တစ်ရက်ထဲ၌ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေသည့် ပြည်ပနိုင်ငံသား(၂၀၀)ကျော်ကို ထပ်မံ ဖမ်းဆီးရမိခဲ့

 590

NP News- ဖေဖော်ဝါရီ ၁၇

ဖေဖော်ဝါရီ(၁၆)ရက် တစ်ရက်ထဲ၌ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေသည့် ပြည်ပနိုင်ငံသား (၂၀၀) ကျော် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ(၁၆)ရက်တွင် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများသို့ တရားမဝင်လမ်းကြောင်းများမှ တစ်ဆင့်ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသား(၂၃၁)ဦးကို ထပ်မံစစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ(၃၀)ရက်မှ ဖေဖော်ဝါရီ(၁၆)ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာ သည့် ပြည်ပနိုင်ငံသား စုစုပေါင်း(၁၀၃၀)ကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ရာ ၎င်းတို့အနက်မှ (၆၁)ဦးကို ထိုင်းနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း နစကမှ ဆိုထားသည်။
ကျန်ရှိသည့် ပြည်ပနိုင်ငံသား(၉၆၉)ဦးကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းရန် အသင့်ဖြစ်နေပြီး ၎င်းတို့ကိုကောင်းမွန်စွာထိန်းသိမ်းထားကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် တရုတ်နိုင်ငံသား Mr. Qian Le Ping ၏ ပြောဆိုချက်အရ "မိုင်းလားမြို့မှာ အလုပ်ကောင်းကောင်းရမယ်။ လစာများများရမယ်ဆိုတဲ့ အလုပ်ခေါ်စာတွေ့လို့ ၂၀၁၈ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့မှာ တရုတ်နိုင်ငံက တစ်ဆင့် မိုင်းလားမြို့ကို တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်ခဲ့ပါတယ်။ မိုင်းလားမြို့ကို ရောက်တဲ့အခါမှာ တရုတ်လူမျိုး Xiao Mu ရဲ့ Yong Le Gong အွန်လိုင်းဂိမ်းကုမ္ပဏီမှာ ၅ နှစ်အလုပ်လုပ်ခဲ့ပါတယ်။ မိုင်းလားကတစ်ဆင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်နေ့မှာ ရွှေကုက္ကိုလ်ကို ရောက်ရှိပြီး တရုတ်လူမျိုး Xian Duo Duo ရဲ့ Hong Tu Guo Ji ကုမ္ပဏီမှာ အွန်လိုင်းကတစ်ဆင့် ကွန်ပျူတာနဲ့ ဂိမ်းကြော်ငြာပေးရတဲ့ အလုပ်ကို နေ့တိုင်း နေ့လယ် ၁၂ နာရီကနေ ည ၁၂ နာရီအထိ လုပ်ပေးရပါတယ်။ တစ်လကို ဘတ် ၇ ထောင်နဲ့ သုံးလစာပဲ ရရှိပြီး ကျန်လတွေမှာ လစာမရခဲ့ပါဘူး" ဟု ၎င်းက ဆိုသည်။

Zawgyi Version:
တစ္ရက္ထဲ၌ ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္ေနသည့္ ျပည္ပႏိုင္ငံသား(၂၀၀)ေက်ာ္ကို ထပ္မံ ဖမ္းဆီးရမိခဲ့
NP News- ေဖေဖာ္ဝါရီ ၁၇

ေဖေဖာ္ဝါရီ(၁၆)ရက္ တစ္ရက္ထဲ၌ ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္ေနသည့္ ျပည္ပႏိုင္ငံသား (၂၀၀) ေက်ာ္ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက သတင္းထုတ္ျပန္ထားသည္။
ေဖေဖာ္ဝါရီ(၁၆)ရက္တြင္ ျမဝတီၿမိဳ႕- ေ႐ႊကုကၠိဳလ္ႏွင့္ KK Park နယ္ေျမမ်ားသို႔ တရားမဝင္လမ္းေၾကာင္းမ်ားမွ တစ္ဆင့္ဝင္ေရာက္ေနၾကသည့္ ျပည္ပႏိုင္ငံသား(၂၃၁)ဦးကို ထပ္မံစစ္ေဆးေဖာ္ထုတ္ ထိန္းသိမ္းႏိုင္ခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၎တို႔ကို သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ အျမန္ဆုံးျပန္လည္လႊဲေျပာင္းေပးႏိုင္ေရးအတြက္ လိုအပ္သည့္ ကိုယ္ေရးအခ်က္အလက္မ်ားႏွင့္ မွတ္တမ္းမ်ား စာရင္းေကာက္ယူျခင္းလုပ္ငန္းမ်ားကို ဌာနဆိုင္ရာ ပူးေပါင္း အဖြဲ႕မ်ားျဖင့္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီ(၃၀)ရက္မွ ေဖေဖာ္ဝါရီ(၁၆)ရက္အထိ ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာ သည့္ ျပည္ပႏိုင္ငံသား စုစုေပါင္း(၁၀၃၀)ကို စစ္ေဆးေဖာ္ထုတ္ ထိန္းသိမ္းႏိုင္ခဲ့ရာ ၎တို႔အနက္မွ (၆၁)ဦးကို ထိုင္းႏိုင္ငံသို႔ ဥပေဒလုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ လႊဲေျပာင္းေပးအပ္ခဲ့ၿပီးျဖစ္ေၾကာင္း နစကမွ ဆိုထားသည္။
က်န္ရွိသည့္ ျပည္ပႏိုင္ငံသား(၉၆၉)ဦးကိုလည္း သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ လႊဲေျပာင္းရန္ အသင့္ျဖစ္ေနၿပီး ၎တို႔ကိုေကာင္းမြန္စြာထိန္းသိမ္းထားေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
ဖမ္းဆီးထိန္းသိမ္းခံခဲ့ရသည့္ တ႐ုတ္ႏိုင္ငံသား Mr. Qian Le Ping ၏ ေျပာဆိုခ်က္အရ "မိုင္းလားၿမိဳ႕မွာ အလုပ္ေကာင္းေကာင္းရမယ္။ လစာမ်ားမ်ားရမယ္ဆိုတဲ့ အလုပ္ေခၚစာေတြ႕လို႔ ၂၀၁၈ ခုႏွစ္၊ မတ္လ ၁၂ ရက္ေန႔မွာ တ႐ုတ္ႏိုင္ငံက တစ္ဆင့္ မိုင္းလားၿမိဳ႕ကို တရားမဝင္လမ္းေၾကာင္းကေန ဝင္ေရာက္ခဲ့ပါတယ္။ မိုင္းလားၿမိဳ႕ကို ေရာက္တဲ့အခါမွာ တ႐ုတ္လူမ်ိဳး Xiao Mu ရဲ႕ Yong Le Gong အြန္လိုင္းဂိမ္းကုမၸဏီမွာ ၅ ႏွစ္အလုပ္လုပ္ခဲ့ပါတယ္။ မိုင္းလားကတစ္ဆင့္ ၂၀၂၃ ခုႏွစ္၊ ဒီဇင္ဘာ ၃ ရက္ေန႔မွာ ေ႐ႊကုကၠိဳလ္ကို ေရာက္ရွိၿပီး တ႐ုတ္လူမ်ိဳး Xian Duo Duo ရဲ႕ Hong Tu Guo Ji ကုမၸဏီမွာ အြန္လိုင္းကတစ္ဆင့္ ကြန္ပ်ဴတာနဲ႔ ဂိမ္းေၾကာ္ျငာေပးရတဲ့ အလုပ္ကို ေန႔တိုင္း ေန႔လယ္ ၁၂ နာရီကေန ည ၁၂ နာရီအထိ လုပ္ေပးရပါတယ္။ တစ္လကို ဘတ္ ၇ ေထာင္နဲ႔ သုံးလစာပဲ ရရွိၿပီး က်န္လေတြမွာ လစာမရခဲ့ပါဘူး" ဟု ၎က ဆိုသည္။

Related news

© 2021. All rights reserved.