အိမ်ဖြူတော်နဲ့ဒေါ်နယ်ထရမ့်ရဲ့ နား/မျက်စိဖြစ်လာတဲ့ အိန္ဒိယနွယ်ဖွား ဟိန္ဒူဘာသာဝင်အမျိုးသမီး၊ အမေရိကန်တို့ရဲ့မျိုးချစ်စိတ်ဆိုသည်မှာ

315

Htay Oung (NP News) - ဖေဖော်ဝါရီ ၁၇
သမ္မတဒေါ်နယ်ထရမ့်ရဲ့ပြင်ဆင်ဖွဲ့စည်းနေတဲ့ အစိုးရအဖွဲ့မှာ “တူလ်ဆီ_ဂက်ဘက်” အမည်ရှိ အမျိုးသမီးတစ်ယောက်ဟာ “အမေရိကန် အမျိုးသားထောက်လှမ်းရေး ညွှန်ကြားမှုဌာန” DNI ရဲ့ အကြီးအကဲသစ်အဖြစ် ခန့်အပ်ခြင်းခံရကြောင်း၊ အမေရိကန်သမ္မတရဲ့နားနဲ့ မျက်စိအဖွယ်ဖြစ်လာတဲ့ အသက် ၄၃ နှစ်အရွယ် အဲဒီအမျိုးသမီးဟာ mုလားမ တစ်ယောက်ဖြစ်နေပြီး သူ့ရဲ့ဟိန္ဒူအမည် ဘယ်သူ ဘယ်ဝါနဲ့ ဘယ်လိုအဆက်အနွယ်ဖြစ်ကြောင်း အိန္ဒိယတစ်နိုင်ငံလုံးမှာ တအံ့တသြ ပြောမဆုံးနိုင်အောင် ဖြစ်နေရတယ်လို့ နယူးဒေလီ အခြေစိုက် “NDTV” က ၂ဝ၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်မှာရေးသားခဲ့ပါတယ်။
ဘက်ဂတ်ဟာ ဆယ်ကျော်အရွယ်မှ စတင်ပြီး ကိုယ်ရေးကိုယ်တာနဲ့ ဘဝနေမှုပုံစံမှာ ရှေးရိုးစွဲ ဟိန္ဒူတစ် ယောက်ရဲ့ဓလေ့ထုံးစံများကို ထည့်သွင်းလာခဲ့ပါတယ်။ မဟာဘာရတ္တကျမ်းလာ ဟိန္ဒူဘာသာဝင်တစ်ဦးရဲ့ အတ္တဒဿနများနဲ့ လူသားအားလုံးအပေါ် အခြေခံတဲ့ “ဘဂ္ဂဝဒ်_ဂီသာ” ကို အလေးအမြတ်ထားသူတစ်ဦးက အမေရိကန်အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူးအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတဲ့အခါ လူအများ စိတ် ဝင်စားမှုက အမြင့်ဆုံးရောက်ရှိသွားရပါတယ်။ ဇီဇာကြောင် စည်းကမ်းတင်းကျပ်လှတဲ့ အောက်လွှတ်တော်ကော်မတီက တူလ်ဆီဂက်ဘက်ကို ( ၅၂ -၄၈ ) မဲနဲ့ ဆုံးဖြတ်ခဲ့ခြင်းကြောင့် အမေရိကန် အောက်လွှတ်တော်ရဲ့(ဝန်ကြီးအဆင့်) ပထမဆုံး ရွေးချယ်ခံရသူ ဟိန္ဒူဘာသာဝင် အမေရိကန်နိုင်ငံသား/ ပထမဆုံးသော တိုက် ခိုက်ရေး စစ်ပြန်အမျိုးသမီးဖြစ်လာပါတယ်။
တကယ်တော့ တူလ်ဆီ ဂက်ဘက်အတွက် ဟိန္ဒူဘာသာမှ တစ်ပါး အိန္ဒိယဆိုတာ သီးခြားဖြစ်နေပါတယ်။ အမေရိကန်လူ့အသိုင်းအဝိုင်းက ဆာမိုဝါ-အမေရိကန်လို့ ခေါ်တဲ့ ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းကျွန်းနေ အမေ ရိကန်နိုင်ငံသားမျိုးရိုးဖခင်နဲ့ ဟိန္ဒူမိခင်တို့ရဲ့ ရင်သွေး ၅-ဦးအနက် စတုတ္ထမြောက်ဖြစ်ပြီး အသက် ၂ နှစ်အရွယ်မှာ မိသားစုလိုက် ဟာဝိုင်ယီကျွန်းကို ပြောင်းရွှေ့နေထိုင်သူများဖြစ်ပါတယ်။ မြန်မာတို့က “Rock” အဖြစ် သိရှိထားကြတဲ့ နာမည်ကျော် နပမ်းသမား ဟောလိဝုဒ်သရုပ်ဆောင် “ဒွိန်း ဂျွန်ဆင်” အပါအဝင် ဂတ်ဘက်တို့လို ဆာမိုဝါ-အမေရိကန် ၂၄၀,၀၀၀ ခန့်ရှိပြီး အမေရိကန်တစ်ဝှမ်းမှာ ပျံ့နှံ့နေထိုင်ကြပါတယ်။
ဘက်ဂက်ဟာ အမေရိကန်တပ်မတော် အရံတပ်ရင်းမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဟာဝိုင်ယီအမျိုးသားအစောင့် တပ်မှာ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်လာပါတယ်။ အဲ့ဒီအတောအတွင်း ဟာဝိုင်ယီ ဥပဒေပြုလွှတ်တော်မှာ ၂၁-နှစ်နဲ့ အသက်အငယ်ဆုံး ဥပဒေပြု အမတ်အဖြစ် ရွေးကောက်ခံရပါတယ်။ ၂၀၀၄-၂၀၀၅ ခုနှစ် အီရတ်စစ်မြေပြင် ဆေး တပ်ဖွဲ့မှာ ထူးချွန်စွာ တာဝန်ထမ်းဆောင်နိုင်တဲ့အတွက် အယ်လ်ဘားမား အရာရှိလေ့ကျင့်ရေးသင်တန်း တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် (၂၀၀၈-၂၀၀၉ ခုနှစ်) ကူဝိတ် စစ်မြေပြင် စစ်ရဲအရာရှိအဖြစ် တာဝန် ပေးအပ်ခံရပြီး အမေရိကန်တပ်မတော် အရံတပ်ရင်းမှာ ဒုတိယဗိုလ်မှူးကြီးဖြစ်လာပါတယ်။
ဘက်ဂတ်ဟာ ဒီမိုကရက်တစ်ပါတီဝင်တစ်ဦးဖြစ်ခဲ့ပေမယ့် နောက်ပိုင်း တစ်သီးပုဂ္ဂလဖြစ်သွားပါတယ်။ ၂၀၂၀ ပြည့်နှစ် အမေရိကန်ရွေးကောက်ပွဲမှာ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပြောဆိုခဲ့ပြီး လွန်ခဲ့တဲ့ ရွေးကောက်ပွဲ မဲဆွယ်ရာမှာ ဒေါ်နယ်ထရမ့်ရဲ့ လိင်တူချစ်သူအခွင့်အရေးနဲ့ ပဋိသန္ဓေဖျက်ချမှု ဆန့်ကျင်ရေးမှာ တက်ကြွလှုပ်ရှားသူ ဖြစ်ခဲ့ပါတယ်။
အမေရိကန်ဟာ ကမ္ဘာ့ အကြီးဆုံး လက်လီ လက္ကား ကုန်ထုတ်လုပ်မှုနဲ့ အကြီးဆုံးစားသုံးသူ ဈေးကွက်ကြီး လည်း တည်ရှိနေပါတယ်။ ကမ္ဘာ့ထိပ်တန်း စီးပွားရေးနိုင်ငံကြီးကို အကာအကွယ်ပေးနေတာကတော့ ကမ္ဘာ တစ်ဝှန်း စစ်စခန်းပေါင်း ၇၅၀ ခန့်နဲ့ ကြည်းလေရေ တစ်ပြိုင်နက်တည်း စစ်တိုက်နိုင်တဲ့ တပ်မတော်ကြီးပဲ ဖြစ် ပါတယ်။ အမေရိကန်နိုင်ငံဆိုတာ ကမ္ဘာ့မြောက်ဝင်ရိုးစွန်း အက်စ်ကီမိုလူမျိုးများမှ သဲကန္တာရနေ အာရပ်နဲ့ လူ မည်းများအထိ တစ်ကမ္ဘာလုံး ရှိသမျှ လူမျိုးအားလုံး အနည်းနဲ့အများဆိုသလို စုပေါင်းနေထိုင်ကြပြီး ယဉ်ကျေး မှုပေါင်းစုံ ဘာသာပေါင်းစုံတဲ့ တိုင်းပြည်ဖြစ်ပါတယ်။
အဲ့ဒီတိုင်းပြည်မှာ လက်ရှိနိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုတို့ အမေရိကန်နဲ့ တစ်စက်လေးမှ မျက်နှာကြော မတည့်တဲ့ ကျူးဘားနိုင်ငံဇာတိဖွား မျိုးနွယ်များ ရှိနေသလို တရုတ်နဲ့ ရုရှားမျိုးနွယ်များလည်း အရေးကြီးတဲ့ စစ်ရေး အုပ်ချုပ်ရေးရာထူးများမှာ တာဝန်ထမ်းဆောင်နေကြပါတယ်။ အဲ့ဒီလူတွေအားလုံးကို အမေရိကန်တို့ရဲ့ Patriotism မျိုးချစ်စိတ်နဲ့ စုစည်းထားတယ်လို့ ပြောရပါလိမ့်မယ်။ (၁) နိုင်ငံသားတစ်ဦးချင်းစီမှာ မိမိတို့ရဲ့တာ ဝန်နဲ့ အခွင့်အရေးများအပေါ် လေးစားခြင်း (၂) ဒီမိုကရေစီတန်ဖိုးများကို သံသယ မရှိ ယုံကြည်ပြီး အများအ ကျိုးရှေးရှု့ခြင်း (၃) စစ်မှု သို့မဟုတ် လူ့အဖွဲ့အစည်းတွင် တာဝန်ထမ်းဆောင်ခြင်းတို့နဲ့ မျိုးချစ်စိတ်ကိုပြသကြ ပါတယ်။ လူမျိး/ ကိုးကွယ်ရာမရွေး နိုင်ငံအပေါ် သစ္စာရှိမှုဟာ အမေရိကန်တို့ရဲ့ မျိုးချစ်စိတ်ပဲဖြစ်ပါတယ်။
အမေရိကန်နိုင်ငံသားတစ်ဦးဟာ အခြေခံဥပဒေနဲ့ တိုင်းပြည်ကို ကာကွယ်မည်ဖြစ်ကြောင်း (၁) ကျမ်းသစ္စာ ကျိန်ဆို ကြရပါတယ်။ နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားစေခြင်း၊ တိုင်းပြည်အတွင်းရေးကို လူသိရှင်ကြား ဖြစ်စေခြင်း၊ (၂) နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်ခြင်းတို့ကို ကျူးလွန်ခွင့်ပြုမည် မဟုတ်ကြောင်း အခြေခံဥ ပဒေမှာ တိုက်ရိုက်ဖော်ပြထားပါတယ်။ (၃) အဲ့ဒီအတွက် ဥပဒေများနဲ့ ပွင့်လင်းမြင်သာတဲ့ တရားရုံးများထူ ထောင်ထားပြီး ကျူးလွန်မှုအတွက် သေဒဏ်မှ ထောင်ဒဏ် ၁၈- နှစ်အထိ လက်တွေ့အပြစ်ပေးပါတယ်။ (၄) နိုင်ငံသားများအတွက် လွတ်လပ်စွာပြောဆိုခွင့်၊ ပညာရေးလွတ်လပ်ခွင့်နဲ့ သင်ယူမှု၊ အလုပ်လုပ်ကိုင်ပိုင်ခွင့်၊ ကျန်းမာရေး စောင့်ရှောက်မှု ခံယူပိုင်ခွင့်ကို အာမခံထားပါတယ်။ အကျင့်ပျက်ခြစားမှုများ၊ (၅) မတရားသဖြင့် ဖိနှိပ်မှုများကို ဖော်ထုတ်ဝေဖန်ရေးသားဖို့ မီဒီယာလွတ်လပ်ခွင့်နဲ့ အကာအကွယ်ပေးထားပါတယ်။
(၆) နိုင်ငံ့ဝန်တမ်းများရဲ့ အရည်အချင်း၊ အကျင့်စာရိတ္တ၊ တိုင်းပြည်အပေါ် သစ္စာရှိမှု၊ လျှို့ဝှက်သတင်းအချက်အ လက် စီမံခန့်ခွဲနိုင်စွမ်းနဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအတွက် ပြည်ပသြဇာ ကင်းရှင်းမှုတို့ကို စဉ်ဆက်မပြတ် စစ်ဆေးနေပါတယ်။ အရေးကြီး အရာထမ်းများ၊ ထောက်လှမ်းရေးဌာနအကြီးအကဲများအတွက် နောက်ကြောင်း ပြန် စစ်ဆေးတတ်ပါတယ်။
ဒီအတွက် အမေရိကန်မှာ စစ်ဘက် အရပ်ဘက်အဓိက ထောက်လှမ်းရေးဌာန ၁၈-ခုအထိ ရှိနေပါတယ်။ ပြည် တွင်း/ပြည်ပ မူးယစ်ဆေးဝါး၊ ငွေကြေးမသမာမှု၊ အကြမ်းဖက်မှုနဲ့ လုံခြုံရေး သတင်းထောက်လှမ်းခြင်းများ၊ အာကာသစောင့်ကြည့်ခြင်း မြေပြင်သတင်းအချက်အလက် စုဆောင်းဆန်းစစ်ခြင်း ဌာနပေါင်း (၁၁) ခုအပြင် စစ်ဘက်ဆိုင်ရာ မျိုးမျိူးသော ထောက်လှမ်းရေးဌာန (၅) ခုရှိနေပါတယ်။
အဲ့ဒီအထဲမှာ ကမ်းခြေစောင့်တပ် ထောက်လှမ်းရေးနဲ့ ယခု တူလ်ဆီဂက်ဘက်က တာဝန်ယူဦးစီးရမယ့် အမေရိ ကန် အမျိုးသားထောက်လှမ်းရေး ညွှန်ကြားမှုဌာန DNI လည်း ပါဝင်ပါတယ်။ တကယ်တော့ DNI ဋ္ဌာနက ၂၀၀၄-ခုနှစ်အထိ မရှိခဲ့ပါဘူး၊ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုတွေအပြီး အမေရိကန် ထောက် လှမ်းရေးအဖွဲ့အစည်းများအကြား ညှိနှိုင်းမှုအားနည်းခဲ့တာကြောင့် အဲ့ဒီရာထူးကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဥပ မာ CIA, FBI, NSA စတဲ့ အဖွဲ့အစည်းများအကြားမှာ ညှိနှိုင်းမှုတွေ ပြုလုပ်ပြီး၊ သူတို့ရဲ့ လုပ်ငန်းတွေကို ထိ ရောက်စွာ လုပ်ဆောင်နိုင်အောင် ကူညီပေးရပါတယ်။ နိုင်ငံတော်လုံခြုံရေးနဲ့ ပတ်သက်တဲ့ အရေးကြီး သတင်း အချက်အလက်တွေရရှိတဲ့အချက်အလက်တွေကို သမ္မတနဲ့ အစိုးရအဖွဲ့ထံ ပေးပို့ဖို့ ဖြစ်ပါတယ်။
ဘက်ဂတ်ဟာ အတွေ့အကြုံ နုနယ်သူဖြစ်တယ်လို့ ဝေဖန်ခံရပေမယ့် အမေရိကန်အစိုးရရဲ့ အရေးကြီးတဲ့ ရာ ထူးနေရာမှာ တာဝန်ပေးခံရသူဖြစ်နေပါတယ် အထူးသဖြင့် နိုင်ငံတော်လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ ထောက်လှမ်း ရေးဆိုင်ရာ လုပ်ငန်းတွေကို ညှိနှိုင်းဦးဆောင်ပေးရမယ့် ရာထူးဖြစ်ပါတယ်။ တနည်းအားဖြင့် အမေရိကန် အစိုး ရနဲ့ သမ္မတဒေါ်နယ်ထရမ့်ရဲ့ နားနဲ့ မျက်စိသဖွယ် အလွန်အရေးကြီးတဲ့ တာဝန်ဖြစ်တယ်လို့ ဆိုရပါလိမ့်မယ်။
#HtayOung, #OungMarine

Zawgyi Version:
အိမ္ျဖဴေတာ္နဲ႔ေဒၚနယ္ထရမ့္ရဲ႕ နား/မ်က္စိျဖစ္လာတဲ့ အိႏၵိယႏြယ္ဖြား ဟိႏၵဴဘာသာဝင္အမ်ိဳးသမီး၊ အေမရိကန္တို႔ရဲ႕မ်ိဳးခ်စ္စိတ္ဆိုသည္မွာ
Htay Oung (NP News) - ေဖေဖာ္ဝါရီ ၁၇
သမၼတေဒၚနယ္ထရမ့္ရဲ႕ျပင္ဆင္ဖြဲ႕စည္းေနတဲ့ အစိုးရအဖြဲ႕မွာ “တူလ္ဆီ_ဂက္ဘက္” အမည္ရွိ အမ်ိဳးသမီးတစ္ေယာက္ဟာ “အေမရိကန္ အမ်ိဳးသားေထာက္လွမ္းေရး ၫႊန္ၾကားမႈဌာန” DNI ရဲ႕ အႀကီးအကဲသစ္အျဖစ္ ခန႔္အပ္ျခင္းခံရေၾကာင္း၊ အေမရိကန္သမၼတရဲ႕နားနဲ႔ မ်က္စိအဖြယ္ျဖစ္လာတဲ့ အသက္ ၄၃ ႏွစ္အ႐ြယ္ အဲဒီအမ်ိဳးသမီးဟာ mုလားမ တစ္ေယာက္ျဖစ္ေနၿပီး သူ႔ရဲ႕ဟိႏၵဴအမည္ ဘယ္သူ ဘယ္ဝါနဲ႔ ဘယ္လိုအဆက္အႏြယ္ျဖစ္ေၾကာင္း အိႏၵိယတစ္ႏိုင္ငံလုံးမွာ တအံ့တၾသ ေျပာမဆုံးႏိုင္ေအာင္ ျဖစ္ေနရတယ္လို႔ နယူးေဒလီ အေျခစိုက္ “NDTV” က ၂ဝ၂၅ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၅ ရက္မွာေရးသားခဲ့ပါတယ္။
ဘက္ဂတ္ဟာ ဆယ္ေက်ာ္အ႐ြယ္မွ စတင္ၿပီး ကိုယ္ေရးကိုယ္တာနဲ႔ ဘဝေနမႈပုံစံမွာ ေရွး႐ိုးစြဲ ဟိႏၵဴတစ္ ေယာက္ရဲ႕ဓေလ့ထုံးစံမ်ားကို ထည့္သြင္းလာခဲ့ပါတယ္။ မဟာဘာရတၱက်မ္းလာ ဟိႏၵဴဘာသာဝင္တစ္ဦးရဲ႕ အတၱဒႆနမ်ားနဲ႔ လူသားအားလုံးအေပၚ အေျခခံတဲ့ “ဘဂၢဝဒ္_ဂီသာ” ကို အေလးအျမတ္ထားသူတစ္ဦးက အေမရိကန္အမ်ိဳးသားေထာက္လွမ္းေရး ၫႊန္ၾကားေရးမႉးအျဖစ္ က်မ္းသစၥာ က်ိန္ဆိုတဲ့အခါ လူအမ်ား စိတ္ ဝင္စားမႈက အျမင့္ဆုံးေရာက္ရွိသြားရပါတယ္။ ဇီဇာေၾကာင္ စည္းကမ္းတင္းက်ပ္လွတဲ့ ေအာက္လႊတ္ေတာ္ေကာ္မတီက တူလ္ဆီဂက္ဘက္ကို ( ၅၂ -၄၈ ) မဲနဲ႔ ဆုံးျဖတ္ခဲ့ျခင္းေၾကာင့္ အေမရိကန္ ေအာက္လႊတ္ေတာ္ရဲ႕(ဝန္ႀကီးအဆင့္) ပထမဆုံး ေ႐ြးခ်ယ္ခံရသူ ဟိႏၵဴဘာသာဝင္ အေမရိကန္ႏိုင္ငံသား/ ပထမဆုံးေသာ တိုက္ ခိုက္ေရး စစ္ျပန္အမ်ိဳးသမီးျဖစ္လာပါတယ္။
တကယ္ေတာ့ တူလ္ဆီ ဂက္ဘက္အတြက္ ဟိႏၵဴဘာသာမွ တစ္ပါး အိႏၵိယဆိုတာ သီးျခားျဖစ္ေနပါတယ္။ အေမရိကန္လူ႔အသိုင္းအဝိုင္းက ဆာမိုဝါ-အေမရိကန္လို႔ ေခၚတဲ့ ပစိဖိတ္သမုဒၵရာေတာင္ပိုင္းကြၽန္းေန အေမ ရိကန္ႏိုင္ငံသားမ်ိဳး႐ိုးဖခင္နဲ႔ ဟိႏၵဴမိခင္တို႔ရဲ႕ ရင္ေသြး ၅-ဦးအနက္ စတုတၳေျမာက္ျဖစ္ၿပီး အသက္ ၂ ႏွစ္အ႐ြယ္မွာ မိသားစုလိုက္ ဟာဝိုင္ယီကြၽန္းကို ေျပာင္းေ႐ႊ႕ေနထိုင္သူမ်ားျဖစ္ပါတယ္။ ျမန္မာတို႔က “Rock” အျဖစ္ သိရွိထားၾကတဲ့ နာမည္ေက်ာ္ နပမ္းသမား ေဟာလိဝုဒ္သ႐ုပ္ေဆာင္ “ဒြိန္း ဂြၽန္ဆင္” အပါအဝင္ ဂတ္ဘက္တို႔လို ဆာမိုဝါ-အေမရိကန္ ၂၄၀,၀၀၀ ခန႔္ရွိၿပီး အေမရိကန္တစ္ဝွမ္းမွာ ပ်ံ႕ႏွံ႔ေနထိုင္ၾကပါတယ္။
ဘက္ဂက္ဟာ အေမရိကန္တပ္မေတာ္ အရံတပ္ရင္းမွာ တာဝန္ထမ္းေဆာင္ခဲ့ၿပီး ဟာဝိုင္ယီအမ်ိဳးသားအေစာင့္ တပ္မွာ တပ္ဖြဲ႕ဝင္တစ္ဦးျဖစ္လာပါတယ္။ အဲ့ဒီအေတာအတြင္း ဟာဝိုင္ယီ ဥပေဒျပဳလႊတ္ေတာ္မွာ ၂၁-ႏွစ္နဲ႔ အသက္အငယ္ဆုံး ဥပေဒျပဳ အမတ္အျဖစ္ ေ႐ြးေကာက္ခံရပါတယ္။ ၂၀၀၄-၂၀၀၅ ခုႏွစ္ အီရတ္စစ္ေျမျပင္ ေဆး တပ္ဖြဲ႕မွာ ထူးခြၽန္စြာ တာဝန္ထမ္းေဆာင္ႏိုင္တဲ့အတြက္ အယ္လ္ဘားမား အရာရွိေလ့က်င့္ေရးသင္တန္း တက္ေရာက္ခြင့္ရရွိခဲ့ပါတယ္။ အဲ့ဒီေနာက္ (၂၀၀၈-၂၀၀၉ ခုႏွစ္) ကူဝိတ္ စစ္ေျမျပင္ စစ္ရဲအရာရွိအျဖစ္ တာဝန္ ေပးအပ္ခံရၿပီး အေမရိကန္တပ္မေတာ္ အရံတပ္ရင္းမွာ ဒုတိယဗိုလ္မႉးႀကီးျဖစ္လာပါတယ္။
ဘက္ဂတ္ဟာ ဒီမိုကရက္တစ္ပါတီဝင္တစ္ဦးျဖစ္ခဲ့ေပမယ့္ ေနာက္ပိုင္း တစ္သီးပုဂၢလျဖစ္သြားပါတယ္။ ၂၀၂၀ ျပည့္ႏွစ္ အေမရိကန္ေ႐ြးေကာက္ပြဲမွာ သမၼတေလာင္းအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္မယ္လို႔ ေျပာဆိုခဲ့ၿပီး လြန္ခဲ့တဲ့ ေ႐ြးေကာက္ပြဲ မဲဆြယ္ရာမွာ ေဒၚနယ္ထရမ့္ရဲ႕ လိင္တူခ်စ္သူအခြင့္အေရးနဲ႔ ပဋိသေႏၶဖ်က္ခ်မႈ ဆန႔္က်င္ေရးမွာ တက္ႂကြလႈပ္ရွားသူ ျဖစ္ခဲ့ပါတယ္။
အေမရိကန္ဟာ ကမာၻ႔ အႀကီးဆုံး လက္လီ လကၠား ကုန္ထုတ္လုပ္မႈနဲ႔ အႀကီးဆုံးစားသုံးသူ ေဈးကြက္ႀကီး လည္း တည္ရွိေနပါတယ္။ ကမာၻ႔ထိပ္တန္း စီးပြားေရးႏိုင္ငံႀကီးကို အကာအကြယ္ေပးေနတာကေတာ့ ကမာၻ တစ္ဝွန္း စစ္စခန္းေပါင္း ၇၅၀ ခန႔္နဲ႔ ၾကည္းေလေရ တစ္ၿပိဳင္နက္တည္း စစ္တိုက္ႏိုင္တဲ့ တပ္မေတာ္ႀကီးပဲ ျဖစ္ ပါတယ္။ အေမရိကန္ႏိုင္ငံဆိုတာ ကမာၻ႔ေျမာက္ဝင္႐ိုးစြန္း အက္စ္ကီမိုလူမ်ိဳးမ်ားမွ သဲကႏၲာရေန အာရပ္နဲ႔ လူ မည္းမ်ားအထိ တစ္ကမာၻလုံး ရွိသမွ် လူမ်ိဳးအားလုံး အနည္းနဲ႔အမ်ားဆိုသလို စုေပါင္းေနထိုင္ၾကၿပီး ယဥ္ေက်း မႈေပါင္းစုံ ဘာသာေပါင္းစုံတဲ့ တိုင္းျပည္ျဖစ္ပါတယ္။
အဲ့ဒီတိုင္းျပည္မွာ လက္ရွိႏိုင္ငံျခားေရးဝန္ႀကီး မာကို ႐ူဘီယိုတို႔ အေမရိကန္နဲ႔ တစ္စက္ေလးမွ မ်က္ႏွာေၾကာ မတည့္တဲ့ က်ဴးဘားႏိုင္ငံဇာတိဖြား မ်ိဳးႏြယ္မ်ား ရွိေနသလို တ႐ုတ္နဲ႔ ႐ုရွားမ်ိဳးႏြယ္မ်ားလည္း အေရးႀကီးတဲ့ စစ္ေရး အုပ္ခ်ဳပ္ေရးရာထူးမ်ားမွာ တာဝန္ထမ္းေဆာင္ေနၾကပါတယ္။ အဲ့ဒီလူေတြအားလုံးကို အေမရိကန္တို႔ရဲ႕ Patriotism မ်ိဳးခ်စ္စိတ္နဲ႔ စုစည္းထားတယ္လို႔ ေျပာရပါလိမ့္မယ္။ (၁) ႏိုင္ငံသားတစ္ဦးခ်င္းစီမွာ မိမိတို႔ရဲ႕တာ ဝန္နဲ႔ အခြင့္အေရးမ်ားအေပၚ ေလးစားျခင္း (၂) ဒီမိုကေရစီတန္ဖိုးမ်ားကို သံသယ မရွိ ယုံၾကည္ၿပီး အမ်ားအ က်ိဳးေရွးရႈ႕ျခင္း (၃) စစ္မႈ သို႔မဟုတ္ လူ႔အဖြဲ႕အစည္းတြင္ တာဝန္ထမ္းေဆာင္ျခင္းတို႔နဲ႔ မ်ိဳးခ်စ္စိတ္ကိုျပသၾက ပါတယ္။ လူမ်ိး/ ကိုးကြယ္ရာမေ႐ြး ႏိုင္ငံအေပၚ သစၥာရွိမႈဟာ အေမရိကန္တို႔ရဲ႕ မ်ိဳးခ်စ္စိတ္ပဲျဖစ္ပါတယ္။
အေမရိကန္ႏိုင္ငံသားတစ္ဦးဟာ အေျခခံဥပေဒနဲ႔ တိုင္းျပည္ကို ကာကြယ္မည္ျဖစ္ေၾကာင္း (၁) က်မ္းသစၥာ က်ိန္ဆို ၾကရပါတယ္။ ႏိုင္ငံေတာ္ လွ်ိဳ႕ဝွက္ခ်က္ေပါက္ၾကားေစျခင္း၊ တိုင္းျပည္အတြင္းေရးကို လူသိရွင္ၾကား ျဖစ္ေစျခင္း၊ (၂) ႏိုင္ငံေတာ္အေပၚ သစၥာေဖာက္ဖ်က္ျခင္းတို႔ကို က်ဴးလြန္ခြင့္ျပဳမည္ မဟုတ္ေၾကာင္း အေျခခံဥ ပေဒမွာ တိုက္႐ိုက္ေဖာ္ျပထားပါတယ္။ (၃) အဲ့ဒီအတြက္ ဥပေဒမ်ားနဲ႔ ပြင့္လင္းျမင္သာတဲ့ တရား႐ုံးမ်ားထူ ေထာင္ထားၿပီး က်ဴးလြန္မႈအတြက္ ေသဒဏ္မွ ေထာင္ဒဏ္ ၁၈- ႏွစ္အထိ လက္ေတြ႕အျပစ္ေပးပါတယ္။ (၄) ႏိုင္ငံသားမ်ားအတြက္ လြတ္လပ္စြာေျပာဆိုခြင့္၊ ပညာေရးလြတ္လပ္ခြင့္နဲ႔ သင္ယူမႈ၊ အလုပ္လုပ္ကိုင္ပိုင္ခြင့္၊ က်န္းမာေရး ေစာင့္ေရွာက္မႈ ခံယူပိုင္ခြင့္ကို အာမခံထားပါတယ္။ အက်င့္ပ်က္ျခစားမႈမ်ား၊ (၅) မတရားသျဖင့္ ဖိႏွိပ္မႈမ်ားကို ေဖာ္ထုတ္ေဝဖန္ေရးသားဖို႔ မီဒီယာလြတ္လပ္ခြင့္နဲ႔ အကာအကြယ္ေပးထားပါတယ္။
(၆) ႏိုင္ငံ့ဝန္တမ္းမ်ားရဲ႕ အရည္အခ်င္း၊ အက်င့္စာရိတၱ၊ တိုင္းျပည္အေပၚ သစၥာရွိမႈ၊ လွ်ိဳ႕ဝွက္သတင္းအခ်က္အ လက္ စီမံခန႔္ခြဲႏိုင္စြမ္းနဲ႔ လက္နက္ကိုင္တပ္ဖြဲ႕ဝင္မ်ားအတြက္ ျပည္ပၾသဇာ ကင္းရွင္းမႈတို႔ကို စဥ္ဆက္မျပတ္ စစ္ေဆးေနပါတယ္။ အေရးႀကီး အရာထမ္းမ်ား၊ ေထာက္လွမ္းေရးဌာနအႀကီးအကဲမ်ားအတြက္ ေနာက္ေၾကာင္း ျပန္ စစ္ေဆးတတ္ပါတယ္။
ဒီအတြက္ အေမရိကန္မွာ စစ္ဘက္ အရပ္ဘက္အဓိက ေထာက္လွမ္းေရးဌာန ၁၈-ခုအထိ ရွိေနပါတယ္။ ျပည္ တြင္း/ျပည္ပ မူးယစ္ေဆးဝါး၊ ေငြေၾကးမသမာမႈ၊ အၾကမ္းဖက္မႈနဲ႔ လုံၿခဳံေရး သတင္းေထာက္လွမ္းျခင္းမ်ား၊ အာကာသေစာင့္ၾကည့္ျခင္း ေျမျပင္သတင္းအခ်က္အလက္ စုေဆာင္းဆန္းစစ္ျခင္း ဌာနေပါင္း (၁၁) ခုအျပင္ စစ္ဘက္ဆိုင္ရာ မ်ိဳးမ်ိဴးေသာ ေထာက္လွမ္းေရးဌာန (၅) ခုရွိေနပါတယ္။
အဲ့ဒီအထဲမွာ ကမ္းေျခေစာင့္တပ္ ေထာက္လွမ္းေရးနဲ႔ ယခု တူလ္ဆီဂက္ဘက္က တာဝန္ယူဦးစီးရမယ့္ အေမရိ ကန္ အမ်ိဳးသားေထာက္လွမ္းေရး ၫႊန္ၾကားမႈဌာန DNI လည္း ပါဝင္ပါတယ္။ တကယ္ေတာ့ DNI ႒ာနက ၂၀၀၄-ခုႏွစ္အထိ မရွိခဲ့ပါဘူး၊ ၂၀၀၁ ခုႏွစ္ စက္တင္ဘာ ၁၁ ရက္ တိုက္ခိုက္မႈေတြအၿပီး အေမရိကန္ ေထာက္ လွမ္းေရးအဖြဲ႕အစည္းမ်ားအၾကား ညႇိႏႈိင္းမႈအားနည္းခဲ့တာေၾကာင့္ အဲ့ဒီရာထူးကို ဖန္တီးခဲ့တာျဖစ္ပါတယ္။ ဥပ မာ CIA, FBI, NSA စတဲ့ အဖြဲ႕အစည္းမ်ားအၾကားမွာ ညႇိႏႈိင္းမႈေတြ ျပဳလုပ္ၿပီး၊ သူတို႔ရဲ႕ လုပ္ငန္းေတြကို ထိ ေရာက္စြာ လုပ္ေဆာင္ႏိုင္ေအာင္ ကူညီေပးရပါတယ္။ ႏိုင္ငံေတာ္လုံၿခဳံေရးနဲ႔ ပတ္သက္တဲ့ အေရးႀကီး သတင္း အခ်က္အလက္ေတြရရွိတဲ့အခ်က္အလက္ေတြကို သမၼတနဲ႔ အစိုးရအဖြဲ႕ထံ ေပးပို႔ဖို႔ ျဖစ္ပါတယ္။
ဘက္ဂတ္ဟာ အေတြ႕အႀကဳံ ႏုနယ္သူျဖစ္တယ္လို႔ ေဝဖန္ခံရေပမယ့္ အေမရိကန္အစိုးရရဲ႕ အေရးႀကီးတဲ့ ရာ ထူးေနရာမွာ တာဝန္ေပးခံရသူျဖစ္ေနပါတယ္ အထူးသျဖင့္ ႏိုင္ငံေတာ္လုံၿခဳံေရးနဲ႔ သက္ဆိုင္တဲ့ ေထာက္လွမ္း ေရးဆိုင္ရာ လုပ္ငန္းေတြကို ညႇိႏႈိင္းဦးေဆာင္ေပးရမယ့္ ရာထူးျဖစ္ပါတယ္။ တနည္းအားျဖင့္ အေမရိကန္ အစိုး ရနဲ႔ သမၼတေဒၚနယ္ထရမ့္ရဲ႕ နားနဲ႔ မ်က္စိသဖြယ္ အလြန္အေရးႀကီးတဲ့ တာဝန္ျဖစ္တယ္လို႔ ဆိုရပါလိမ့္မယ္။
#HtayOung, #OungMarine