ရွှေကုက္ကိုလ်တွင် ကျားဖျန့်လုပ်ဆောင်ရန် လူကုန်ကူးခြင်းခံရသော တရုတ်နိုင်ငံသား(၂၀၀)ကို ယမန်နေ့က ဖော်ထုတ်ရမိခဲ့ရာ လွှဲပြောင်းပေးရန် စီစဉ်နေ

 319

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၁၅

ကရင်ပြည်နယ်၊ မြန်မာ-ရွှေကုက္ကိုလ်တွင် ကျားဖျန့်လုပ်ဆောင်ရန် လူကုန်ကူးခြင်းခံရသော တရုတ်နိုင်ငံသား (၂၀၀) ကို ယမန်နေ့က ဖော်ထုတ်ရမိခဲ့ရာ လွှဲပြောင်းပေးရန် စီစဉ်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်း ထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ယမန်နေ့(ဖေဖော်ဝါရီလ ၁၄ ရက်)၊ ည ၇ နာရီချိန်ခန့်တွင် မြဝတီ-ရွှေကုက္ကိုလ် နယ်မြေအတွင်း ကျားဖျန့်လုပ်ငန်း များလုပ်ကိုင်ရန်နှင့် ထိုင်းနိုင်ငံတွင် အလုပ်အကိုင်ရရှိရေး ငွေကြေးမက်လုံးပေးစည်းရုံးမှုများဖြင့် အဓမ္မလူကုန်ကူး ခြင်းခံရသည့် တရုတ်နိုင်ငံသား အမျိုးသား (၁၉၄)ဦး၊ အမျိုးသမီး (၆)ဦး၊ စုစုပေါင်း (၂၀၀) ဦးတို့အား ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ တရုတ်နိုင်ငံသား(၂၀၀)ဦးအား စစ်ဆေးမှုများပြုလုပ်ကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ တရုတ်နိုင်ငံမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

နယ်စပ်ဒေသများတွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအပေါ်အခွင့်ကောင်းယူ၍ ပြည်ပနိုင်ငံသားအချို့က EAO လက်နက် ကိုင် အဖွဲ့များအပါအဝင် ဆက်စပ်နေရာများမှ ကိုယ်ကျိုးစီးပွားရှာသူများ၏ ပါဝင်ပတ်သက်မှုများ ဖြင့် အွန်လိုင်းလိမ်လည်မှုများ၊အွန်လိုင်း လောင်းကစားမှုများတွင် ပါဝင်ဆောင်ရွက်နေမှုများ၊ တရားမဝင် ဝင်ရောက်နေထိုင်မှုများလုပ်နေလျက်ရှိကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက် နှင့် ၁၃ရက်ကလည်း တာချီလိတ်မြို့၊ ဆန်ဆိုင်း (က) ရပ်ကွက်တွင် ထိုင်းနိုင်ငံတွင် နေထိုင်သူ ဝယ်ဆန် ငှားရမ်းထားသည့် နေအိမ်၌ ကျားဖျန့်လုပ်ငန်းလုပ်ကိုင်နေသော ထိုင်းနိုင်ငံသား အမျိုးသား(၇)ဦးအပါအဝင် (၂၉)ဦးဖမ်းမိရမိခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

Zawgyi Version:
Zawgyi Version:
ေ႐ႊကုကၠိဳလ္တြင္ က်ားဖ်န႔္လုပ္ေဆာင္ရန္ လူကုန္ကူးျခင္းခံရေသာ တ႐ုတ္ႏိုင္ငံသား(၂၀၀)ကို ယမန္ေန႔က ေဖာ္ထုတ္ရမိခဲ့ရာ လႊဲေျပာင္းေပးရန္ စီစဥ္ေန
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၁၅

ကရင္ျပည္နယ္၊ ျမန္မာ-ေ႐ႊကုကၠိဳလ္တြင္ က်ားဖ်န႔္လုပ္ေဆာင္ရန္ လူကုန္ကူးျခင္းခံရေသာ တ႐ုတ္ႏိုင္ငံသား (၂၀၀) ကို ယမန္ေန႔က ေဖာ္ထုတ္ရမိခဲ့ရာ လႊဲေျပာင္းေပးရန္ စီစဥ္ေနေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီသတင္း ထုတ္ျပန္ေရးအဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

ယမန္ေန႔(ေဖေဖာ္ဝါရီလ ၁၄ ရက္)၊ ည ၇ နာရီခ်ိန္ခန႔္တြင္ ျမဝတီ-ေ႐ႊကုကၠိဳလ္ နယ္ေျမအတြင္း က်ားဖ်န႔္လုပ္ငန္း မ်ားလုပ္ကိုင္ရန္ႏွင့္ ထိုင္းႏိုင္ငံတြင္ အလုပ္အကိုင္ရရွိေရး ေငြေၾကးမက္လုံးေပးစည္း႐ုံးမႈမ်ားျဖင့္ အဓမၼလူကုန္ကူး ျခင္းခံရသည့္ တ႐ုတ္ႏိုင္ငံသား အမ်ိဳးသား (၁၉၄)ဦး၊ အမ်ိဳးသမီး (၆)ဦး၊ စုစုေပါင္း (၂၀၀) ဦးတို႔အား ေဖာ္ထုတ္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ အဆိုပါ တ႐ုတ္ႏိုင္ငံသား(၂၀၀)ဦးအား စစ္ေဆးမႈမ်ားျပဳလုပ္ကာ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ တ႐ုတ္ႏိုင္ငံမွ တာဝန္ရွိသူမ်ားထံသို႔ လႊဲေျပာင္းေပးအပ္သြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။

နယ္စပ္ေဒသမ်ားတြင္ လက္ရွိျဖစ္ေပၚေနသည့္ အေျခအေနမ်ားအေပၚအခြင့္ေကာင္းယူ၍ ျပည္ပႏိုင္ငံသားအခ်ိဳ႕က EAO လက္နက္ ကိုင္ အဖြဲ႕မ်ားအပါအဝင္ ဆက္စပ္ေနရာမ်ားမွ ကိုယ္က်ိဳးစီးပြားရွာသူမ်ား၏ ပါဝင္ပတ္သက္မႈမ်ား ျဖင့္ အြန္လိုင္းလိမ္လည္မႈမ်ား၊အြန္လိုင္း ေလာင္းကစားမႈမ်ားတြင္ ပါဝင္ေဆာင္႐ြက္ေနမႈမ်ား၊ တရားမဝင္ ဝင္ေရာက္ေနထိုင္မႈမ်ားလုပ္ေနလ်က္ရွိေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ ၁၂ ရက္ ႏွင့္ ၁၃ရက္ကလည္း တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္း (က) ရပ္ကြက္တြင္ ထိုင္းႏိုင္ငံတြင္ ေနထိုင္သူ ဝယ္ဆန္ ငွားရမ္းထားသည့္ ေနအိမ္၌ က်ားဖ်န႔္လုပ္ငန္းလုပ္ကိုင္ေနေသာ ထိုင္းႏိုင္ငံသား အမ်ိဳးသား(၇)ဦးအပါအဝင္ (၂၉)ဦးဖမ္းမိရမိခဲ့ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.