မြိတ်တွင် ကျောင်းသားများပါလာသောကားကို မိုင်းထောင်ဖောက်ခွဲခံရသဖြင့် ကျောင်းသား(၂)ဦး ထိခိုက်ဒဏ်ရာရရှိ

 591

ချယ်ရီ(NP News)_ ဖေဖော်ဝါရီ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် ကျောင်းသားများပါလာသောကားကို မိုင်းထောင်ဖောက်ခွဲခံရသဖြင့် ကျောင်းသား(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဖြစ်စဉ်မှာ ပြီးခဲ့သည့် (ဖေဖော်ဝါရီလ ၁၁ ရက်)၊ မွန်းလွဲ (၁၂)နာရီအချိန်ခန့်က မြိတ်မြို့၊ တုံးဗျောကြီးကျေးရွာ၏ ၃ မိုင်ခန့်အကွာ၊ တောင်ပုကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တုံးဗျောကြီးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (တုံးဗျောကြီး)မှ မူလတန်းပြဆရာ(၁) ဦးနှင့် ကျောင်းသား (၆) ဦးတို့သည် စာမေးပွဲများ ဖြေဆိုရန်အတွက် လိုအပ်သည့် စာသင်ခုံများသယ်ယူရန် တောင်ဖီလာကျေးရွာရှိ အခြေခံပညာအထက် တန်းကျောင်း (တောင်ဖီလာ)သို့ ကားတစ်စီးဖြင့် ထွက်ခွာလာစဉ် တုံးဗျောကြီးကျေးရွာ၏ ၃ မိုင်ခန့်အကွာရှိ တောင်ပုကျေးရွာအနီးသို့အရောက်တွင် အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်မှုကို ခံခဲ့ရကြောင်း သိရသည်။
ထို့ကြောင့်ယာဉ်ပေါ်တွင် လိုက်ပါလာသော ကျောင်းသားများအနက် မောင်ထက်ရဲကိုနှင့် မောင်ထက်ရဲလင်းတို့တွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ဖြစ်ပွားသည့်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ကာ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး မိုင်းစထိမှန်ဒဏ်ရာ ရရှိခဲ့သည့် ကျောင်းသား (၂) ဦးကို မြိတ်မြို့နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မိုင်းထောင်ဖောက်ခွဲခဲ့သည့် အကြမ်းဖက်သမားများကို ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရန်အတွက် ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းတို့ကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
အကြမ်းဖက်သမားများသည် အေးချမ်းစွာပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ကျောင်းသူများနှင့် ဆရာ၊ ဆရာမများကို နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်အကြပ်ကိုင်ခြင်းနှင့် ဖမ်းဆီးသတ်ဖြတ်ခြင်း စသည်ဖြင့် အဖျက်အမှောက်လုပ်ငန်းများကို နည်းလမ်း မျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိကြောင်းလည်း သိရသည်။

Zawgyi Version:
ၿမိတ္တြင္ ေက်ာင္းသားမ်ားပါလာေသာကားကို မိုင္းေထာင္ေဖာက္ခြဲခံရသျဖင့္ ေက်ာင္းသား(၂)ဦး ထိခိုက္ဒဏ္ရာရရွိ
ခ်ယ္ရီ(NP News)_ ေဖေဖာ္ဝါရီ ၁၃
တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ၿမိဳ႕နယ္တြင္ ေက်ာင္းသားမ်ားပါလာေသာကားကို မိုင္းေထာင္ေဖာက္ခြဲခံရသျဖင့္ ေက်ာင္းသား(၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါျဖစ္စဥ္မွာ ၿပီးခဲ့သည့္ (ေဖေဖာ္ဝါရီလ ၁၁ ရက္)၊ မြန္းလြဲ (၁၂)နာရီအခ်ိန္ခန႔္က ၿမိတ္ၿမိဳ႕၊ တုံးေဗ်ာႀကီးေက်း႐ြာ၏ ၃ မိုင္ခန႔္အကြာ၊ ေတာင္ပုေက်း႐ြာအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
တုံးေဗ်ာႀကီးေက်း႐ြာရွိ အေျခခံပညာအထက္တန္းေက်ာင္း (တုံးေဗ်ာႀကီး)မွ မူလတန္းျပဆရာ(၁) ဦးႏွင့္ ေက်ာင္းသား (၆) ဦးတို႔သည္ စာေမးပြဲမ်ား ေျဖဆိုရန္အတြက္ လိုအပ္သည့္ စာသင္ခုံမ်ားသယ္ယူရန္ ေတာင္ဖီလာေက်း႐ြာရွိ အေျခခံပညာအထက္ တန္းေက်ာင္း (ေတာင္ဖီလာ)သို႔ ကားတစ္စီးျဖင့္ ထြက္ခြာလာစဥ္ တုံးေဗ်ာႀကီးေက်း႐ြာ၏ ၃ မိုင္ခန႔္အကြာရွိ ေတာင္ပုေက်း႐ြာအနီးသို႔အေရာက္တြင္ အၾကမ္းဖက္သမားမ်ား၏ မိုင္းေထာင္ေဖာက္ခြဲတိုက္ခိုက္မႈကို ခံခဲ့ရေၾကာင္း သိရသည္။
ထို႔ေၾကာင့္ယာဥ္ေပၚတြင္ လိုက္ပါလာေသာ ေက်ာင္းသားမ်ားအနက္ ေမာင္ထက္ရဲကိုႏွင့္ ေမာင္ထက္ရဲလင္းတို႔တြင္ မိုင္းစထိမွန္ ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္ျဖစ္ပြားသည့္ေနရာသို႔ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္ကာ လုံၿခဳံေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ၿပီး မိုင္းစထိမွန္ဒဏ္ရာ ရရွိခဲ့သည့္ ေက်ာင္းသား (၂) ဦးကို ၿမိတ္ၿမိဳ႕နယ္ရွိ နယ္ေျမခံတပ္မေတာ္ေဆး႐ုံသို႔ ေဆးကုသမႈခံယူရန္ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
မိုင္းေထာင္ေဖာက္ခြဲခဲ့သည့္ အၾကမ္းဖက္သမားမ်ားကို ေဖာ္ထုတ္ဖမ္းဆီး အေရးယူႏိုင္ရန္အတြက္ ေဒသခံျပည္သူမ်ားႏွင့္ ပူးေပါင္း၍ လုံၿခဳံေရးလုပ္ငန္းတို႔ကို တိုးျမႇင့္ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း သိရသည္။
အၾကမ္းဖက္သမားမ်ားသည္ ေအးခ်မ္းစြာပညာသင္ၾကားလ်က္ရွိေသာ ေက်ာင္းသား၊ေက်ာင္းသူမ်ားႏွင့္ ဆရာ၊ ဆရာမမ်ားကို ေႏွာင့္ယွက္ျခင္း၊ ၿခိမ္းေျခာက္အၾကပ္ကိုင္ျခင္းႏွင့္ ဖမ္းဆီးသတ္ျဖတ္ျခင္း စသည္ျဖင့္ အဖ်က္အေမွာက္လုပ္ငန္းမ်ားကို နည္းလမ္း မ်ိဳးစုံျဖင့္ လုပ္ေဆာင္လ်က္ရွိေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.