ကျားဖြန့်တိုက်ဖျက်ရေးအတွက် တရုတ်- မြန်မာ-ထိုင်း အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးပြုလုပ်ဖွယ်ရှိ

358

ချယ်ရီ (NP News) - ဖေဖော်ဝါရီ ၁၅
အွန်လိုင်းလောင်းကစားမှု (ကျားဖြန့်)တိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်-မြန်မာ-ထိုင်း (၃) နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ကျင်းပပြုလုပ်နိုင်ဖွယ်ရှိ ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ယမန်နေ့ (ဖေဖော်ဝါရီလ ၁၄ ရက်)၊ နံနက်ပိုင်း (၁၀) နာရီအချိန်ခန့်က နေပြည်တော်၊ ရုံးအမှတ် (၁၀) ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျား နှင့် တရုတ် ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာလျိုကျုံးရီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ကို လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ အွန်လိုင်းအသုံးပြုလောင်းကစားမှုများနှင့် ဆက်သွယ်ရေးလိမ်လည်မှုများ အပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများကို မြန်မာ-တရုတ်နှစ်နိုင်ငံ ပူးပေါင်းတားဆီးနှိမ်နင်းရေးကိစ္စရပ်များ နှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကရင်ပြည်နယ်၊ မြဝတီဒေသရှိ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ အွန်လိုင်းလိမ်လည်မှု တားဆီးနှိမ်နင်းရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေ အနေများ၊ မြန်မာနိုင်ငံတွင် အခက်အခဲများကြုံတွေ့နေရသဖြင့် ကူညီကယ်တင်ပေးနိုင်ပါရန် မေတ္တာရပ်ခံထား သော တရုတ်နိုင်ငံသားများနှင့် ပတ်သက်သည့်အခြေအနေနှင့် ၎င်းတို့အား ကူညီကယ်တင်/လွှဲပြောင်းနိုင်မှု အခြေအနေများ၊ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများကို ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူပြီး ပြည်နှင်၊ လွှဲပြောင်းမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတကာသို့ မျှဝေပြောကြားခဲ့မှုအခြေအနေများ၊ ကရင်ပြည်နယ် မြဝတီ နယ်မြေအတွင်း တရားမဝင်ရောက်ရှိနေသော နိုင်ငံခြားသားများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်နှင်နိုင်ရေး ဆောင်ရွက်နေမှုများကို ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ မိုင်းဟဒေသအတွင်း တရားမဝင် အွန်လိုင်းအသုံးပြု လိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းလုပ်ကိုင်သူများကို ဖမ်းဆီးအရေးယူခဲ့သည့် အခြေအနေများ၊ တရုတ်နိုင်ငံမှအလိုရှိသော တရားခံပြေးများနှင့်ပတ်သက်၍ ဖမ်းဆီးရမိမှုနှင့် ပြန်လည်လွှဲပြောင်းပေးနိုင်မှုအခြေ အနေများ၊ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီဒေသရှိ အွန်လိုင်းအသုံးပြု လိမ်လည်မှုနှင့် အွန်လိုင်းလောင်း ကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် တရုတ်-မြန်မာ-ထိုင်း (၃) နိုင်ငံအကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး ကျင်းပပြုလုပ်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ ဝန်ကြီးဌာန (၂) ခုအကြား လက်ရှိပူးပေါင်းဆောင်ရွက်နေသည့်ကိစ္စရပ်များနှင့် အနာဂတ်တွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Zawgyi Version:
က်ားျဖန႔္တိုက္ဖ်က္ေရးအတြက္ တ႐ုတ္- ျမန္မာ-ထိုင္း အဆင့္ျမင့္အရာရွိႀကီးမ်ား အစည္းအေဝးျပဳလုပ္ဖြယ္ရွိ
ခ်ယ္ရီ (NP News) - ေဖေဖာ္ဝါရီ ၁၅
အြန္လိုင္းေလာင္းကစားမႈ (က်ားျဖန႔္)တိုက္ဖ်က္ေရးလုပ္ငန္းမ်ားကို ထိေရာက္စြာ အေကာင္အထည္ေဖာ္ႏိုင္ေရး အတြက္ တ႐ုတ္-ျမန္မာ-ထိုင္း (၃) ႏိုင္ငံမွ အဆင့္ျမင့္အရာရွိႀကီးမ်ား အစည္းအေဝး က်င္းပျပဳလုပ္ႏိုင္ဖြယ္ရွိ ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္က ယမန္ေန႔ (ေဖေဖာ္ဝါရီလ ၁၄ ရက္)၊ နံနက္ပိုင္း (၁၀) နာရီအခ်ိန္ခန႔္က ေနျပည္ေတာ္၊ ႐ုံးအမွတ္ (၁၀) ရွိ ျပည္ထဲေရးဝန္ႀကီးဌာန၊ အစည္းအေဝးခန္းမတြင္ ျမန္မာႏိုင္ငံဆိုင္ရာတ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ သံအမတ္ႀကီး မစၥမာက်ား ႏွင့္ တ႐ုတ္ ျပည္သူ႔လုံၿခဳံေရးဆိုင္ရာဝန္ႀကီးဌာန၊ လက္ေထာက္ဝန္ႀကီး မစၥတာလ်ိဳက်ဳံးရီ ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕ ကို လက္ခံေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေတြ႕ဆုံစဥ္ ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံအၾကား လုံၿခဳံေရးႏွင့္ တရားဥပေဒစိုးမိုးေရးဆိုင္ရာ ကိစၥရပ္မ်ားတြင္ ပူးေပါင္းေဆာင္႐ြက္မႈတိုးျမႇင့္ေရး၊ အြန္လိုင္းအသုံးျပဳေလာင္းကစားမႈမ်ားႏွင့္ ဆက္သြယ္ေရးလိမ္လည္မႈမ်ား အပါအဝင္ နယ္စပ္ျဖတ္ေက်ာ္မႈခင္းမ်ားကို ျမန္မာ-တ႐ုတ္ႏွစ္ႏိုင္ငံ ပူးေပါင္းတားဆီးႏွိမ္နင္းေရးကိစၥရပ္မ်ား ႏွင့္ ႏွစ္ႏိုင္ငံခ်စ္ၾကည္ရင္းႏွီးစြာ ပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာကိစၥရပ္မ်ားကို ေဆြးေႏြးခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ကရင္ျပည္နယ္၊ ျမဝတီေဒသရွိ အြန္လိုင္းလိမ္လည္မႈႏွင့္ အြန္လိုင္းေလာင္းကစားမႈတိုက္ဖ်က္ေရး ပူးေပါင္း ေဆာင္႐ြက္လ်က္ရွိသည့္ ကိစၥရပ္မ်ား၊ အြန္လိုင္းလိမ္လည္မႈ တားဆီးႏွိမ္နင္းေရး လုပ္ငန္းေဆာင္႐ြက္ေနမႈအေျခ အေနမ်ား၊ ျမန္မာႏိုင္ငံတြင္ အခက္အခဲမ်ားႀကဳံေတြ႕ေနရသျဖင့္ ကူညီကယ္တင္ေပးႏိုင္ပါရန္ ေမတၱာရပ္ခံထား ေသာ တ႐ုတ္ႏိုင္ငံသားမ်ားႏွင့္ ပတ္သက္သည့္အေျခအေနႏွင့္ ၎တို႔အား ကူညီကယ္တင္/လႊဲေျပာင္းႏိုင္မႈ အေျခအေနမ်ား၊ တရားမဝင္ ဝင္ေရာက္လာသည့္ ႏိုင္ငံျခားသားမ်ားကို ဥပေဒႏွင့္အညီ အျမန္ဆုံးအေရးယူၿပီး ျပည္ႏွင္၊ လႊဲေျပာင္းမႈမ်ားႏွင့္စပ္လ်ဥ္း၍ ႏိုင္ငံတကာသို႔ မွ်ေဝေျပာၾကားခဲ့မႈအေျခအေနမ်ား၊ ကရင္ျပည္နယ္ ျမဝတီ နယ္ေျမအတြင္း တရားမဝင္ေရာက္ရွိေနေသာ ႏိုင္ငံျခားသားမ်ားကို လုပ္ထုံးလုပ္နည္းႏွင့္အညီ ျပည္ႏွင္ႏိုင္ေရး ေဆာင္႐ြက္ေနမႈမ်ားကို ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ မိုင္းရယ္ၿမိဳ႕နယ္၊ မိုင္းဟေဒသအတြင္း တရားမဝင္ အြန္လိုင္းအသုံးျပဳ လိမ္လည္မႈႏွင့္ အြန္လိုင္းေလာင္းကစားလုပ္ငန္းလုပ္ကိုင္သူမ်ားကို ဖမ္းဆီးအေရးယူခဲ့သည့္ အေျခအေနမ်ား၊ တ႐ုတ္ႏိုင္ငံမွအလိုရွိေသာ တရားခံေျပးမ်ားႏွင့္ပတ္သက္၍ ဖမ္းဆီးရမိမႈႏွင့္ ျပန္လည္လႊဲေျပာင္းေပးႏိုင္မႈအေျခ အေနမ်ား၊ ျမန္မာႏိုင္ငံ၊ ကရင္ျပည္နယ္၊ ျမဝတီေဒသရွိ အြန္လိုင္းအသုံးျပဳ လိမ္လည္မႈႏွင့္ အြန္လိုင္းေလာင္း ကစားမႈ တိုက္ဖ်က္ေရးလုပ္ငန္းမ်ားကို ထိေရာက္စြာ အေကာင္အထည္ေဖာ္ႏိုင္ေရးအတြက္ တ႐ုတ္-ျမန္မာ-ထိုင္း (၃) ႏိုင္ငံအၾကား အဆင့္ျမင့္အရာရွိႀကီးမ်ားအစည္းအေဝး က်င္းပျပဳလုပ္ႏိုင္ေရးဆိုင္ရာကိစၥရပ္မ်ား၊ ႏွစ္ႏိုင္ငံ ဝန္ႀကီးဌာန (၂) ခုအၾကား လက္ရွိပူးေပါင္းေဆာင္႐ြက္ေနသည့္ကိစၥရပ္မ်ားႏွင့္ အနာဂတ္တြင္ ဆက္လက္ ပူးေပါင္းေဆာင္႐ြက္သြားမည့္ကိစၥရပ္တို႔ကို ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။