ထိုင်ဝမ်ရေလက်ကြားကို ကနေဒါစစ်သင်္ဘောတစ်စီး ဖြတ်ကျော်ဝင်ရောက်

 103

Pika (NP News) - ဖေဖော်ဝါရီ ၁၇

ထိုင်ဝမ်ရေလက်ကြားကို ကနေဒါစစ်သင်္ဘောတစ်စီး ဖြတ်သန်းဝင်ရောက်လာမှုကို တရုတ်စစ်တပ်က ဖေဖော်ဝါရီလ(၁၇)ရက်မှာ ပြစ်တင်ရှုတ်ချခဲ့တယ်လို့ သိရပါတယ်။
ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းဝင်ရောက်လာတဲ့ ကနေဒါစစ်သင်္ဘောကို စောင့်ကြည့်ဖို့နဲ့သတိပေးဖို့အတွက် လေကြောင်းနဲ့ရေကြောင်းတပ်ဖွဲ့တွေကို စေလွှတ်ခဲ့တယ်လို့ တရုတ်စစ်တပ်ကပြောကြားခဲ့ပါတယ်။
အမေရိကန်ရေတပ်သင်္ဘောနှစ်စီးဟာ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ဝင်ရောက်လာပြီးနောက် ရက်ပိုင်းအကြာမှာ ကနေဒါစစ်သင်္ဘောရဲ့ဖြတ်သန်းဝင်ရောက်မှုထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ မဟာမိတ်နိုင်ငံတွေရဲ့သင်္ဘောတွေနဲ့အတူ တစ်ခါတစ်လေ လိုက်ပါလေ့ရှိတဲ့ အမေရိကန်ရေတပ်ဟာ ထိုင်ဝမ်ရေလက်ကြားကို တစ်လမှာ တစ်ကြိမ်လောက်ဖြတ်သန်းလေ့ရှိတယ်လို့လည်း သိရပါတယ်။

ကနေဒါစစ်သင်္ဘော ဖြတ်သန်းဝင်ရောက်လာမှုဟာ လုံခြုံရေးအန္တရာယ်တွေကို တိုးမြင့်စေပြီး ထိုင်ဝမ်ရေလက်ကြားအတွင်း ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ထိခိုက်စေတယ်လို့ တရုတ်စစ်တပ်ရဲ့ အရှေ့ပိုင်းစစ်ဌာနချုပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ထုတ်ပြန်ချက်မှာ "ကျွန်‌တော်တို့ရဲ့ တပ်ဖွဲ့တွေကို အချိန်တိုင်းမှာ အမြင့်ဆုံးသတိပေးချက်အဆင့်မှာထားရှိပြီး ခြိမ်းခြောက်မှုတွေနဲ့ရန်စမှုတွေအားလုံးကို ပြတ်ပြတ်သားသား လက်တုံ့ပြန်သွားမှာပါ” လို့ ရေးသားဖော်ပြထားပါတယ်။
အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ကနေဒါစစ်တပ်က ချက်ချင်းပြန်လည်မှတ်ချက်ပြုပြောဆိုတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

Zawgyi Version:



Related news

© 2021. All rights reserved.