ဟားမက်စ်က ဖမ်းဆီးထားတဲ့ဓါးစာခံတွေကို ပြန်လွှတ်ပေး

1144

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၆
ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ အစ္စရေး ဓါးစာခံ ၃ ဦးကို လွှတ်ပေးလိုက် တယ်လို့ ဟားမတ်စ်အဖွဲ့က ပြောပါတယ်။ အစ္စရေးနိုင်ငံနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့တို့ဟာ အစ္စရေး ဓါးစာခံ ၃ ဦး ပြန်လွှတ်ရေးနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေရှိခဲ့ပြီး အစ္စရေးဝန်ကြီးချုပ်က ဖမ်းဆီးခံထားရသူတွေကို ပြန်မလွှတ်ဘူးဆိုရင် စစ်ရေးနည်းလမ်းအသုံးပြုမယ်လို့ သတိပေးခဲ့သလို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က လည်း ဖမ်းဆီးခံထားရသူတွေကို ပြန်မလွှတ်ဘူးဆိုရင် ဟားမက်စ်လက်နက်ကိုင်အဖွဲ့တွေ ငရဲဘုံရောက်မယ်လို့ သတိပေးခဲ့ပါတယ်။
အစ္စရေးတပ်ဖွဲ့တွေနဲ့ တခြားသတင်းရင်းမြစ်တွေက စနေနေ့မှာ အမျိုးသားသုံးဦးကို လွတ်မြောက်လာခဲ့တယ်လို့ ဆိုပါတယ်။ အစ္စရေးနိုင်ငံနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့တို့ကြား ရရှိထားတဲ့ ယာယီအပစ်ခတ်ရပ်စဲရေး သဘောတူညီမှုအရ ဟားမတ်စ်က လွှတ်ပေးလိုက်သူ စုစုပေါင်းအရေအတွက်ဟာ ၁၉ ဦးအထိ ရှိလာခဲ့ပါတယ်။ အစ္စရေးနိုင်ငံနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့တို့ကြားရရှိထားတဲ့ယာယီအပစ်ခတ်ရပ်စဲရေး သဘောတူညီမှုဟာ ဇန်နဝါရီလ ၁၉ ရက်မှာ အသက်ဝင်ခဲ့ပါတယ်။ အစ္စရေးက သဘောတူညီချက်ကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီး ၆ ကြိမ်မြောက် ဓားစာခံလွှတ်ပေးမှုကို ရွှေ့ဆိုင်းမယ်လို့ ဟားမတ်စ်က အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။ အစ္စရေးဘက်က ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပြီး အပစ်အခတ်ရပ်စဲရေးကို ထိန်းထားနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေ တိုးမြင့်စေခဲ့ပါတယ်။
အစ္စရေးနိုင်ငံနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့တို့ကြား ရရှိခဲ့တဲ့ ဂါဇာစစ်ပွဲကြောင့် လူပေါင်း ၅ သောင်းနီးပါး သေဆုံးခဲ့ပြီး နေရပ်စွန့်ခွာသူအရေအတွက် သန်းနဲ့ချီ ရှိလာခဲ့ပါတယ်။လက်ရှိအချိန်မှာ နေရပ်စွန့်ခွာသူတွေဟာ အပစ်ခတ်ရပ်စဲရေးကြောင့် ဂါဇာဒေသကို ပြန်လာခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
ဟားမက္စ္က ဖမ္းဆီးထားတဲ့ဓါးစာခံေတြကို ျပန္လႊတ္ေပး
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁၆
ဂါဇာကမ္းေျမာင္ေဒသမွာ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္အရ အစၥေရး ဓါးစာခံ ၃ ဦးကို လႊတ္ေပးလိုက္ တယ္လို႔ ဟားမတ္စ္အဖြဲ႕က ေျပာပါတယ္။ အစၥေရးႏိုင္ငံနဲ႔ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕တို႔ဟာ အစၥေရး ဓါးစာခံ ၃ ဦး ျပန္လႊတ္ေရးနဲ႔ပတ္သက္ၿပီး အျငင္းပြားမႈေတြရွိခဲ့ၿပီး အစၥေရးဝန္ႀကီးခ်ဳပ္က ဖမ္းဆီးခံထားရသူေတြကို ျပန္မလႊတ္ဘူးဆိုရင္ စစ္ေရးနည္းလမ္းအသုံးျပဳမယ္လို႔ သတိေပးခဲ့သလို အေမရိကန္သမၼတေဒၚနယ္ထရမ့္က လည္း ဖမ္းဆီးခံထားရသူေတြကို ျပန္မလႊတ္ဘူးဆိုရင္ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ေတြ ငရဲဘုံေရာက္မယ္လို႔ သတိေပးခဲ့ပါတယ္။
အစၥေရးတပ္ဖြဲ႕ေတြနဲ႔ တျခားသတင္းရင္းျမစ္ေတြက စေနေန႔မွာ အမ်ိဳးသားသုံးဦးကို လြတ္ေျမာက္လာခဲ့တယ္လို႔ ဆိုပါတယ္။ အစၥေရးႏိုင္ငံနဲ႔ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕တို႔ၾကား ရရွိထားတဲ့ ယာယီအပစ္ခတ္ရပ္စဲေရး သေဘာတူညီမႈအရ ဟားမတ္စ္က လႊတ္ေပးလိုက္သူ စုစုေပါင္းအေရအတြက္ဟာ ၁၉ ဦးအထိ ရွိလာခဲ့ပါတယ္။ အစၥေရးႏိုင္ငံနဲ႔ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕တို႔ၾကားရရွိထားတဲ့ယာယီအပစ္ခတ္ရပ္စဲေရး သေဘာတူညီမႈဟာ ဇန္နဝါရီလ ၁၉ ရက္မွာ အသက္ဝင္ခဲ့ပါတယ္။ အစၥေရးက သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္တယ္လို႔ စြပ္စြဲၿပီး ၆ ႀကိမ္ေျမာက္ ဓားစာခံလႊတ္ေပးမႈကို ေ႐ႊ႕ဆိုင္းမယ္လို႔ ဟားမတ္စ္က အေစာပိုင္းမွာ ေျပာၾကားခဲ့ပါတယ္။ အစၥေရးဘက္က ျပင္းျပင္းထန္ထန္တုံ႔ျပန္ခဲ့ၿပီး အပစ္အခတ္ရပ္စဲေရးကို ထိန္းထားႏိုင္ပါ့မလားဆိုတဲ့ စိုးရိမ္မႈေတြ တိုးျမင့္ေစခဲ့ပါတယ္။
အစၥေရးႏိုင္ငံနဲ႔ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕တို႔ၾကား ရရွိခဲ့တဲ့ ဂါဇာစစ္ပြဲေၾကာင့္ လူေပါင္း ၅ ေသာင္းနီးပါး ေသဆုံးခဲ့ၿပီး ေနရပ္စြန႔္ခြာသူအေရအတြက္ သန္းနဲ႔ခ်ီ ရွိလာခဲ့ပါတယ္။လက္ရွိအခ်ိန္မွာ ေနရပ္စြန႔္ခြာသူေတြဟာ အပစ္ခတ္ရပ္စဲေရးေၾကာင့္ ဂါဇာေဒသကို ျပန္လာခဲ့တယ္လို႔ သိရပါတယ္။