ရုရှားရေတပ်သင်္ဘောတစ်စင်းက ဂျပန်ပင်လယ်အတွင်း အမြောက်ပစ်ခတ်စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်

 747

Pika (NP News) - ဖေဖော်ဝါရီ ၁၇

ရုရှားရေတပ်ရဲ့ကြီးမားတဲ့သင်္ဘော Admiral Nevelskoy ဟာ ဂျပန်ပင်လယ်အတွင်းမှာ အမြောက်ပစ်ခတ်မှုစစ်ရေး လေ့ကျင့်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ ရုရှားသတင်းအေဂျင်စီ Interfax က ရေးသားဖော်ပြခဲ့ပါတယ်။ ရုရှားရဲ့ပစိဖိတ်ရေယာဉ်အုပ်စုရဲ့ထုတ်ပြန်ချက်တွေကို ကိုးကားပြီး Interfax က ယခုလိုရေးသားဖော်ပြခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
Interfax က “သင်္ဘောတစ်စင်းတည်းအတွက် လေကြောင်းရန်ကာကွယ်ရေး စမ်းသပ် စစ်ရေး‌ လေ့ကျင့်မှုအတွင်း Admiral Nevelskoy သင်္ဘောရဲ့အမှုထမ်းတွေဟာ တူညီတဲ့လေကြောင်းပစ်မှတ်ကို အမြောက်တွေနဲ့ပစ်ခတ် လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်” လို့ ရေးသား‌ဖော်ပြခဲ့ပါတယ်။

ဒါ့ပြင် Admiral Nevelskoy သင်္ဘောရဲ့အမှုထမ်းတွေဟာ ရန်သူတွေရဲ့ဒရုန်းလှေတွေလိုမျိုး ပစ်မှတ်အတုတွေကို ကြီးမားတဲ့စက်သေနတ်တွေနဲ့ ပစ်ခတ်လေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသား ဖော်ပြထားပါတယ်။ အဲဒီစစ်ရေးလေ့ကျင့်မှုဟာ ရုရှားရဲ့ပစိဖိတ်ရေယာဉ်အုပ်စုရဲ့စီစဉ်ထားတဲ့ တိုက်ခိုက်ရေး လေ့ကျင့်မှုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း ရုရှားရေတပ်ရဲ့ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

Zawgyi Version:
႐ုရွားေရတပ္သေဘၤာတစ္စင္းက ဂ်ပန္ပင္လယ္အတြင္း အေျမာက္ပစ္ခတ္စစ္ေရးေလ့က်င့္မႈေတြျပဳလုပ္
Pika (NP News) - ေဖေဖာ္ဝါရီ ၁၇

႐ုရွားေရတပ္ရဲ႕ႀကီးမားတဲ့သေဘၤာ Admiral Nevelskoy ဟာ ဂ်ပန္ပင္လယ္အတြင္းမွာ အေျမာက္ပစ္ခတ္မႈစစ္ေရး ေလ့က်င့္မႈေတြကို လုပ္ေဆာင္ခဲ့တယ္လို႔ ႐ုရွားသတင္းေအဂ်င္စီ Interfax က ေရးသားေဖာ္ျပခဲ့ပါတယ္။ ႐ုရွားရဲ႕ပစိဖိတ္ေရယာဥ္အုပ္စုရဲ႕ထုတ္ျပန္ခ်က္ေတြကို ကိုးကားၿပီး Interfax က ယခုလိုေရးသားေဖာ္ျပခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
Interfax က “သေဘၤာတစ္စင္းတည္းအတြက္ ေလေၾကာင္းရန္ကာကြယ္ေရး စမ္းသပ္ စစ္ေရး‌ ေလ့က်င့္မႈအတြင္း Admiral Nevelskoy သေဘၤာရဲ႕အမႈထမ္းေတြဟာ တူညီတဲ့ေလေၾကာင္းပစ္မွတ္ကို အေျမာက္ေတြနဲ႔ပစ္ခတ္ ေလ့က်င့္မႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္” လို႔ ေရးသား‌ေဖာ္ျပခဲ့ပါတယ္။

ဒါ့ျပင္ Admiral Nevelskoy သေဘၤာရဲ႕အမႈထမ္းေတြဟာ ရန္သူေတြရဲ႕ဒ႐ုန္းေလွေတြလိုမ်ိဳး ပစ္မွတ္အတုေတြကို ႀကီးမားတဲ့စက္ေသနတ္ေတြနဲ႔ ပစ္ခတ္ေလ့က်င့္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ေရးသား ေဖာ္ျပထားပါတယ္။ အဲဒီစစ္ေရးေလ့က်င့္မႈဟာ ႐ုရွားရဲ႕ပစိဖိတ္ေရယာဥ္အုပ္စုရဲ႕စီစဥ္ထားတဲ့ တိုက္ခိုက္ေရး ေလ့က်င့္မႈရဲ႕တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔လည္း ႐ုရွားေရတပ္ရဲ႕ထုတ္ျပန္ခ်က္မွာ ေရးသားေဖာ္ျပထားပါတယ္။

Related news

© 2021. All rights reserved.