တောင်ကိုရီးယားအစိုးရက Deepseek ကို နိုင်ငံအတွင်း အသုံးပြုဖို့ပိတ်ပင်

643

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၇
တောင်ကိုရီးယားအစိုးရဟာ တရုတ်နိုင်ငံထုတ် AI နည်းပညာသုံး Deepseek အက်ပလီကေးရှင်းကို တောင်ကိုရီးယားနိုင်ငံအတွင်း အသုံးပြုခွင့်ပိတ်ပင်လိုက်ပါတယ်။ Deepseek အက်ပလီကေးရှင်း ထွက်ပေါလာခဲ့ပြီးနောက် ကမ္ဘာ့နိုင်ငံတွေကြား အငြင်းပွားမှုများဖြစ်လာခဲ့ပါတယ်။
တောင်ကိုရီးယားအစိုးရက တောင်ကိုရီးယားနိုင်ငံသားတွေရဲ့တစ်ဦးချင်း လူပုဂ္ငိုလ်ပိုင်းဆိုင်ရာ အချက်အလက်တွေ ကာကွယ်ရေးဥပဒေနဲ့အညီလုပ်ဆောင်မှသာ Deepseek ကို နိုင်ငံအတွင်း ပြန်လည်အသုံးပြုဖို့ ခွင့်ပြုမယ်လို့ ပြောပါတယ်။ Deepseek အက်ပလီကေးရှင်းထွက်လာခဲ့ပြီးနောက် တောင်ကိုရီးယားနိုင်ငံအတွင်း Deepseek ကို Download ဆွဲသူဦးရေက တစ်ပတ်အတွင်း သန်းချီရှိခဲ့တယ်လို့ သိရပါတယ်။
တောင်ကိုရီးယားအစိုးရကလည်း ၄င်းတို့အစိုးရဝန်ထမ်းများကို Deepseek ကို Download ဆွဲခြင်းမလုပ်ဖို့ တားမြစ်လိုက်ကြောင်း သိရပါတယ်။ အဆိုပါ အက်ပလီကေးရှင်းထွက်လာခဲ့ပြီးနောက် အငြင်းပွားမှုများဖြစ်လာခဲ့ရာ တောင်ကိုရီးယား၊ သြစတြေးလျ နဲ့ ထိုင်ဝမ်တို့မှာ အစိုးရဝန်ထမ်းများကို ပိတ်ပင်ထားပါတယ်။
အမေရိကန်အစိုးရကလည်း တရုတ်နိုင်ငံထုတ် Deepseek ကို အမေရိကန်အစိုးရဌာနတွေရဲ့ ဝန်ထမ်းများ အသုံးပြုခွင့်ပိတ်ပင်ဖို့ စီစဥ်နေကြောင်း သိရပါတယ်။
ZawGyi Version
ေတာင္ကိုရီးယားအစိုးရက Deepseek ကို ႏိုင္ငံအတြင္း အသုံးျပဳဖို႔ပိတ္ပင္
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁၇
ေတာင္ကိုရီးယားအစိုးရဟာ တ႐ုတ္ႏိုင္ငံထုတ္ AI နည္းပညာသုံး Deepseek အက္ပလီေကးရွင္းကို ေတာင္ကိုရီးယားႏိုင္ငံအတြင္း အသုံးျပဳခြင့္ပိတ္ပင္လိုက္ပါတယ္။ Deepseek အက္ပလီေကးရွင္း ထြက္ေပါလာခဲ့ၿပီးေနာက္ ကမာၻ႔ႏိုင္ငံေတြၾကား အျငင္းပြားမႈမ်ားျဖစ္လာခဲ့ပါတယ္။
ေတာင္ကိုရီးယားအစိုးရက ေတာင္ကိုရီးယားႏိုင္ငံသားေတြရဲ႕တစ္ဦးခ်င္း လူပုဂ္ငိဳလ္ပိုင္းဆိုင္ရာ အခ်က္အလက္ေတြ ကာကြယ္ေရးဥပေဒနဲ႔အညီလုပ္ေဆာင္မွသာ Deepseek ကို ႏိုင္ငံအတြင္း ျပန္လည္အသုံးျပဳဖို႔ ခြင့္ျပဳမယ္လို႔ ေျပာပါတယ္။ Deepseek အက္ပလီေကးရွင္းထြက္လာခဲ့ၿပီးေနာက္ ေတာင္ကိုရီးယားႏိုင္ငံအတြင္း Deepseek ကို Download ဆြဲသူဦးေရက တစ္ပတ္အတြင္း သန္းခ်ီရွိခဲ့တယ္လို႔ သိရပါတယ္။
ေတာင္ကိုရီးယားအစိုးရကလည္း ၄င္းတို႔အစိုးရဝန္ထမ္းမ်ားကို Deepseek ကို Download ဆြဲျခင္းမလုပ္ဖို႔ တားျမစ္လိုက္ေၾကာင္း သိရပါတယ္။ အဆိုပါ အက္ပလီေကးရွင္းထြက္လာခဲ့ၿပီးေနာက္ အျငင္းပြားမႈမ်ားျဖစ္လာခဲ့ရာ ေတာင္ကိုရီးယား၊ ၾသစေၾတးလ် နဲ႔ ထိုင္ဝမ္တို႔မွာ အစိုးရဝန္ထမ္းမ်ားကို ပိတ္ပင္ထားပါတယ္။
အေမရိကန္အစိုးရကလည္း တ႐ုတ္ႏိုင္ငံထုတ္ Deepseek ကို အေမရိကန္အစိုးရဌာနေတြရဲ႕ ဝန္ထမ္းမ်ား အသုံးျပဳခြင့္ပိတ္ပင္ဖို႔ စီစဥ္ေနေၾကာင္း သိရပါတယ္။