အမေရိကန်သမ္မတက ရုရှားသမ္မတနဲ့ အရင်ဖုန်းဆက်စကားပြောဆိုတာကို မကျေနပ်ကြောင်း ယူကရိန်းသမ္မတ ပြော

 617

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၆

ယူကရိန်းသမ္မတဇီလန်စကီးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူနဲ့စကားမပြောခင် ရုရှားသမ္မတနဲ့ အရင်ဖုန်းဆက် စကားပြောဆိုတာကို မကျေနပ်ကြောင်း အရိပ်အမြွက်ပြောဆိုလိုက်ပါတယ်။ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် ရုရှားဟာ အမေရိကန်နဲ့ နှစ်ဖက်ညှိနှိုင်းကြိုးပမ်းမှာကို စိုးရိမ်တယ်ဆိုတာ ဇီလန်စကီး က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတပူတင် နဲ့ တယ်လီဖုန်းဆက် စကားပြောခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စစ်ပွဲအဆုံးသတ်ရေး ရည်ရွယ်တဲ့စေ့စပ်ညှိနှိုင်းမှုတွေ စတင်ဖို့သဘောတူခဲ့ကြောင်း ဆိုပါတယ်။

ဇီလန်စကီးဟာ ကြာသပတေးနေ့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတ ပူတင်ကို အရင်ဖုန်းဆက်ခဲ့တဲ့အကြောင်းပြောတဲ့အခါ "သိပ်ကျေနပ်စရာမဟုတ်ဘူး" လို့ ဇီလန်စကီး ကပြောပါ တယ်။ ယူကရိန်းသမ္မတ ဇီလန်စကီး က ရုရှားသမ္မတပူတင် ရဲ့ အစီအစဉ်အတိုင်း ဆက်လုပ်ဖို့ခွင့်မပြုသင့်ဘူးလို့ လည်း ပြောပါသေးတယ်။
ယူကရိန်းသမ္မတက "ကျွန်တော်တို့မပါဘဲနဲ့ ဘယ်သဘောတူညီချက်ကိုမှ လက်ခံနိုင်မှာမဟုတ်ဘူး" လို့ ဖြည့်စွက် ပြောခဲ့ပါတယ်။ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ ၃ နှစ်နီးပါးရှိပြီး အပစ်ခတ်ရပ်စဲရေးရယူနိုင်ဖို့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးတာမျိုးမရှိဘူးလို့ သိရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သမ္မတအဖြစ်တာဝန်မယူခင်တည်းက ယူကရိန်းစစ်ပွဲကိုအဆုံးသတ်အောင် ကြိုးပမ်းမယ်လို့ ကတိပြုထားတဲ့အတိုင်း လက်ရှိအချိန်မှာ စစ်ပွဲအဆုံးသတ်ဖို့ကြိုးပမ်းနေပြီး ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရုရှားခေါင်းဆောင်နဲ့ ဖုန်းဆက်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
အေမရိကန္သမၼတက ႐ုရွားသမၼတနဲ႔ အရင္ဖုန္းဆက္စကားေျပာဆိုတာကို မေက်နပ္ေၾကာင္း ယူကရိန္းသမၼတ ေျပာ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁၆

ယူကရိန္းသမၼတဇီလန္စကီးက အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ဟာ သူနဲ႔စကားမေျပာခင္ ႐ုရွားသမၼတနဲ႔ အရင္ဖုန္းဆက္ စကားေျပာဆိုတာကို မေက်နပ္ေၾကာင္း အရိပ္အႁမြက္ေျပာဆိုလိုက္ပါတယ္။ ယူကရိန္းစစ္ပြဲ အဆုံးသတ္ေရးအတြက္ ႐ုရွားဟာ အေမရိကန္နဲ႔ ႏွစ္ဖက္ညႇိႏႈိင္းႀကိဳးပမ္းမွာကို စိုးရိမ္တယ္ဆိုတာ ဇီလန္စကီး က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ႐ုရွားသမၼတပူတင္ နဲ႔ တယ္လီဖုန္းဆက္ စကားေျပာခဲ့တယ္လို႔ ဗုဒၶဟူးေန႔မွာ ေၾကညာခဲ့ပါတယ္။ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က စစ္ပြဲအဆုံးသတ္ေရး ရည္႐ြယ္တဲ့ေစ့စပ္ညႇိႏႈိင္းမႈေတြ စတင္ဖို႔သေဘာတူခဲ့ေၾကာင္း ဆိုပါတယ္။

ဇီလန္စကီးဟာ ၾကာသပေတးေန႔မွာ သတင္းေထာက္ေတြနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က ႐ုရွားသမၼတ ပူတင္ကို အရင္ဖုန္းဆက္ခဲ့တဲ့အေၾကာင္းေျပာတဲ့အခါ "သိပ္ေက်နပ္စရာမဟုတ္ဘူး" လို႔ ဇီလန္စကီး ကေျပာပါ တယ္။ ယူကရိန္းသမၼတ ဇီလန္စကီး က ႐ုရွားသမၼတပူတင္ ရဲ႕ အစီအစဥ္အတိုင္း ဆက္လုပ္ဖို႔ခြင့္မျပဳသင့္ဘူးလို႔ လည္း ေျပာပါေသးတယ္။
ယူကရိန္းသမၼတက "ကြၽန္ေတာ္တို႔မပါဘဲနဲ႔ ဘယ္သေဘာတူညီခ်က္ကိုမွ လက္ခံႏိုင္မွာမဟုတ္ဘူး" လို႔ ျဖည့္စြက္ ေျပာခဲ့ပါတယ္။ ႐ုရွားနဲ႔ ယူကရိန္းႏိုင္ငံၾကားျဖစ္ပြားေနတဲ့စစ္ပြဲဟာ ၃ ႏွစ္နီးပါးရွိၿပီး အပစ္ခတ္ရပ္စဲေရးရယူႏိုင္ဖို႔ တိုက္႐ိုက္ေတြ႕ဆုံေဆြးေႏြးတာမ်ိဳးမရွိဘူးလို႔ သိရပါတယ္။
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ဟာ သမၼတအျဖစ္တာဝန္မယူခင္တည္းက ယူကရိန္းစစ္ပြဲကိုအဆုံးသတ္ေအာင္ ႀကိဳးပမ္းမယ္လို႔ ကတိျပဳထားတဲ့အတိုင္း လက္ရွိအခ်ိန္မွာ စစ္ပြဲအဆုံးသတ္ဖို႔ႀကိဳးပမ္းေနၿပီး ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ႐ုရွားေခါင္းေဆာင္နဲ႔ ဖုန္းဆက္ေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.