ပခုက္ကူတွင် အလှူအိမ်ချက်ပြုတ်ရေးလုပ်ကိုင်နေသူများကို PDF က သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ရာ ၁၄ နှစ်အရွယ်ကလေး ၁ ဦးသေဆုံး

918

သုတကျော် (NP News) - ဖေဖော်ဝါရီ ၁၆
ပခုက္ကူမြို့တွင် အလှူအိမ်ချက်ပြုတ်ရေး လုပ်ကိုင်နေသူများကို PDF က သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ရာ ၁၄ နှစ် အရွယ်ကလေးငယ် သေဆုံးပြီး ၆ နှစ်အရွယ်ကလေး ၁ ဦး နှင့် ပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဥ်မှာ ဖေဖော်ဝါရီလ ၁၅ ရက် နံနက် ၁၁ နာရီခန့်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ကွက်သစ်ရပ်ကွက်ရှိ အလှူရှင် ဦးစည်သူထွန်း နေအိမ်၌ ချက်ပြုတ်ရေးလုပ်ငန်းများ ဝိုင်းဝန်းလုပ်ဆောင်နေသူများအား ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအား အားပေးထောက်ခံခြင်းမရှိကြောင်း အကြောင်း ပြကာ PDF အမည်ခံအကြမ်းဖက်အဖွဲ့များက လက်နက်ငယ်ကိုယ်စီကိုင်ဆောင်၍ ဆိုင်ကယ် ၅ စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်ရာမောင်ဖိုးခွား အသက် ၁၄ နှစ်မှာ သေဆုံးခဲ့ပြီး မောင်ကျော်မိုး အသက် ၆ နှစ်အရွယ်ကလေးငယ် ၁ ဦး အပါအဝင် ဒေသခံပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သေဆုံး/ထိခိုက်ဒဏ်ရာရရှိသူများအား ပခုက္ကူမြို့ရှိ ပြည်သူ့ဆေးရုံသို့ပို့ဆောင်၍ လိုအပ်သည့် ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ လူမဆန်စွာ ရက်စက်ယုတ်မာရိုင်းစိုင်းသောလုပ်ရပ်ကို လုပ်ဆောင်ခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများကို အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းကျေးရွာနှင့်ပတ်ဝန်းကျင်အား ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Zawgyi Version:
ပခုကၠဴတြင္ အလႉအိမ္ခ်က္ျပဳတ္ေရးလုပ္ကိုင္ေနသူမ်ားကို PDF က ေသနတ္ျဖင့္ ဝင္ေရာက္ပစ္ခတ္ရာ ၁၄ ႏွစ္အ႐ြယ္ကေလး ၁ ဦးေသဆုံး
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၁၆
ပခုကၠဴၿမိဳ႕တြင္ အလႉအိမ္ခ်က္ျပဳတ္ေရး လုပ္ကိုင္ေနသူမ်ားကို PDF က ေသနတ္ျဖင့္ ဝင္ေရာက္ပစ္ခတ္ရာ ၁၄ ႏွစ္ အ႐ြယ္ကေလးငယ္ ေသဆုံးၿပီး ၆ ႏွစ္အ႐ြယ္ကေလး ၁ ဦး ႏွင့္ ျပည္သူ ၁ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ေဖေဖာ္ဝါရီလ ၁၅ ရက္ နံနက္ ၁၁ နာရီခန႔္က မေကြးတိုင္းေဒသႀကီး၊ ပခုကၠဴၿမိဳ႕၊ ကြက္သစ္ရပ္ကြက္ရွိ အလႉရွင္ ဦးစည္သူထြန္း ေနအိမ္၌ ခ်က္ျပဳတ္ေရးလုပ္ငန္းမ်ား ဝိုင္းဝန္းလုပ္ေဆာင္ေနသူမ်ားအား ၎တို႔၏ အၾကမ္းဖက္လုပ္ရပ္မ်ားအား အားေပးေထာက္ခံျခင္းမရွိေၾကာင္း အေၾကာင္း ျပကာ PDF အမည္ခံအၾကမ္းဖက္အဖြဲ႕မ်ားက လက္နက္ငယ္ကိုယ္စီကိုင္ေဆာင္၍ ဆိုင္ကယ္ ၅ စီးျဖင့္ လာေရာက္ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ ပစ္ခတ္ရာေမာင္ဖိုးခြား အသက္ ၁၄ ႏွစ္မွာ ေသဆုံးခဲ့ၿပီး ေမာင္ေက်ာ္မိုး အသက္ ၆ ႏွစ္အ႐ြယ္ကေလးငယ္ ၁ ဦး အပါအဝင္ ေဒသခံျပည္သူ ၂ ဦး ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရွိရသည္။
အဆိုပါ ေသဆုံး/ထိခိုက္ဒဏ္ရာရရွိသူမ်ားအား ပခုကၠဴၿမိဳ႕ရွိ ျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္၍ လိုအပ္သည့္ ေဆးကုသမႈမ်ား ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။
ျဖစ္စဥ္ႏွင့္ပတ္သက္၍ လူမဆန္စြာ ရက္စက္ယုတ္မာ႐ိုင္းစိုင္းေသာလုပ္ရပ္ကို လုပ္ေဆာင္ခဲ့သည့္ PDF အမည္ခံအၾကမ္းဖက္သမားမ်ားကို အျမန္ဆုံးေဖာ္ထုတ္ဖမ္းဆီးရမိေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ၎ေက်း႐ြာႏွင့္ပတ္ဝန္းက်င္အား ပိတ္ဆို႔ရွာေဖြစစ္ေဆးျခင္းမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။