အမေရိကန်ရဲ့ကျောထောက်နောက်ခံမှုတွေမရှိဘဲ ယူကရိန်းက ရှင်သန်နိုင်ခြေနည်းပါးတယ်လို့ ယူကရိန်းသမ္မတပြော

 150

Pika (NP News) - ဖေဖော်ဝါရီ ၁၅

ယူကရိန်းဟာ အမေရိကန်နိုင်ငံရဲ့ကျောထောက်နောက်ခံမှုတွေမရှိဘဲ ရုရှားရဲ့တိုက်ခိုက်မှုတွေကနေ အသက်ရှင်လွတ်မြောက်နိုင်ခြေ အခွင့်အလမ်းနည်းပါးတယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောခဲ့ပါတယ်။
ဇီလန်စကီးဟာ NBC သတင်းဌာနရဲ့ “Meet the Press with Kristen Welker” အစီအစဉ်နဲ့ အင်တာဗျူးတစ်ခုအတွင်းမှာ ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
ဇီလန်စကီးက "ပြောရမယ်ဆိုရင် အမေရိကန်ရဲ့ကျောထောက်နောက်ခံမှုတွေ မရှိဘူးဆိုရင် ယူကရိန်းဟာ အရမ်းကို ခက်ခဲတဲ့အခြေအနေတွေကို ကြုံတွေ့ရပါလိမ့်မယ်။ ဒါပေမယ့် ခက်ခဲတဲ့အခြေအနေတွေတိုင်းမှာ အခွင့်အရေးတစ်ခုကတော့ အမြဲတမ်းရှိပါတယ်။ အမေရိကန်ရဲ့ကျောထောက်နောက်ခံမှုတွေမရှိဘူးဆိုရင် ရုရှားရဲ့တိုက်ခိုက်မှုတွေကနေ အသက်ရှင်လွတ်မြောက်နိုင်ခြေအခွင့်အလမ်းက တကယ်ကိုနည်းပါးပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ယခုသီတင်းပတ်အစောပိုင်းမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇီလန်စကီးနဲ့ ရုရှားသမ္မတပူတင်တို့ကို ဖုန်းခေါ်ဆိုမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် ဇီလန်စကီးရဲ့မှတ်ချက်ပြုပြောဆိုမှုတွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ ယူကရိန်းပဋိပက္ခကို အဆုံးသတ်ဖို့အတွက် ဇီလန်စကီးနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် နောက်ပိုင်းမှာ ရုရှားသမ္မတပူတင်နဲ့လည်း တွေ့ဆုံမှုတွေလုပ်ဆောင်သွားနိုင်ဖွယ်ရှိနေတယ်လို့ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္ရဲ႕ေက်ာေထာက္ေနာက္ခံမႈေတြမရွိဘဲ ယူကရိန္းက ရွင္သန္ႏိုင္ေျခနည္းပါးတယ္လို႔ ယူကရိန္းသမၼတေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၁၅

ယူကရိန္းဟာ အေမရိကန္ႏိုင္ငံရဲ႕ေက်ာေထာက္ေနာက္ခံမႈေတြမရွိဘဲ ႐ုရွားရဲ႕တိုက္ခိုက္မႈေတြကေန အသက္ရွင္လြတ္ေျမာက္ႏိုင္ေျခ အခြင့္အလမ္းနည္းပါးတယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက ထုတ္ေဖာ္ေျပာခဲ့ပါတယ္။
ဇီလန္စကီးဟာ NBC သတင္းဌာနရဲ႕ “Meet the Press with Kristen Welker” အစီအစဥ္နဲ႔ အင္တာဗ်ဴးတစ္ခုအတြင္းမွာ ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။
ဇီလန္စကီးက "ေျပာရမယ္ဆိုရင္ အေမရိကန္ရဲ႕ေက်ာေထာက္ေနာက္ခံမႈေတြ မရွိဘူးဆိုရင္ ယူကရိန္းဟာ အရမ္းကို ခက္ခဲတဲ့အေျခအေနေတြကို ႀကဳံေတြ႕ရပါလိမ့္မယ္။ ဒါေပမယ့္ ခက္ခဲတဲ့အေျခအေနေတြတိုင္းမွာ အခြင့္အေရးတစ္ခုကေတာ့ အၿမဲတမ္းရွိပါတယ္။ အေမရိကန္ရဲ႕ေက်ာေထာက္ေနာက္ခံမႈေတြမရွိဘူးဆိုရင္ ႐ုရွားရဲ႕တိုက္ခိုက္မႈေတြကေန အသက္ရွင္လြတ္ေျမာက္ႏိုင္ေျခအခြင့္အလမ္းက တကယ္ကိုနည္းပါးပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။

ယခုသီတင္းပတ္အေစာပိုင္းမွာ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ဇီလန္စကီးနဲ႔ ႐ုရွားသမၼတပူတင္တို႔ကို ဖုန္းေခၚဆိုမႈေတြ လုပ္ေဆာင္ခဲ့ၿပီးေနာက္ ဇီလန္စကီးရဲ႕မွတ္ခ်က္ျပဳေျပာဆိုမႈေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။ ယူကရိန္းပဋိပကၡကို အဆုံးသတ္ဖို႔အတြက္ ဇီလန္စကီးနဲ႔ ေတြ႕ဆုံေဆြးေႏြးမႈေတြ လုပ္ေဆာင္သြားမယ္လို႔ ေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ ေနာက္ပိုင္းမွာ ႐ုရွားသမၼတပူတင္နဲ႔လည္း ေတြ႕ဆုံမႈေတြလုပ္ေဆာင္သြားႏိုင္ဖြယ္ရွိေနတယ္လို႔ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.