ပတ်ဝန်းကျင်အနှောက်အယှက်ဖြစ်စေသည့် တာချီလိတ်မှ လောင်းကစားရုံများ ပြည်သူများ၏လုံခြုံမှုကို ခြိမ်းခြောက်နေ

732

သန့်ဇင်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ လောင်းကစားရုံများသည် ပတ်ဝန်းကျင်အနှောက်အယှက်ဖြစ်စေသည့်အပြင် ပြည်သူများ၏ လုံခြုံမှုကိုပါ ခြိမ်းခြောက် လာနေ ကြောင်း ဒေသခံများက The Statesmanဂျာနယ်သို့ ပြောသည်။
တာချီလိတ်မြို့၊ ဝမ်ပိုင်ရပ်ကွက်တွင် ကိုယ်ပိုင်အိမ်လုံးချင်းများငှားရမ်းကာ အထက်ပါ တရားမဝင်လောင်းကစားလုပ်ငန်းများ လုပ်ကိုင် နေသည်ကိုအများဆုံးတွေ့ ရှိရသည်ကြောင်းလည်း ဒေသခံများက ဆိုသည်။
“ဂိမ်းခုံတွေရှိတယ်။ ငါးပစ်ဂိမ်းတွေပေါ့။ အိမ်လုံးချင်းတွေငှားပြီးလုပ်ကြတာ။ အဲဒီမှာ လူတွေလာကြတယ်။ သူတို့က ညလုံးပေါက်တွေ လုပ်ကြတာ။ အဲဒီနေရာနဲ့အနီးနားအိမ်တွေမှာဆိုရင်လည်း လူကြီးတွေရှိတယ်လေ။ ရပ်ကွက်ကိုသွားပြောရင်လည်း မရဘူး။ သူတိုက ပိုင် တယ်ဆိုတဲ့ ပုံစံမျိုးနဲ့လုပ်နေကြတာ။ လူကြီးတွေက ညပိုင်းအိပ်ချိန်ရောက်နေတာတောင် အိပ်လို့မရဘူး။ နောက်ပြီးတော့ အငွေ့တွေ ထွက်တယ်။ ဆေးတွေသုံးကြတာလား တော့မပြောတတ်ဘူး။ အဲဒီအငွေ့တွေကအနားက အိမ်တွေထဲကိုဝင်ပြီးတော့ အသက်ကြီးပိုင်း လူကြီး တွေဆိုရင် ညပိုင်းလည်း အိပ်လို့မရဘူးဖြစ်နေကြတာ”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါလုပ်ငန်းများသာ် ယခုနောက်ပိုင်းတွင် ပိုမိုကာ ပေါ်ပေါ်ထင်ထင်ဆောင်ရွက်လာကြကြောင်းလည်း ၎င်းကဆိုသည်။
“သွားပြောလို့ နာမည်ထွက်သွားရင်တောင် ကြောက်နေရတာ။ အိမ်ရှင်တွေကလည်း အဲဒီလုပ်ငန်းလုပ်မယ်ဆိုတာကို သိသိကြီးနဲ့ငှားကြ တာ။ အဲဒီရပ်ကွက်တွေဆိုရင် စိတ်ငြိမ်ရပ်ကွက်လေးတွေလေ။ သူတိုက ညလုံးပေါက်လုပ်နေကြတာပေါ့။ အနားက အသက်(၅၀)ကျော် (၆၀)ကျော်တွေ ဆိုရင် ညတွေအိပ်မရတာ ရက်ကဆက်ဆက်နေတော့ အစားအသောက်တွေပျက်ပြီးတော့ ဖြစ်လာတယ်။ ဘယ်သူဘယ် ဝါကို သွားတိုင်ရမှန်းလည်းမသိဘူးဖြစ်နေတာ။ အခုနောက်ပိုင်းဆိုရင် ပေါ်ပေါ်ထင်ထင်ကို လုပ်နေတာ”ဟု ၎င်းကဆက်ပြောသည်။
လက်ရှိတွင် တရားမဝင်လောင်းကစားရုံများယင်ခင်ထက်များပြားလာသောကြောင့် တာချီလိတ်မြို့တွင် ခိုးဆိုးလုယက်မှုများလည်း ယခင်ထက် များပြားလာသည့်အပြင် ယင်းလုပ်ငန်းများနှင့်နီးစပ်ရာနေအိမ်များမှာ စိုးရိမ်ထိတ်လန့်မှုများရှိနေကြောင်း သိရသည်။
“အဲဒါကတွေအနီးနားမှာဖြစ်နေရင် အဲဒီကိုလာတဲ့လူတွေက ဘယ်သူဘယ်ဝါတွေမှန်းမသိတော့ အိမ်တွေကိုသံဆူးကြိုးတွေနဲ့ တပ်ပြီး ကိုယ့်ဟာကို လုံခြုံအောင်နေနေရတာ။ ဒေသခံတွေက အကုန်ကြောက်နေရတာ။ အခုနောက်ပိုင်းမှာ ပိုက်ဆံအိတ်အလုခံရတာတို့ ဆိုင်ကယ်အလုခံရတာတို့ကလည်း အဲဒါတွေကြောင့် ဖြစ်တာတာ။ အဲဒီရုံတွေရှိတဲ့နေရာကလည်း စိတ်ငြိမ်ရပ်ကွက်တွေဖြစ်ပေမယ့် ပတ်ဝန်းကျင်ကို ဂရုမစိုက်ပဲလုပ်နေကြတာ ”ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။
တာချီလိတ်မြို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ရက်ကစတင်ကာ ထိုင်းအစိုးရက လျှပ်စစ်မီးဖြတ်တောက်ခဲ့သော်လည်း နာရီပိုင်းအကြာတွင် လာအိုနိုင်ငံမှပေးသော လျှပ်စစ်(၁၃)မဂ္ဂါဝက်ကို ပြန်လည်ရရှိခဲ့ရာ တရားမဝင်လောင်းကစားလုပ်ငန်းအများလည်း အသက်ဆက်လာခဲ့ ကြောင်း သိရသည်။

Zawgyi Version:
ပတ္ဝန္းက်င္အေႏွာက္အယွက္ျဖစ္ေစသည့္ တာခ်ီလိတ္မွ ေလာင္းကစား႐ုံမ်ား ျပည္သူမ်ား၏လုံၿခဳံမႈကို ၿခိမ္းေျခာက္ေန
သန႔္ဇင္
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕မွ ေလာင္းကစား႐ုံမ်ားသည္ ပတ္ဝန္းက်င္အေႏွာက္အယွက္ျဖစ္ေစသည့္အျပင္ ျပည္သူမ်ား၏ လုံၿခဳံမႈကိုပါ ၿခိမ္းေျခာက္ လာေန ေၾကာင္း ေဒသခံမ်ားက The Statesmanဂ်ာနယ္သို႔ ေျပာသည္။
တာခ်ီလိတ္ၿမိဳ႕၊ ဝမ္ပိုင္ရပ္ကြက္တြင္ ကိုယ္ပိုင္အိမ္လုံးခ်င္းမ်ားငွားရမ္းကာ အထက္ပါ တရားမဝင္ေလာင္းကစားလုပ္ငန္းမ်ား လုပ္ကိုင္ ေနသည္ကိုအမ်ားဆုံးေတြ႕ ရွိရသည္ေၾကာင္းလည္း ေဒသခံမ်ားက ဆိုသည္။
“ဂိမ္းခုံေတြရွိတယ္။ ငါးပစ္ဂိမ္းေတြေပါ့။ အိမ္လုံးခ်င္းေတြငွားၿပီးလုပ္ၾကတာ။ အဲဒီမွာ လူေတြလာၾကတယ္။ သူတို႔က ညလုံးေပါက္ေတြ လုပ္ၾကတာ။ အဲဒီေနရာနဲ႔အနီးနားအိမ္ေတြမွာဆိုရင္လည္း လူႀကီးေတြရွိတယ္ေလ။ ရပ္ကြက္ကိုသြားေျပာရင္လည္း မရဘူး။ သူတိုက ပိုင္ တယ္ဆိုတဲ့ ပုံစံမ်ိဳးနဲ႔လုပ္ေနၾကတာ။ လူႀကီးေတြက ညပိုင္းအိပ္ခ်ိန္ေရာက္ေနတာေတာင္ အိပ္လို႔မရဘူး။ ေနာက္ၿပီးေတာ့ အေငြ႕ေတြ ထြက္တယ္။ ေဆးေတြသုံးၾကတာလား ေတာ့မေျပာတတ္ဘူး။ အဲဒီအေငြ႕ေတြကအနားက အိမ္ေတြထဲကိုဝင္ၿပီးေတာ့ အသက္ႀကီးပိုင္း လူႀကီး ေတြဆိုရင္ ညပိုင္းလည္း အိပ္လို႔မရဘူးျဖစ္ေနၾကတာ”ဟု ေဒသခံအမ်ိဳးသမီးတစ္ဦးက ေျပာသည္။
အဆိုပါလုပ္ငန္းမ်ားသာ္ ယခုေနာက္ပိုင္းတြင္ ပိုမိုကာ ေပၚေပၚထင္ထင္ေဆာင္႐ြက္လာၾကေၾကာင္းလည္း ၎ကဆိုသည္။
“သြားေျပာလို႔ နာမည္ထြက္သြားရင္ေတာင္ ေၾကာက္ေနရတာ။ အိမ္ရွင္ေတြကလည္း အဲဒီလုပ္ငန္းလုပ္မယ္ဆိုတာကို သိသိႀကီးနဲ႔ငွားၾက တာ။ အဲဒီရပ္ကြက္ေတြဆိုရင္ စိတ္ၿငိမ္ရပ္ကြက္ေလးေတြေလ။ သူတိုက ညလုံးေပါက္လုပ္ေနၾကတာေပါ့။ အနားက အသက္(၅၀)ေက်ာ္ (၆၀)ေက်ာ္ေတြ ဆိုရင္ ညေတြအိပ္မရတာ ရက္ကဆက္ဆက္ေနေတာ့ အစားအေသာက္ေတြပ်က္ၿပီးေတာ့ ျဖစ္လာတယ္။ ဘယ္သူဘယ္ ဝါကို သြားတိုင္ရမွန္းလည္းမသိဘူးျဖစ္ေနတာ။ အခုေနာက္ပိုင္းဆိုရင္ ေပၚေပၚထင္ထင္ကို လုပ္ေနတာ”ဟု ၎ကဆက္ေျပာသည္။
လက္ရွိတြင္ တရားမဝင္ေလာင္းကစား႐ုံမ်ားယင္ခင္ထက္မ်ားျပားလာေသာေၾကာင့္ တာခ်ီလိတ္ၿမိဳ႕တြင္ ခိုးဆိုးလုယက္မႈမ်ားလည္း ယခင္ထက္ မ်ားျပားလာသည့္အျပင္ ယင္းလုပ္ငန္းမ်ားႏွင့္နီးစပ္ရာေနအိမ္မ်ားမွာ စိုးရိမ္ထိတ္လန႔္မႈမ်ားရွိေနေၾကာင္း သိရသည္။
“အဲဒါကေတြအနီးနားမွာျဖစ္ေနရင္ အဲဒီကိုလာတဲ့လူေတြက ဘယ္သူဘယ္ဝါေတြမွန္းမသိေတာ့ အိမ္ေတြကိုသံဆူးႀကိဳးေတြနဲ႔ တပ္ၿပီး ကိုယ့္ဟာကို လုံၿခဳံေအာင္ေနေနရတာ။ ေဒသခံေတြက အကုန္ေၾကာက္ေနရတာ။ အခုေနာက္ပိုင္းမွာ ပိုက္ဆံအိတ္အလုခံရတာတို႔ ဆိုင္ကယ္အလုခံရတာတို႔ကလည္း အဲဒါေတြေၾကာင့္ ျဖစ္တာတာ။ အဲဒီ႐ုံေတြရွိတဲ့ေနရာကလည္း စိတ္ၿငိမ္ရပ္ကြက္ေတြျဖစ္ေပမယ့္ ပတ္ဝန္းက်င္ကို ဂ႐ုမစိုက္ပဲလုပ္ေနၾကတာ ”ဟု အထက္ပါသတင္းရင္းျမစ္က ေျပာသည္။
တာခ်ီလိတ္ၿမိဳ႕ကို ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ ၅ရက္ကစတင္ကာ ထိုင္းအစိုးရက လွ်ပ္စစ္မီးျဖတ္ေတာက္ခဲ့ေသာ္လည္း နာရီပိုင္းအၾကာတြင္ လာအိုႏိုင္ငံမွေပးေသာ လွ်ပ္စစ္(၁၃)မဂၢါဝက္ကို ျပန္လည္ရရွိခဲ့ရာ တရားမဝင္ေလာင္းကစားလုပ္ငန္းအမ်ားလည္း အသက္ဆက္လာခဲ့ ေၾကာင္း သိရသည္။