ကျားဖျန့်/လူမှောင်ခို ပပျောက်နှိမ်နင်းရေး အတွက် BGF က ဗိုလ်မှူးကြီး ၄ ဦး ဦးဆောင်သော အထူးအဖွဲ့ကို စတင်ဖွဲ့စည်း
![](/img/icon_eye.svg)
202
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67ac5e14061d671acd099eaa/banner-67ac5e14061d671acd099eaa-x800.jpg)
သုတကျော် (NP News) - ဖေဖော်ဝါရီ ၁၂
နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) BGF က ကျားဖျန့်/လူမှောင်ခို ပပျောက်နှိမ်နင်းရေး အတွက် ဗိုလ်မှူးကြီး ၄ ဦး ဦးဆောင်သော အထူးအဖွဲ့ကို ယနေ့ (ဖေဖော်ဝါရီလ ၁၂ ရက်) စတင်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
ကျားဖျန့်၊ လူမှောင်ခိုနှင့် ပတ်သက်၍ အထူးအဖွဲ့ကို ဖွဲ့စည်းကာ တစ်ယောက်မကျန် ဖမ်းပြီး ပြန်ပို့မည် ဖြစ်ကြောင်း၊ ထိုသို့ ဖွဲ့စည်းကာဖမ်းမည် ဖြစ်ကြောင်းကို တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ကိုလည်း တင်ပြခိုင်းပြီးဖြစ်ကြောင်း ဗိုလ်မှူးကြီးစောချစ်သူ ကပြောပြီးနောက် ယနေ့တွင် အထက်ပါ အဖွဲ့ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။
BGF ၏ ဗဟိုအကြံပေး နှင့် ကွပ်ကဲရေးအဖွဲ့က အစည်းအဝေးပြုလုပ်ကာ ကျားဖျန့်/လူမှောင်ခို ပပျောက်နှိမ်နင်ရေး အထူးအဖွဲ့ ဖွဲ့စည်းရာတွင် (၄) ဖွဲ့ပါဝင်ပြီး ကြီးကြပ်ရေး နှင့် ပို့ဆောင်ရေးအဖွဲ့ အောက်တွင် အဖွဲ့ (၁)၊ (၂)၊ (၃) ဟု ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ကြီးကြပ်ရေး နှင့် ပို့ဆောင်ရေးအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဗိုလ်မှူးကြီး စောဒိဒိ က ဦးဆောင်ကာ ဒုတိယ အဖွဲ့ခေါင်းဆောင်အဖြစ် ဒုတိယဗိုလ်မှူးကြီး စောကျောဖော၊ အဖွဲ့ဝင်များအဖြစ် ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်၊ ဒုတိယဗိုလ်မှူးကြီး စောမောင်လေး၊ ဗိုလ်မှူး စောအောင်နိုင်ဦး၊ ဗိုလ်မှူးစောယဉ်ကြည်နှင့် ဗိုလ်မှူး မျိုးကျော်ခိုင်တို့ ပါဝင်သည်။
အဖွဲ့ (၁) တွင် ဗိုလ်မှူးကြီး စောဆန်းလင်းက အဖွဲ့ခေါင်းဆောင်၊ ဒုတိယဗိုလ်မှူးကြီး စောချစ်ချစ်က ဒုတိယခေါင်းဆောင်အဖြစ် ပါဝင်ပြီး အဖွဲ့ (၂) တွင် ဗိုလ်မှူးကြီးစောပါပီက အဖွဲ့ခေါင်းဆောင်၊ ဒုတိယ ဗိုလ်မှူးကြီးစောပေါ်ပယ်က ဒုတိယခေါင်းဆောင်အဖြစ်ပါဝင်ကာ အဖွဲ့ (၃) တွင် ဒုတိယဗိုလ်မှူးကြီး စောမောင်တူးက အဖွဲ့ခေါင်းဆောင်၊ ဗိုလ်မှူးစောတာဘလဲ့ က ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်ခြင်း ဖြစ်သည်။
အဖွဲ့ (၄) ဖွဲ့ အနက် အဖွဲ့ (၁) တွင် အဖွဲ့ဝင်များ အဖြစ် ဦးမင်းမင်းဦး၊ ကိုသန့်ဇင်၊ ကိုမောင်မောင်၊ ဆရာချာလီ၊ ကိုဘိုဘို စသော အရပ်သားများလည်း ပါဝင်ကြောင်း တွေ့ရကာ ကော်မတီ အားလုံးတွင် ပါဝင်သော အဖွဲ့ဝင်များအနက် အနိမ့်ဆုံး BGF စစ်ဘက်ဆိုင်ရာ အရာရှိများမှာ ဗိုလ်မှူးအဆင့် ဖြစ်ကြောင်း လည်း တွေ့မြင်ရသည်။
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67ac5e14061d671acd099eaa/body-image-67ac5e14061d671acd099eaa-0.jpg)
Zawgyi Version:
က်ားဖ်န႔္/လူေမွာင္ခို ပေပ်ာက္ႏွိမ္နင္းေရး အတြက္ BGF က ဗိုလ္မႉးႀကီး ၄ ဦး ဦးေဆာင္ေသာ အထူးအဖြဲ႕ကို စတင္ဖြဲ႕စည္း
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၁၂
နယ္ျခားေစာင့္တပ္ (ကရင္ျပည္နယ္) BGF က က်ားဖ်န႔္/လူေမွာင္ခို ပေပ်ာက္ႏွိမ္နင္းေရး အတြက္ ဗိုလ္မႉးႀကီး ၄ ဦး ဦးေဆာင္ေသာ အထူးအဖြဲ႕ကို ယေန႔ (ေဖေဖာ္ဝါရီလ ၁၂ ရက္) စတင္ဖြဲ႕စည္းလိုက္ေၾကာင္း သိရသည္။
က်ားဖ်န႔္၊ လူေမွာင္ခိုႏွင့္ ပတ္သက္၍ အထူးအဖြဲ႕ကို ဖြဲ႕စည္းကာ တစ္ေယာက္မက်န္ ဖမ္းၿပီး ျပန္ပို႔မည္ ျဖစ္ေၾကာင္း၊ ထိုသို႔ ဖြဲ႕စည္းကာဖမ္းမည္ ျဖစ္ေၾကာင္းကို တပ္မေတာ္စစ္ဘက္ေရးရာလုံၿခဳံေရးအရာရွိခ်ဳပ္ကိုလည္း တင္ျပခိုင္းၿပီးျဖစ္ေၾကာင္း ဗိုလ္မႉးႀကီးေစာခ်စ္သူ ကေျပာၿပီးေနာက္ ယေန႔တြင္ အထက္ပါ အဖြဲ႕ဖြဲ႕စည္းလိုက္ျခင္း ျဖစ္သည္။
BGF ၏ ဗဟိုအႀကံေပး ႏွင့္ ကြပ္ကဲေရးအဖြဲ႕က အစည္းအေဝးျပဳလုပ္ကာ က်ားဖ်န႔္/လူေမွာင္ခို ပေပ်ာက္ႏွိမ္နင္ေရး အထူးအဖြဲ႕ ဖြဲ႕စည္းရာတြင္ (၄) ဖြဲ႕ပါဝင္ၿပီး ႀကီးၾကပ္ေရး ႏွင့္ ပို႔ေဆာင္ေရးအဖြဲ႕ ေအာက္တြင္ အဖြဲ႕ (၁)၊ (၂)၊ (၃) ဟု ဖြဲ႕စည္းထားျခင္း ျဖစ္သည္။
ႀကီးၾကပ္ေရး ႏွင့္ ပို႔ေဆာင္ေရးအဖြဲ႕တြင္ အဖြဲ႕ေခါင္းေဆာင္အျဖစ္ ဗိုလ္မႉးႀကီး ေစာဒိဒိ က ဦးေဆာင္ကာ ဒုတိယ အဖြဲ႕ေခါင္းေဆာင္အျဖစ္ ဒုတိယဗိုလ္မႉးႀကီး ေစာေက်ာေဖာ၊ အဖြဲ႕ဝင္မ်ားအျဖစ္ ဒုတိယဗိုလ္မႉးႀကီး ႏိုင္ေမာင္ေဇာ္၊ ဒုတိယဗိုလ္မႉးႀကီး ေစာေမာင္ေလး၊ ဗိုလ္မႉး ေစာေအာင္ႏိုင္ဦး၊ ဗိုလ္မႉးေစာယဥ္ၾကည္ႏွင့္ ဗိုလ္မႉး မ်ိဳးေက်ာ္ခိုင္တို႔ ပါဝင္သည္။
အဖြဲ႕ (၁) တြင္ ဗိုလ္မႉးႀကီး ေစာဆန္းလင္းက အဖြဲ႕ေခါင္းေဆာင္၊ ဒုတိယဗိုလ္မႉးႀကီး ေစာခ်စ္ခ်စ္က ဒုတိယေခါင္းေဆာင္အျဖစ္ ပါဝင္ၿပီး အဖြဲ႕ (၂) တြင္ ဗိုလ္မႉးႀကီးေစာပါပီက အဖြဲ႕ေခါင္းေဆာင္၊ ဒုတိယ ဗိုလ္မႉးႀကီးေစာေပၚပယ္က ဒုတိယေခါင္းေဆာင္အျဖစ္ပါဝင္ကာ အဖြဲ႕ (၃) တြင္ ဒုတိယဗိုလ္မႉးႀကီး ေစာေမာင္တူးက အဖြဲ႕ေခါင္းေဆာင္၊ ဗိုလ္မႉးေစာတာဘလဲ့ က ဒုတိယအဖြဲ႕ေခါင္းေဆာင္အျဖစ္ ပါဝင္ျခင္း ျဖစ္သည္။
အဖြဲ႕ (၄) ဖြဲ႕ အနက္ အဖြဲ႕ (၁) တြင္ အဖြဲ႕ဝင္မ်ား အျဖစ္ ဦးမင္းမင္းဦး၊ ကိုသန႔္ဇင္၊ ကိုေမာင္ေမာင္၊ ဆရာခ်ာလီ၊ ကိုဘိုဘို စေသာ အရပ္သားမ်ားလည္း ပါဝင္ေၾကာင္း ေတြ႕ရကာ ေကာ္မတီ အားလုံးတြင္ ပါဝင္ေသာ အဖြဲ႕ဝင္မ်ားအနက္ အနိမ့္ဆုံး BGF စစ္ဘက္ဆိုင္ရာ အရာရွိမ်ားမွာ ဗိုလ္မႉးအဆင့္ ျဖစ္ေၾကာင္း လည္း ေတြ႕ျမင္ရသည္။