ငွေကြာရံကျောင်းတိုက်မှ သံဃာတော်များ ဆွမ်းခံကြွချိန်၌ အုပ်စုဖွဲ့ ဖုန်းဝင်ခိုးသူများအနက် တစ်ဦးကို ဖမ်းဆီးရမိ

1521

စော (NP News) - ဖေဖော်ဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ ငွေကြာရံကျောင်းတိုက်မှ သံဃာတော်များ ဆွမ်းခံကြွချိန်၌ အုပ်စုဖွဲ့ ဖုန်းဝင်ခိုးသူများအနက် တစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း ငွေကြာရံကျောင်းတိုက်မှ ဆရာတော်တစ်ပါးက လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ဖော်ပြထားချက်အရသိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဖေဖော်ဝါရီလ ၁၆ ရက်)၊ နံနက် ၅ နာရီခန့်က ငွေကြာရံကျောင်းတိုက်မှ သံဃာတော်များ အရုဏ်ဆွမ်းခံကြွချိန်တွင် လူ (၃)ယောက်သည် တက္ကစီကားတစ်စီးနှင့်အတူ ကျောင်းတိုက်အတွင်းရှိ ဖုန်းများကို လာရောက်ခိုးယူခြင်းဖြစ်ကြောင်း သိရသည်။
ထိုအချိန်တွင် ဘုန်းကြီးကျောင်းသားတစ်ယောက်က ၎င်းတို့ကို မြင်တွေ့ခဲ့သဖြင့် သူခိုး ဟု အော်ဟစ်ခဲ့၍ ပြည်သူများမှ ဝိုင်းဖမ်းဆီးခဲ့ကြရာမှ နှစ်ယောက်လွတ်မြောက်ထွက်ပြေးသွားခဲ့ပြီး တစ်ဦးဖမ်းမိခဲ့ကြောင်း သိရသည်။
အဆိုပါအမျိုးသားလက်အတွင်း၌ ကျောင်းတိုက်မှ ခိုးယူထားသော ဖုန်း (၅)လုံးတွေ့ရှိရသဖြင့် ၎င်းကို ရပ်ကွက်တာဝန်ရှိလူကြီးများထံ ခေါ်ယူမေးမြန်းခဲ့ပြီး တောင်ဥက္ကလာပမြို့မ ရဲစခန်းသို့ ပို့ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ရဲစခန်းက ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ မိသားစုဝင်များထံ ဖုန်းဆက်သွယ်ကာ တွေ့ဆုံခဲ့ရာ မိသားစုဝင်များကတောင်းပန်ခဲ့သဖြင့် သံဃာတော်များက ကျေးအေးခွင့်လွှတ်ပေးလိုက်ကြသော်လည်း အမှုဖွင့်ရန်ဟုဆိုကာ သက်ဆိုင်ရာမှ ခိုးယူထားသောဖုန်းများကို လာရောက်တောင်းယူသွားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ “မိတ်ဆွေများအနေဖြင့် တက္ကစီကားနံပါတ်ကိုလည်း အထူးသတိထားရန် လိုအပ်ပါသည်။ ယခုကားနံပါတ်ကို လုံးဝ လုံးဝ မစီးသင့်ပါကြောင်း၊ Grab တက္ကစီအဖွဲ့ဝင် ကားဖြစ်ပေမယ့် ယုံကြည်လို့မရပါ။ မသမာငွေရှာကြ၍ ခရီးသည်များ ဒုက္ခရောက်နိုင်၍ လူတိုင်းသိစေရန် မျှဝေခြင်းဖြစ်ပါသည်” ဟု ဒေသခံတစ်ဦးက ၎င်း၏ လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် အကြံပြုထားသည်။

Zawgyi Version:
ေငြၾကာရံေက်ာင္းတိုက္မွ သံဃာေတာ္မ်ား ဆြမ္းခံႂကြခ်ိန္၌ အုပ္စုဖြဲ႕ ဖုန္းဝင္ခိုးသူမ်ားအနက္ တစ္ဦးကို ဖမ္းဆီးရမိ
ေစာ (NP News) - ေဖေဖာ္ဝါရီ ၁၆
ရန္ကုန္တိုင္းေဒသႀကီး၊ ေတာင္ဥကၠလာပၿမိဳ႕နယ္ရွိ ေငြၾကာရံေက်ာင္းတိုက္မွ သံဃာေတာ္မ်ား ဆြမ္းခံႂကြခ်ိန္၌ အုပ္စုဖြဲ႕ ဖုန္းဝင္ခိုးသူမ်ားအနက္ တစ္ဦး ဖမ္းဆီးရမိခဲ့ေၾကာင္း ေငြၾကာရံေက်ာင္းတိုက္မွ ဆရာေတာ္တစ္ပါးက လူမႈကြန္ယက္ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ ေဖာ္ျပထားခ်က္အရသိရသည္။
ျဖစ္စဥ္မွာ ယေန႔ (ေဖေဖာ္ဝါရီလ ၁၆ ရက္)၊ နံနက္ ၅ နာရီခန႔္က ေငြၾကာရံေက်ာင္းတိုက္မွ သံဃာေတာ္မ်ား အ႐ုဏ္ဆြမ္းခံႂကြခ်ိန္တြင္ လူ (၃)ေယာက္သည္ တကၠစီကားတစ္စီးႏွင့္အတူ ေက်ာင္းတိုက္အတြင္းရွိ ဖုန္းမ်ားကို လာေရာက္ခိုးယူျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုအခ်ိန္တြင္ ဘုန္းႀကီးေက်ာင္းသားတစ္ေယာက္က ၎တို႔ကို ျမင္ေတြ႕ခဲ့သျဖင့္ သူခိုး ဟု ေအာ္ဟစ္ခဲ့၍ ျပည္သူမ်ားမွ ဝိုင္းဖမ္းဆီးခဲ့ၾကရာမွ ႏွစ္ေယာက္လြတ္ေျမာက္ထြက္ေျပးသြားခဲ့ၿပီး တစ္ဦးဖမ္းမိခဲ့ေၾကာင္း သိရသည္။
အဆိုပါအမ်ိဳးသားလက္အတြင္း၌ ေက်ာင္းတိုက္မွ ခိုးယူထားေသာ ဖုန္း (၅)လုံးေတြ႕ရွိရသျဖင့္ ၎ကို ရပ္ကြက္တာဝန္ရွိလူႀကီးမ်ားထံ ေခၚယူေမးျမန္းခဲ့ၿပီး ေတာင္ဥကၠလာပၿမိဳ႕မ ရဲစခန္းသို႔ ပို႔ခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ရဲစခန္းက ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း) ၿမိဳ႕နယ္ရွိ မိသားစုဝင္မ်ားထံ ဖုန္းဆက္သြယ္ကာ ေတြ႕ဆုံခဲ့ရာ မိသားစုဝင္မ်ားကေတာင္းပန္ခဲ့သျဖင့္ သံဃာေတာ္မ်ားက ေက်းေအးခြင့္လႊတ္ေပးလိုက္ၾကေသာ္လည္း အမႈဖြင့္ရန္ဟုဆိုကာ သက္ဆိုင္ရာမွ ခိုးယူထားေသာဖုန္းမ်ားကို လာေရာက္ေတာင္းယူသြားေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ “မိတ္ေဆြမ်ားအေနျဖင့္ တကၠစီကားနံပါတ္ကိုလည္း အထူးသတိထားရန္ လိုအပ္ပါသည္။ ယခုကားနံပါတ္ကို လုံးဝ လုံးဝ မစီးသင့္ပါေၾကာင္း၊ Grab တကၠစီအဖြဲ႕ဝင္ ကားျဖစ္ေပမယ့္ ယုံၾကည္လို႔မရပါ။ မသမာေငြရွာၾက၍ ခရီးသည္မ်ား ဒုကၡေရာက္ႏိုင္၍ လူတိုင္းသိေစရန္ မွ်ေဝျခင္းျဖစ္ပါသည္” ဟု ေဒသခံတစ္ဦးက ၎၏ လူမႈကြန္ယက္ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာထက္တြင္ အႀကံျပဳထားသည္။