်းအား လုယက်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
“မန္တလေးမြို့ထဲမှာဖြစ်တာ။ သူကအပေါ့သွားနေတဲ့အချိန် လူ(၄)ယောက်ကရောက်လာပြီး သူ့ကားကိုလုသွားတာ။ မျက်နှာတစ်ခုလုံးတော့ ထိုးကြိတ်ထားတာ။ စပြီးဖြစ်တာကတော့ ၃၈ လမ်းကြားထဲမှာဖြစ်တာပေါ့။ အဲဒီကနေ ပုသိမ်ကြီးမြို့နယ်ထဲကိုရောက်လာတာပေါ့။ မျက်နှာအထိုးခံထားရတာဆိုတော့ မျက်လုံးတွေဖူးယောင်နေတာ”ဟု ရွှေကြေးစည်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ထိုးကြိတ်ရိုက်နှက်ခံရမှုကြောင့် ဝဲယာမျက်ကွင်းဖူးရောင်ညိုမဲဒဏ်ရာ၊ ယာဘက်နို့အုံအောက်ပေါက်ပြဲဒဏ်ရာ (၁)ချက်၊ ဝဲဘက် ခြေထောက်ပြတ်ရှဒဏ်ရာ(၁)ချက်တို့ ရရှိခဲ့ကြောင်း သိရ သည်။ ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူအမျိုးသားအား ရွှေကြေးစည်လူမှုကူညီရေးအသင်းက မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆက်လက်ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။
zawgyi version
လုံၿခဳံေရးတပ္ဖြဲ႕ဝင္ဟန္ပုံမွား႐ိုက္ကာ VPN ပါသည္ဆိုေသာအေၾကာင္းျပခ်က္ျဖင့္ ထိုးႀကိတ္႐ိုက္ႏွက္ၿပီး ကားႏွင့္ဖုန္းလုယက္မႈ မႏၲေလးတြင္ျဖစ္ပြား
သန႔္ဇင္(NP News)-ေဖေဖာ္ဝါရီ ၁၂
မႏၲေလးတြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ဟန္ပုံမွား႐ိုက္ကာ VPN ပါသည္ဆိုေသာအေၾကာင္းျပခ်က္ျဖင့္ ထိုးႀကိတ္႐ိုက္ႏွက္ၿပီး ကားႏွင့္ဖုန္း လုယက္မႈျဖစ္ပြားခဲ့ေၾကာင္း ေ႐ႊေၾကးစည္လူမႈကူညီေရးအသင္းထံမွ သိရသည္။
ယမန္ေန႔(ေဖေဖာ္ဝါရီ ၁၁ ရက္) ည ၉နာရီခြဲအခ်ိန္ခန႔္က မဟာေအာင္ေျမၿမိဳ႕နယ္ ၃၈လမ္း၊၇၆×၇၈ လမ္းၾကားတြင္ စတင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အဆိုပါ လမ္းၾကားအတြင္းသို႔ အသက္(၅၇)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးက Max II ကားျဖင့္ေရာက္ရွိလာၿပီး အေပါ့ဆင္းသြားေနစဥ္ ဆိုင္ကယ္(၂)စီးျဖင့္ လူ(၄)ဦးက ေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ၎အမ်ိဳးသားအား“ဘာလုပ္ေနတာလဲ”ဟုေမးကာ ကိုင္ေဆာင္ထားဖုန္းကို စစ္ေဆးၿပီးေနာက္ VPN ပါရွိသည္ဆိုကာ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ျမေက်ာက္ဘုရား YANKON စားေသာက္ဆိုင္အနီးတြင္ ကားေပၚမွဆြဲခ်ကာ ထိုးႀကိတ္၍ ကားႏွင့္ဖုန္းအား လုယက္ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။
“မႏၲေလးၿမိဳ႕ထဲမွာျဖစ္တာ။ သူကအေပါ့သြားေနတဲ့အခ်ိန္ လူ(၄)ေယာက္ကေရာက္လာၿပီး သူ႔ကားကိုလုသြားတာ။ မ်က္ႏွာတစ္ခုလုံးေတာ့ ထိုးႀကိတ္ထားတာ။ စၿပီးျဖစ္တာကေတာ့ ၃၈ လမ္းၾကားထဲမွာျဖစ္တာေပါ့။ အဲဒီကေန ပုသိမ္ႀကီးၿမိဳ႕နယ္ထဲကိုေရာက္လာတာေပါ့။ မ်က္ႏွာအထိုးခံထားရတာဆိုေတာ့ မ်က္လုံးေတြဖူးေယာင္ေနတာ”ဟု ေ႐ႊေၾကးစည္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ထိုးႀကိတ္႐ိုက္ႏွက္ခံရမႈေၾကာင့္ ဝဲယာမ်က္ကြင္းဖူးေရာင္ညိဳမဲဒဏ္ရာ၊ ယာဘက္ႏို႔အုံေအာက္ေပါက္ၿပဲဒဏ္ရာ (၁)ခ်က္၊ ဝဲဘက္ ေျခေထာက္ျပတ္ရွဒဏ္ရာ(၁)ခ်က္တို႔ ရရွိခဲ့ေၾကာင္း သိရ သည္။ ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူအမ်ိဳးသားအား ေ႐ႊေၾကးစည္လူမႈကူညီေရးအသင္းက မႏၲေလးၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး က်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီးရမိေရး ဆက္လက္ေဆာက္႐ြက္လ်က္ရွိေၾကာင္း သိရသည္။