ဟိန္ဒားဒေသမှ တွင်းထွက်များကို KNU ၊ PDF ပူးပေါင်းအဖွဲ့က သိန်းရာချီပေး၍ ကားငှားပြီး ထုတ်ယူ သုံးစွဲနေ

6026

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၁၈
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ဟိန္ဒားဒေသမှ တွင်းထွက်များကို KNU ၊ PDF ပူးပေါင်းအဖွဲ့က ထုတ်ယူနေရာ သယ်ယူခအနေဖြင့် ကားသမားတစ်ဦးလျှင် သိန်းရာချီ အထိပေးထားကြောင်း ဒေသခံများက NP News သို့ပြောသည်။
ဟိန္ဒားဒေသသည် ထားဝယ်မြို့နယ် မေတ္တာမြို့အနီးတွင်တည်ရှိပြီး လက်ရှိတွင် ယင်းဒေသမှ ကျောက်မီးသွေးအပြင် ရွှေ၊ ခဲ၊ ခဲမဖြူနှင့် ခနောက်စိမ်း စသည့် အခြားသောသတ္ထုများကို KNU နှင့် PDF ပူးပေါင်းအဖွဲ့က တူးဖော်ထုတ်ယူနေကြောင်း သိရသည်။ “ရေဝိုင်းအကျော်မှာ လိပ်ကျယ်ခေါင်တို့ တောင်သုံးလုံးတို့အဲဒီနားမှာ ဟိန္ဒားဆိုတဲ့သတ္တုတွင်းကြီးရှိတယ်။ ကျောက်မီးသွေးတွင်းကြီးပေါ့။ ထုတ်နေတာ လည်း ကျောက်မီးသွေးပဲ။ အရင်တုန်းကဆိုရင် တစ်ရက်တစ်ရက်ကို ထိုင်းကနေလာထုတ်တာ။ တန် (၃၀ဝ) ၊ တန် (၄၀ဝ) လောက်ထုတ်တာ။ အဲဒီတွင်း က (၂၀၁၈) ခုနှစ် ဝန်းကျင်းမှာလား ပိတ်လိုက်တာ။ အဲဒီမှာ ကားတွေဆိုရင်လည်း ဒီအတိုင်းပစ်ထားတာ။ ယန္တရားကြီးတစ်ခုလုံးနားထားတာ။ အဲဒီနောက် ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကားတွေခေါ်တယ်” ဟု အထက်ပါဒေသခံက ပြောသည်။
PDF အဖွဲ့ကထုတ်ယူနေသော ခဲသတ္တုများကို ယင်းသတ္ထုတွင်းနှင့် (၁၅) မိုင်ခန့်သာကွာဝေးသော ထားဝယ်အရှေ့တောဘက်သို့တင်ပို့ရန် ကားများရာနှင့်ချီခေါ်ယူထားသည့်အပြင် တင်ပို့ခအနေဖြင့် တစ် ခေါက်လျှင် ငွေကျပ်သိန်း (၁၀ဝ) အထိပေးရကြောင်း လည်း ၎င်းကဆိုသည်။ “ကားတစ်စီးကို သိန်း (၁၀ဝ) ပေးတယ်တဲ့။ တစ်လကို အခေါက် (၄၀) (၅၀) ရမယ်။ တစ်ခေါက်ကို သိန်း (၁၀ဝ) ရမယ်ပေါ့။ ပို့ ပေးရုံပဲ။ ပို့ပေးရမှာကလည်း (၁၅) မိုင်လောက်ပဲဝေးတယ်။ ကားများလေကောင်လေဆိုတဲ့သဘောပေါ့ နော်။ အခုကလည်း KNU တွေနဲ့လည်း ညှိထားပုံပဲ။ ထားဝယ်အရှေ့တောကို ခဲတွေပဲပို့ခိုင်းတာ။ တခြား ကားသမားတွေလည်း ပါတယ်။ ကားတွေလိုက်ရှာနေတယ်။ အလုပ်ချိန်က (၃)လပဲရှိတာ။ မိုးတွင်းဆိုရင် တောင်ကျရေကျတယ်လေ။ အဲဒီတော့ အချိန်က ခဏပဲရတော့ ကားတွေ အသည်းအသန်လိုက်ရှာနေ တာ” ဟု ၎င်းက ဆက်ပြောသည်။
ထားဝယ်မြို့နယ်အတွင်းရှိ ဟိန္ဒားသတ္တုတွင်းဒေသသည် ရွှေ၊ ကျောက်မီးသွေး၊ ခဲမဖြူ၊ ခနောက်စိမ်းနှင့် ခဲထွက်ရှိသည့်နေရာများဖြစ်ပြီး (၂၀၂၀) ခုနှစ်အထိ ထိုင်းနိုင်ငံ ပိုင်မြန်မာပွန်ပီပက် (Myan- mar Pongpipat) ကုမ္ပဏီက တူးဖော်ထုတ်ယူခွင့်ရရှိခဲ့သည့်ဒေသဖြစ် ကြောင်း သိရသည်။ အထက်ပါဒေသနှင့် အနီးတစ်ဝိုက်ကို KNU တပ်မဟာ (၄) နှင့် ဒေသတွင်း PDF လက်နက်ကိုင်တို့က ကြီးစိုးခြယ်လှယ်နေသည့်အပြင် ရေဝိုင်းကျေးရွာအနီးရှိ ရွှေနှင့်ခဲလုပ်ကွက်မှ ငွေ ကျပ်သိန်း (၉၀)ထက်မနည်းသည်လည်း နိုင်ငံတော်ဘဏ္ဍာမှ နေ့စဉ်ဆုံးရှုံးနေရလျက်ရှိနေသည်။
zawgyi version
ဟိႏၵားေဒသမွ တြင္းထြက္မ်ားကို KNU ၊ PDF ပူးေပါင္းအဖြဲ႕က သိန္းရာခ်ီေပး၍ ကားငွားၿပီး ထုတ္ယူ သုံးစြဲေန
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၁၈
တနသၤာရီတိုင္း ထားဝယ္ၿမိဳ႕နယ္ ဟိႏၵားေဒသမွ တြင္းထြက္မ်ားကို KNU ၊ PDF ပူးေပါင္းအဖြဲ႕က ထုတ္ယူေနရာ သယ္ယူခအေနျဖင့္ ကားသမားတစ္ဦးလွ်င္ သိန္းရာခ်ီ အထိေပးထားေၾကာင္း ေဒသခံမ်ားက NP News သို႔ေျပာသည္။
ဟိႏၵားေဒသသည္ ထားဝယ္ၿမိဳ႕နယ္ ေမတၱာၿမိဳ႕အနီးတြင္တည္ရွိၿပီး လက္ရွိတြင္ ယင္းေဒသမွ ေက်ာက္မီးေသြးအျပင္ ေ႐ႊ၊ ခဲ၊ ခဲမျဖဴႏွင့္ ခေနာက္စိမ္း စသည့္ အျခားေသာသတၳဳမ်ားကို KNU ႏွင့္ PDF ပူးေပါင္းအဖြဲ႕က တူးေဖာ္ထုတ္ယူေနေၾကာင္း သိရသည္။ “ေရဝိုင္းအေက်ာ္မွာ လိပ္က်ယ္ေခါင္တို႔ ေတာင္သုံးလုံးတို႔အဲဒီနားမွာ ဟိႏၵားဆိုတဲ့သတၱဳတြင္းႀကီးရွိတယ္။ ေက်ာက္မီးေသြးတြင္းႀကီးေပါ့။ ထုတ္ေနတာ လည္း ေက်ာက္မီးေသြးပဲ။ အရင္တုန္းကဆိုရင္ တစ္ရက္တစ္ရက္ကို ထိုင္းကေနလာထုတ္တာ။ တန္ (၃၀ဝ) ၊ တန္ (၄၀ဝ) ေလာက္ထုတ္တာ။ အဲဒီတြင္း က (၂၀၁၈) ခုႏွစ္ ဝန္းက်င္းမွာလား ပိတ္လိုက္တာ။ အဲဒီမွာ ကားေတြဆိုရင္လည္း ဒီအတိုင္းပစ္ထားတာ။ ယႏၲရားႀကီးတစ္ခုလုံးနားထားတာ။ အဲဒီေနာက္ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ကားေတြေခၚတယ္” ဟု အထက္ပါေဒသခံက ေျပာသည္။
PDF အဖြဲ႕ကထုတ္ယူေနေသာ ခဲသတၱဳမ်ားကို ယင္းသတၳဳတြင္းႏွင့္ (၁၅) မိုင္ခန႔္သာကြာေဝးေသာ ထားဝယ္အေရွ႕ေတာဘက္သို႔တင္ပို႔ရန္ ကားမ်ားရာႏွင့္ခ်ီေခၚယူထားသည့္အျပင္ တင္ပို႔ခအေနျဖင့္ တစ္ ေခါက္လွ်င္ ေငြက်ပ္သိန္း (၁၀ဝ) အထိေပးရေၾကာင္း လည္း ၎ကဆိုသည္။ “ကားတစ္စီးကို သိန္း (၁၀ဝ) ေပးတယ္တဲ့။ တစ္လကို အေခါက္ (၄၀) (၅၀) ရမယ္။ တစ္ေခါက္ကို သိန္း (၁၀ဝ) ရမယ္ေပါ့။ ပို႔ ေပး႐ုံပဲ။ ပို႔ေပးရမွာကလည္း (၁၅) မိုင္ေလာက္ပဲေဝးတယ္။ ကားမ်ားေလေကာင္ေလဆိုတဲ့သေဘာေပါ့ ေနာ္။ အခုကလည္း KNU ေတြနဲ႔လည္း ညႇိထားပုံပဲ။ ထားဝယ္အေရွ႕ေတာကို ခဲေတြပဲပို႔ခိုင္းတာ။ တျခား ကားသမားေတြလည္း ပါတယ္။ ကားေတြလိုက္ရွာေနတယ္။ အလုပ္ခ်ိန္က (၃)လပဲရွိတာ။ မိုးတြင္းဆိုရင္ ေတာင္က်ေရက်တယ္ေလ။ အဲဒီေတာ့ အခ်ိန္က ခဏပဲရေတာ့ ကားေတြ အသည္းအသန္လိုက္ရွာေန တာ” ဟု ၎က ဆက္ေျပာသည္။
ထားဝယ္ၿမိဳ႕နယ္အတြင္းရွိ ဟိႏၵားသတၱဳတြင္းေဒသသည္ ေ႐ႊ၊ ေက်ာက္မီးေသြး၊ ခဲမျဖဴ၊ ခေနာက္စိမ္းႏွင့္ ခဲထြက္ရွိသည့္ေနရာမ်ားျဖစ္ၿပီး (၂၀၂၀) ခုႏွစ္အထိ ထိုင္းႏိုင္ငံ ပိုင္ျမန္မာပြန္ပီပက္ (Myan- mar Pongpipat) ကုမၸဏီက တူးေဖာ္ထုတ္ယူခြင့္ရရွိခဲ့သည့္ေဒသျဖစ္ ေၾကာင္း သိရသည္။ အထက္ပါေဒသႏွင့္ အနီးတစ္ဝိုက္ကို KNU တပ္မဟာ (၄) ႏွင့္ ေဒသတြင္း PDF လက္နက္ကိုင္တို႔က ႀကီးစိုးျခယ္လွယ္ေနသည့္အျပင္ ေရဝိုင္းေက်း႐ြာအနီးရွိ ေ႐ႊႏွင့္ခဲလုပ္ကြက္မွ ေငြ က်ပ္သိန္း (၉၀)ထက္မနည္းသည္လည္း ႏိုင္ငံေတာ္ဘ႑ာမွ ေန႔စဥ္ဆုံးရႈံးေနရလ်က္ရွိေနသည္။