မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူလေဆိပ်မှာ အများပြည်သူရှေ့ အဝတ်အစားတွေ ချွတ်ပစ်ခဲ့တဲ့ စုံတွဲ ဒေါ်လာ ၁,၅၀၀ စီ ဒဏ်ရိုက်ခံရ

1669

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၁၈
မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ် (KLIA) မှာ အများပြည်သူရှေ့ အဝတ်အစားတွေ ချွတ်ပစ်ခဲ့တဲ့ တရုတ် သတင်းနည်းပညာနည်းပညာ ပညာရှင်တစ်ဦးနဲ့ ၄င်းရဲ့ဇနီးကို အများပြည်သူရှေ့ ညစ်ညမ်းမှုနဲ့အပြစ်ရှိကြောင်း တွေ့ရှိပြီး ဆီလန်ဂေါမြို့ရှိ တရားရုံးတစ်ခုမှာ ဖေဖော်ဝါရီ ၁၇ ရက်က ဒဏ်ငွေ ရင်းဂစ် ၅၀၀၀ (စင်္ကာပူဒေါ်လာ ၁၅၀၀) ချမှတ်ခဲ့တယ်လို့ မလေးရှားမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ တရုတ်သတင်းနည်းပညာ ပညာရှင် ဆူဂျန်ဖန် (၂၇ နှစ်) နဲ့ ဇနီးဖြစ်သူ ရှီချင် (အသက် ၂၈ နှစ်) နှစ်တို့ဟာ ဖေဖော်ဝါရီ ၁၄ ရက်က ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့ပါတယ်။ သူတို့စုံတွဲဟာ ဖေဖော်ဝါရီ ၉ ရက် နံနက် ၁၁ နာရီ ၃၃ မိနစ်က ကွာလာလမ်ပူလေဆိပ်၊ KLIA2 ရှိ ဝင်ပေါက်တစ်ခုအနီးမှာ အတွင်းခံဘောင်းဘီတွေကို ချွတ်ပစ်ခဲ့ကြတာဖြစ်ပါတယ်။
ဆူက သူ့ကိုယ်သူ "စကြဝဠာ ဘုရင်" လို့ ထင်မှတ်နေပြီး "ရှီ" ကတော့ သူ့ကိုယ်သူ AI (ဉာဏ်ရည်တု) စက်ရုပ်" လို့ ထင်မှတ်နေကာ စိတ်ပိုင်းဆိုင်ရာဂိမ်းတစ်ခု ဆော့နေတယ်လို့ သူတို့က ထင်မှတ်နေကြတာဖြစ်တယ်လို့ မလေးရှား မီဒီယာသို့ပြောကြားခဲ့ပါတယ်။ အဆိုပါစုံတွဲဟာ ဖေဖော်ဝါရီလ ၉ ရက်က KLIA2 မှာ ဖမ်းဆီးခံခဲ့ရပြီး ဆေးရုံမှာ ကုသမှုခံယူခဲ့ရပါတယ်။
ဆေးရုံက ဆင်းပြီးနောက် အဆိုပါစုံတွဲဟာ သူတို့ရဲ့အပြုအမူနဲ့လေယာဉ်ခရီးစဉ်နှောင့်နှေးစေမှုအတွက် ပြည်တွင်းမီဒီယာကနေတစ်ဆင့် တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။
Zawgyi Version:
မေလးရွားႏိုင္ငံ၊ ကြာလာလမ္ပူေလဆိပ္မွာ အမ်ားျပည္သူေရွ႕ အဝတ္အစားေတြ ခြၽတ္ပစ္ခဲ့တဲ့ စုံတြဲ ေဒၚလာ ၁,၅၀၀ စီ ဒဏ္႐ိုက္ခံရ
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၁၈
မေလးရွားႏိုင္ငံ ကြာလာလမ္ပူေလဆိပ္ (KLIA) မွာ အမ်ားျပည္သူေရွ႕ အဝတ္အစားေတြ ခြၽတ္ပစ္ခဲ့တဲ့ တ႐ုတ္ သတင္းနည္းပညာနည္းပညာ ပညာရွင္တစ္ဦးနဲ႔ ၄င္းရဲ႕ဇနီးကို အမ်ားျပည္သူေရွ႕ ညစ္ညမ္းမႈနဲ႔အျပစ္ရွိေၾကာင္း ေတြ႕ရွိၿပီး ဆီလန္ေဂါၿမိဳ႕ရွိ တရား႐ုံးတစ္ခုမွာ ေဖေဖာ္ဝါရီ ၁၇ ရက္က ဒဏ္ေငြ ရင္းဂစ္ ၅၀၀၀ (စကၤာပူေဒၚလာ ၁၅၀၀) ခ်မွတ္ခဲ့တယ္လို႔ မေလးရွားမီဒီယာေတြက ေဖာ္ျပခဲ့ပါတယ္။ တ႐ုတ္သတင္းနည္းပညာ ပညာရွင္ ဆူဂ်န္ဖန္ (၂၇ ႏွစ္) နဲ႔ ဇနီးျဖစ္သူ ရွီခ်င္ (အသက္ ၂၈ ႏွစ္) ႏွစ္တို႔ဟာ ေဖေဖာ္ဝါရီ ၁၄ ရက္က ျပစ္မႈက်ဴးလြန္ေၾကာင္း ဝန္ခံခဲ့ပါတယ္။ သူတို႔စုံတြဲဟာ ေဖေဖာ္ဝါရီ ၉ ရက္ နံနက္ ၁၁ နာရီ ၃၃ မိနစ္က ကြာလာလမ္ပူေလဆိပ္၊ KLIA2 ရွိ ဝင္ေပါက္တစ္ခုအနီးမွာ အတြင္းခံေဘာင္းဘီေတြကို ခြၽတ္ပစ္ခဲ့ၾကတာျဖစ္ပါတယ္။
ဆူက သူ႔ကိုယ္သူ "စၾကဝဠာ ဘုရင္" လို႔ ထင္မွတ္ေနၿပီး "ရွီ" ကေတာ့ သူ႔ကိုယ္သူ AI (ဉာဏ္ရည္တု) စက္႐ုပ္" လို႔ ထင္မွတ္ေနကာ စိတ္ပိုင္းဆိုင္ရာဂိမ္းတစ္ခု ေဆာ့ေနတယ္လို႔ သူတို႔က ထင္မွတ္ေနၾကတာျဖစ္တယ္လို႔ မေလးရွား မီဒီယာသို႔ေျပာၾကားခဲ့ပါတယ္။ အဆိုပါစုံတြဲဟာ ေဖေဖာ္ဝါရီလ ၉ ရက္က KLIA2 မွာ ဖမ္းဆီးခံခဲ့ရၿပီး ေဆး႐ုံမွာ ကုသမႈခံယူခဲ့ရပါတယ္။
ေဆး႐ုံက ဆင္းၿပီးေနာက္ အဆိုပါစုံတြဲဟာ သူတို႔ရဲ႕အျပဳအမူနဲ႔ေလယာဥ္ခရီးစဥ္ေႏွာင့္ေႏွးေစမႈအတြက္ ျပည္တြင္းမီဒီယာကေနတစ္ဆင့္ ေတာင္းပန္ခဲ့တယ္လို႔ သိရပါတယ္။