တောဆင်ရိုင်းများ ရွာတွင်း ဝင်မမွှေအောင် အစာကျွေးခြင်းနည်းအပေါ် အယူအဆကွဲပြားနေ

 1432

Htay Oung (NP News) - ဖေဖော်ဝါရီ ၁၈
အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် ဘန်ကူရာခရိုင် အင်ကြင်းတောကို ဖြတ်သန်းပြီး ပန်းဂေါ်ဖီနဲ့ အာလူးတွေ ကီလိုထောင်ချီ တင်ဆောင်ထားတဲ့ ထရပ်ကားတစ်စီးဟာ ဖုန်တထောင်းထောင်းတဲ့ မောင်းနှင်လာပါတယ်။ အဲဒီကားဟာ သာမန် ဟင်းသီးဟင်းရွက်တင် ကုန်စိမ်းကားတစ်စီး မဟုတ်ကြောင်း သိရှိခဲ့ရင် သင် အင်မတန် အံ့သြမိလိမ့်မယ်လို့ နယူးဒေလီအခြေစိုက် “ဖရန့်လိုင်း” ဒစ်ဂျစ်တယ် သတင်းစာက ၂ဝ၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်မှာ ရေးသားပါတယ်။

အိန္ဒိယ အနောက်ဘင်္ဂလားပြည်နယ်မှာ လူနဲ့တောဆင်ရိုင်းများအကြား ပဋိပက္ခကို လျှော့ချဖို့ ဆင်တွေကို အစာကျွေးတဲ့နည်းလမ်းနဲ့ဖြေရှင်းနေကြပါတယ်။ ဒါပေမယ့် အဲဒီနည်းလမ်းဟာ ဆင်တွေအနေနဲ့ လူသားများ ကျွေးမွေးတဲ့ အစာအပေါ် မှီခိုလာစေပြီး သူတို့ရဲ့ သဘာ၀အလျောက် အစာရှာဖွေစားသောက်တဲ့အမူအကျင့်များ ပျောက်ဆုံးစေနိုင်ကြောင်း၊ ရေရှည်မှာ အစာလိုချင်တဲ့ဆင်တွေဟာ ကျေးရွာများအတွင်း ယခုထက် ဝင်မွှေခြင်း အားဖြင့် ပဋိပက္ခကို ပိုမိုဆိုးရွားလာအောင် အကျင့်လုပ်ပေးသလိုဖြစ်လိမ့်မယ်လို့ ကျွမ်းကျင်သူများက သတိပေး နေကြပါတယ်။
အာဖရိတိုက် ဘော့ဆွာနာ၊ တန်ဇန်နီးယား၊ ဇင်ဘာဘွေနဲ့ အာရှတိုက် အင်ဒိုနီးရှား၊ အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့မှာ တောဆင်ရိုင်းအများဆုံးတွေ့ရှိနိုင်ပါတယ်။ သစ်တောများ ရှင်သန်ပွားများစေရာမှာ တောဆင်းရိုင်းတွေဟာ အရေးကြီးတဲ့တိရစ္ဆာန်ဖြစ်ပြီး အလွန်ကြီးမားတဲ့ ခန္ဓာကိုယ်နဲ့ အသိဉာဏ်မြင့်မားမှုကြောင့် လူသားအတော်များ များက သူတို့ကို ချစ်ခင်နှစ်သက်ကြပါတယ်။ မြန်မာ-အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့မှာ ဆင်တွေဟာ ဘာသာရေးနဲ့ ယဉ်ကျေးမှုအရ အလေးအမြတ်ထားခံကြရပါတယ်။
ဒါပေမယ့် အဲဒီနိုင်ငံတွေလည်း အခြားကမ္ဘာ့ဒေသအတော်များများနည်းတူ ဆင်စွယ်ကို အနုပညာတစ်ပါးအဖြစ် အလှဆင်လိုခြင်းကြောင့် ဆင်များအသတ်ခံရဖို့ ဖြစ်နေပါတယ်။ အာရှဆင်များမှာ အထီးများသာ အစွယ်ပါရှိခြင်း ကြောင့် စွယ်စုံဆင်ထီးကြီးတွေ အသတ်ခံနေရပါတယ်။ ဒီကိစ္စဟာ သဘာဝအလျောက် ဆင်ကောင်ရေ လျော့ကျဖို့ ဖြစ်လာပါတယ်။
သစ်ပင်တောတောင်ဆိုတာ ဆင်တို့ကို သဘာဝက ပေးအပ်တဲ့ နေအိမ်နဲ့ အစာရှာဖွေစားသောက်ဖို့ စားကျက်များပဲ ဖြစ်ပါတယ်။ တိုးပွားလာတဲ့ လူသားဦးရေအလိုက် မြို့ပြနဲ့လယ်ယာစိုက်ခင်းများ ချဲ့ထွင်ခြင်း၊ သစ်ခုတ်ခြင်း၊ သတ္တု တူးဖော်ခြင်းအားဖြင့် ကျွန်တော်တို့တွေဟာ ဆင် အပါအဝင် တောရိုင်းတိရစ္ဆာန်တို့ရဲ့နေအိမ်စားကျက်များကို လုယက်ဖျက်ဆီးနေကြပါတယ်။ အရေအတွက် ယုတ်လျော့နေပြီးသား တောဆင်ရိုင်းတွေခမျာ အသက်ရှင်ဖို့ အစာရှာဖွေရင်း လူတို့နေထိုင်ရာ ကျေးရွာများအတွင်း ဝင်ရောက်မိလျက်သားဖြစ်သွားရပါတယ်။ ဆာလောင်နေ တဲ့ မိုမိုကြီးတွေဟာ လူတို့စိုက်ပျိုးထားတဲ့ သီးနှံများကို လုယက်စားသောက်မိကြပါတယ်။
လူနဲ့ တောဆင်ရိုင်းတို့အကြား ပဋိပက္ခဟာ တော်ယုံ မဟုတ်ဖူးလို့ ပြောရပါလိမ့်မယ်။ ၂၀၁၅ ခုနှစ်မှ ၂၀၂၄ ခု နှစ်အကြား ၉ နှစ်အတွင်း သီရိလင်္ကံာတစ်နိုင်ငံတည်းမှာပဲ အဲ့ဒီပဋိပက္ခကြောင့် လူပေါင်း ၁၁၉၀ ယောက်နဲ့ ဆင် ၃၄၇၇ ကောင် သေဆုံးရတယ်လို့ ကျွန်းနိုင်ငံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနကပြောပါတယ်။ အစာအဆိပ်ချခြင်း၊ ထောင်ခြောက်ဆင်ခြင်း၊ သေနတ်/လက်နက်တို့ အသုံးပြုခြင်းကြောင့် ၂၀၁၅-ခုနှစ်မှ သုံးနှစ်အတွင်း တောဆင်ရိုင်း ၁၄၆၆ ကောင်သေဆုံးခဲ့ရကြောင်း၊ ဒီနေရာမှာ၂၀၂၀ မှ ၂၀၂၄ ခုနှစ်အတွင်း သေဆုံးရတဲ့ တောဆင်ရိုင်းဦးရေ မှာ ၂၀၁၁-ကောင်အထိ တိုးမြင့်လာခဲ့ကြောင်း။
အလားတူ ကာလမှာ တောဆင်ရိုင်းကြောင့် သေဆုံးသူ လူဦးရေမှာ ၅၄၆ ယောက်မှ ၇၃၄ ယောက်ဖြစ်လာခြင်း ကြောင့် လူသားနဲ့ မိုမိုကြီးတို့အကြား ကြောက်မက်ဖွယ် ပဋိပက္ခဖြစ်ပွားနေကြောင်း ပေါ်လွင်လာပါတယ်။ အိန္ဒိယနိုင်ငံရဲ့ လူနေထူထပ်ပြီး စိုက်ပျိုးလုပ်ကိုင်သူ အများစု အနောက်ဘင်္ဂလားပြည်နယ်ကျေးရွာများမှာတော့ လူနေရပ်ကွက်များအနီး ချဉ်းကပ်လာတဲ့ တောဆင်းရိုင်းတွေကို မောင်းထုတ်ဖို့အတွက် “ဟူလာ_ပါတီ” လို့ ခေါ် ကင်းသမားအဖွဲ့တွေကို ဖွဲ့စည်းထားကြတယ်။ သူတို့တွေဟာ ထိပ်ဖျားမှာ ဒီဇယ် ဒါမှမဟုတ် ရေနံဆီဆွတ် ဂုံလျော်စတွေ ရစ်ပတ်ထားတဲ့ ၃-၄ မီတာအရှည် သံချောင်းတွေကို ကိုင်ဆောင်ကြပါတယ်။ အဲ့ဒီ သံတိုင်ကို ဟူလာ လို့ခေါ်ပြီး ဆင်နဲ့သားရဲတိရစ္တာန်များကို ခြောက်လှန့်ရာမှာ လက်တန်ရှည် မီးဒုတ်အဖြစ် အသုံးပြုကြပါတယ်။ လူအုပ်လိုက်အသံမျိုးစုံမြည်အောင် ခြောက်လှန့်မောင်းထုတ်ရာမှာ ဟူလာတွေက နေ့ရော ညပါ အသုံးဝင်ပါ တယ်။
HEC လို့ ခေါ်တဲ့ လူနဲ့ တောဆင်းရိုင်းတို့အကြား ပဋိပက္ခနည်းသွားစေဖို့အတွက် သူတို့ထံ အစာအရောက်ပို့ ပေးဖို့ ခရိုင်သစ်တောဌာနက ဆုံးဖြတ်ခဲ့ပါတယ်။ ၁၂-နာရီကြာ ခရီးနှင်ပြီး တောဆင်ရိုင်းတွေရှိရာ သီးနှံတွေ သွားရောက် ပို့ဆောင်ပေးရသူများကတော့ ဆင်အကြောင်း အတွေ့အကြုံရှိတဲ့ ဟူလာပါတီများပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီနည်းဟာ အိန္ဒိယတစ်နိုင်ငံလုံးရှိ ဆင်ကောင်ရေ စုစုပေါင်းရဲ့ ၂ ရာခိုင်နှုန်းအတွက်သာ ရှိတယ်လို့ဆိုပါတယ်။

၂၀၁၀ ဧပြီလမှ ၂၀၁၉ ခုနှစ် မတ်လအတွင်း အိန္ဒိယအနောက်ဘင်္ဂလားမှာ တောဆင်ရိုင်းကြောင့် စုစုပေါင်း လူ ၇၂၆ ဦး သေဆုံး ၁၂၃၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သီးနှံ ၅၁,၅၄၂ ဟက်တာ၊ တဲအိမ်များ ၄,၄၄၆ လုံး ပျက်စီးခဲ့ရပါတယ်။ အဲဒီကာလအတွင်း သဘာဝအလျှောက် မဟုတ်တဲ့ ဆင်သေဆုံးမှု ၁၃၆ ကောင်ရှိခဲ့ပြီး၊ လျှပ်စစ်နဲ့ ရှော့တိုက် အသတ်ခံရခြင်းဟာ အဓိကအကြောင်းအရင်းဖြစ်ကြောင်း၊ မီးရထားမတော်တဆမှုနဲ့ ရေတွင်းဟောင်း/ရွှံ့နွံမှာ နစ်ပြီးတော့လည်း သေဆုံးခဲ့ရကြောင်း၊ တောဆင်ရိုင်းတွေဟာ သီးနှံစိုက်ခင်းတွေကို အများဆုံးဝင်ရောက် မွှေနှောက်ခဲ့ပြီး ဒီအတွက် အစိုးရက ရူပီးငွေ ၅၉ ကုဋေခန့် လျော်ကြေးပေးခဲ့ရတယ်လို့ သိရှိရပါတယ်။
အနောက် ဘင်္ဂလားပြည်နယ် ၁၃-ခရိုင်မှာ HEC ပဋိပက္ခကြောင့် ထိခိုက်ဆုံးရှုံးမှုဟာ လူသားတွေဘက်မှာရော ဆင်ရိုင်းတွေဘက်မှာပါ တိုးပွားလာနေပါတယ်။ မြို့ပြအသွင်ကူးပြောင်းမှု လျင်မြန်ခြင်း၊ လူသားတို့ရဲ့စွက်ဖက် မှုကြောင့် ဆင်တို့ရဲ့သဘာဝကျက်စားရာနေရာတွေ ပြိုကွဲပျက်စီးနေရပါတယ်။ ဒါကြောင့် ဆင်ရိုင်းတွေနဲ့ ပတ်သက် လာရင် ကျွန်တော်တို့ လူသားတွေဟာ တကယ့်ကျူးကျော်နှိပ်စက်သူ စစ်စစ်တွေဖြစ်နေပါတယ်။ ကြာလာရင် ဒီကမ္ဘာမြေပေါ်မှာ ကျွန်တော်တို့လက်ချက်နဲ့ မိုမိုကြီးတို့ မျိုးတုန်းပျောက်ကွယ်သွားရပါလိမ့်မယ်။ သဘာဝဆင်ရိုင်း များ စီမံထိန်းသိမ်းခြင်း၊ ဆင်အန္တရာယ်ကာကွယ်ခြင်း၊ ရေတိုမိရိုးဖလာနည်းနဲ့ ဆင်မောင်းထုတ်ခြင်း တောဆင်ရိုင်း ဘေးမဲ့တောထူထောင်ခြင်းနည်းလမ်းများနဲ့ ဒီကမ္ဘာမြေပြင်ကို မိုမိုကြီးတို့လည်း ပိုင်ဆိုင်ခွင့်ရှိကြောင်း တရားမျှတ စွာ အသိအမှတ်ပြုရပါလိမ့်မယ်။
#HtayOung #OungMarine
#လူနှင့်_တောဆင်ရိုင်းကြား_ပဋိပက္ခ #Human_Elephant_Conflict #HEC

Zawgyi Version:
ေတာဆင္႐ိုင္းမ်ား ႐ြာတြင္း ဝင္မေမႊေအာင္ အစာေကြၽးျခင္းနည္းအေပၚ အယူအဆကြဲျပားေန
Htay Oung (NP News) - ေဖေဖာ္ဝါရီ ၁၈
အိႏၵိယႏိုင္ငံ အေနာက္ဘဂၤလားျပည္နယ္ ဘန္ကူရာခ႐ိုင္ အင္ၾကင္းေတာကို ျဖတ္သန္းၿပီး ပန္းေဂၚဖီနဲ႔ အာလူးေတြ ကီလိုေထာင္ခ်ီ တင္ေဆာင္ထားတဲ့ ထရပ္ကားတစ္စီးဟာ ဖုန္တေထာင္းေထာင္းတဲ့ ေမာင္းႏွင္လာပါတယ္။ အဲဒီကားဟာ သာမန္ ဟင္းသီးဟင္း႐ြက္တင္ ကုန္စိမ္းကားတစ္စီး မဟုတ္ေၾကာင္း သိရွိခဲ့ရင္ သင္ အင္မတန္ အံ့ၾသမိလိမ့္မယ္လို႔ နယူးေဒလီအေျခစိုက္ “ဖရန႔္လိုင္း” ဒစ္ဂ်စ္တယ္ သတင္းစာက ၂ဝ၂၅ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၇ ရက္မွာ ေရးသားပါတယ္။

အိႏၵိယ အေနာက္ဘဂၤလားျပည္နယ္မွာ လူနဲ႔ေတာဆင္႐ိုင္းမ်ားအၾကား ပဋိပကၡကို ေလွ်ာ့ခ်ဖို႔ ဆင္ေတြကို အစာေကြၽးတဲ့နည္းလမ္းနဲ႔ေျဖရွင္းေနၾကပါတယ္။ ဒါေပမယ့္ အဲဒီနည္းလမ္းဟာ ဆင္ေတြအေနနဲ႔ လူသားမ်ား ေကြၽးေမြးတဲ့ အစာအေပၚ မွီခိုလာေစၿပီး သူတို႔ရဲ႕ သဘာ၀အေလ်ာက္ အစာရွာေဖြစားေသာက္တဲ့အမူအက်င့္မ်ား ေပ်ာက္ဆုံးေစႏိုင္ေၾကာင္း၊ ေရရွည္မွာ အစာလိုခ်င္တဲ့ဆင္ေတြဟာ ေက်း႐ြာမ်ားအတြင္း ယခုထက္ ဝင္ေမႊျခင္း အားျဖင့္ ပဋိပကၡကို ပိုမိုဆိုး႐ြားလာေအာင္ အက်င့္လုပ္ေပးသလိုျဖစ္လိမ့္မယ္လို႔ ကြၽမ္းက်င္သူမ်ားက သတိေပး ေနၾကပါတယ္။
အာဖရိတိုက္ ေဘာ့ဆြာနာ၊ တန္ဇန္နီးယား၊ ဇင္ဘာေဘြနဲ႔ အာရွတိုက္ အင္ဒိုနီးရွား၊ အိႏၵိယနဲ႔ ျမန္မာႏိုင္ငံတို႔မွာ ေတာဆင္႐ိုင္းအမ်ားဆုံးေတြ႕ရွိႏိုင္ပါတယ္။ သစ္ေတာမ်ား ရွင္သန္ပြားမ်ားေစရာမွာ ေတာဆင္း႐ိုင္းေတြဟာ အေရးႀကီးတဲ့တိရစာၦန္ျဖစ္ၿပီး အလြန္ႀကီးမားတဲ့ ခႏၶာကိုယ္နဲ႔ အသိဉာဏ္ျမင့္မားမႈေၾကာင့္ လူသားအေတာ္မ်ား မ်ားက သူတို႔ကို ခ်စ္ခင္ႏွစ္သက္ၾကပါတယ္။ ျမန္မာ-အိႏၵိယနဲ႔ ထိုင္းႏိုင္ငံတို႔မွာ ဆင္ေတြဟာ ဘာသာေရးနဲ႔ ယဥ္ေက်းမႈအရ အေလးအျမတ္ထားခံၾကရပါတယ္။
ဒါေပမယ့္ အဲဒီႏိုင္ငံေတြလည္း အျခားကမာၻ႔ေဒသအေတာ္မ်ားမ်ားနည္းတူ ဆင္စြယ္ကို အႏုပညာတစ္ပါးအျဖစ္ အလွဆင္လိုျခင္းေၾကာင့္ ဆင္မ်ားအသတ္ခံရဖို႔ ျဖစ္ေနပါတယ္။ အာရွဆင္မ်ားမွာ အထီးမ်ားသာ အစြယ္ပါရွိျခင္း ေၾကာင့္ စြယ္စုံဆင္ထီးႀကီးေတြ အသတ္ခံေနရပါတယ္။ ဒီကိစၥဟာ သဘာဝအေလ်ာက္ ဆင္ေကာင္ေရ ေလ်ာ့က်ဖို႔ ျဖစ္လာပါတယ္။
သစ္ပင္ေတာေတာင္ဆိုတာ ဆင္တို႔ကို သဘာဝက ေပးအပ္တဲ့ ေနအိမ္နဲ႔ အစာရွာေဖြစားေသာက္ဖို႔ စားက်က္မ်ားပဲ ျဖစ္ပါတယ္။ တိုးပြားလာတဲ့ လူသားဦးေရအလိုက္ ၿမိဳ႕ျပနဲ႔လယ္ယာစိုက္ခင္းမ်ား ခ်ဲ႕ထြင္ျခင္း၊ သစ္ခုတ္ျခင္း၊ သတၱဳ တူးေဖာ္ျခင္းအားျဖင့္ ကြၽန္ေတာ္တို႔ေတြဟာ ဆင္ အပါအဝင္ ေတာ႐ိုင္းတိရစာၦန္တို႔ရဲ႕ေနအိမ္စားက်က္မ်ားကို လုယက္ဖ်က္ဆီးေနၾကပါတယ္။ အေရအတြက္ ယုတ္ေလ်ာ့ေနၿပီးသား ေတာဆင္႐ိုင္းေတြခမ်ာ အသက္ရွင္ဖို႔ အစာရွာေဖြရင္း လူတို႔ေနထိုင္ရာ ေက်း႐ြာမ်ားအတြင္း ဝင္ေရာက္မိလ်က္သားျဖစ္သြားရပါတယ္။ ဆာေလာင္ေန တဲ့ မိုမိုႀကီးေတြဟာ လူတို႔စိုက္ပ်ိဳးထားတဲ့ သီးႏွံမ်ားကို လုယက္စားေသာက္မိၾကပါတယ္။
လူနဲ႔ ေတာဆင္႐ိုင္းတို႔အၾကား ပဋိပကၡဟာ ေတာ္ယုံ မဟုတ္ဖူးလို႔ ေျပာရပါလိမ့္မယ္။ ၂၀၁၅ ခုႏွစ္မွ ၂၀၂၄ ခု ႏွစ္အၾကား ၉ ႏွစ္အတြင္း သီရိလကႍာတစ္ႏိုင္ငံတည္းမွာပဲ အဲ့ဒီပဋိပကၡေၾကာင့္ လူေပါင္း ၁၁၉၀ ေယာက္နဲ႔ ဆင္ ၃၄၇၇ ေကာင္ ေသဆုံးရတယ္လို႔ ကြၽန္းႏိုင္ငံ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီးဌာနကေျပာပါတယ္။ အစာအဆိပ္ခ်ျခင္း၊ ေထာင္ေျခာက္ဆင္ျခင္း၊ ေသနတ္/လက္နက္တို႔ အသုံးျပဳျခင္းေၾကာင့္ ၂၀၁၅-ခုႏွစ္မွ သုံးႏွစ္အတြင္း ေတာဆင္႐ိုင္း ၁၄၆၆ ေကာင္ေသဆုံးခဲ့ရေၾကာင္း၊ ဒီေနရာမွာ၂၀၂၀ မွ ၂၀၂၄ ခုႏွစ္အတြင္း ေသဆုံးရတဲ့ ေတာဆင္႐ိုင္းဦးေရ မွာ ၂၀၁၁-ေကာင္အထိ တိုးျမင့္လာခဲ့ေၾကာင္း။
အလားတူ ကာလမွာ ေတာဆင္႐ိုင္းေၾကာင့္ ေသဆုံးသူ လူဦးေရမွာ ၅၄၆ ေယာက္မွ ၇၃၄ ေယာက္ျဖစ္လာျခင္း ေၾကာင့္ လူသားနဲ႔ မိုမိုႀကီးတို႔အၾကား ေၾကာက္မက္ဖြယ္ ပဋိပကၡျဖစ္ပြားေနေၾကာင္း ေပၚလြင္လာပါတယ္။ အိႏၵိယႏိုင္ငံရဲ႕ လူေနထူထပ္ၿပီး စိုက္ပ်ိဳးလုပ္ကိုင္သူ အမ်ားစု အေနာက္ဘဂၤလားျပည္နယ္ေက်း႐ြာမ်ားမွာေတာ့ လူေနရပ္ကြက္မ်ားအနီး ခ်ဥ္းကပ္လာတဲ့ ေတာဆင္း႐ိုင္းေတြကို ေမာင္းထုတ္ဖို႔အတြက္ “ဟူလာ_ပါတီ” လို႔ ေခၚ ကင္းသမားအဖြဲ႕ေတြကို ဖြဲ႕စည္းထားၾကတယ္။ သူတို႔ေတြဟာ ထိပ္ဖ်ားမွာ ဒီဇယ္ ဒါမွမဟုတ္ ေရနံဆီဆြတ္ ဂုံေလ်ာ္စေတြ ရစ္ပတ္ထားတဲ့ ၃-၄ မီတာအရွည္ သံေခ်ာင္းေတြကို ကိုင္ေဆာင္ၾကပါတယ္။ အဲ့ဒီ သံတိုင္ကို ဟူလာ လို႔ေခၚၿပီး ဆင္နဲ႔သားရဲတိရစၱာန္မ်ားကို ေျခာက္လွန႔္ရာမွာ လက္တန္ရွည္ မီးဒုတ္အျဖစ္ အသုံးျပဳၾကပါတယ္။ လူအုပ္လိုက္အသံမ်ိဳးစုံျမည္ေအာင္ ေျခာက္လွန႔္ေမာင္းထုတ္ရာမွာ ဟူလာေတြက ေန႔ေရာ ညပါ အသုံးဝင္ပါ တယ္။
HEC လို႔ ေခၚတဲ့ လူနဲ႔ ေတာဆင္း႐ိုင္းတို႔အၾကား ပဋိပကၡနည္းသြားေစဖို႔အတြက္ သူတို႔ထံ အစာအေရာက္ပို႔ ေပးဖို႔ ခ႐ိုင္သစ္ေတာဌာနက ဆုံးျဖတ္ခဲ့ပါတယ္။ ၁၂-နာရီၾကာ ခရီးႏွင္ၿပီး ေတာဆင္႐ိုင္းေတြရွိရာ သီးႏွံေတြ သြားေရာက္ ပို႔ေဆာင္ေပးရသူမ်ားကေတာ့ ဆင္အေၾကာင္း အေတြ႕အႀကဳံရွိတဲ့ ဟူလာပါတီမ်ားပဲျဖစ္ပါတယ္။ ဒါေပမယ့္ အဲဒီနည္းဟာ အိႏၵိယတစ္ႏိုင္ငံလုံးရွိ ဆင္ေကာင္ေရ စုစုေပါင္းရဲ႕ ၂ ရာခိုင္ႏႈန္းအတြက္သာ ရွိတယ္လို႔ဆိုပါတယ္။

၂၀၁၀ ဧၿပီလမွ ၂၀၁၉ ခုႏွစ္ မတ္လအတြင္း အိႏၵိယအေနာက္ဘဂၤလားမွာ ေတာဆင္႐ိုင္းေၾကာင့္ စုစုေပါင္း လူ ၇၂၆ ဦး ေသဆုံး ၁၂၃၃ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး သီးႏွံ ၅၁,၅၄၂ ဟက္တာ၊ တဲအိမ္မ်ား ၄,၄၄၆ လုံး ပ်က္စီးခဲ့ရပါတယ္။ အဲဒီကာလအတြင္း သဘာဝအေလွ်ာက္ မဟုတ္တဲ့ ဆင္ေသဆုံးမႈ ၁၃၆ ေကာင္ရွိခဲ့ၿပီး၊ လွ်ပ္စစ္နဲ႔ ေရွာ့တိုက္ အသတ္ခံရျခင္းဟာ အဓိကအေၾကာင္းအရင္းျဖစ္ေၾကာင္း၊ မီးရထားမေတာ္တဆမႈနဲ႔ ေရတြင္းေဟာင္း/႐ႊံ႕ႏြံမွာ နစ္ၿပီးေတာ့လည္း ေသဆုံးခဲ့ရေၾကာင္း၊ ေတာဆင္႐ိုင္းေတြဟာ သီးႏွံစိုက္ခင္းေတြကို အမ်ားဆုံးဝင္ေရာက္ ေမႊေႏွာက္ခဲ့ၿပီး ဒီအတြက္ အစိုးရက ႐ူပီးေငြ ၅၉ ကုေဋခန႔္ ေလ်ာ္ေၾကးေပးခဲ့ရတယ္လို႔ သိရွိရပါတယ္။
အေနာက္ ဘဂၤလားျပည္နယ္ ၁၃-ခ႐ိုင္မွာ HEC ပဋိပကၡေၾကာင့္ ထိခိုက္ဆုံးရႈံးမႈဟာ လူသားေတြဘက္မွာေရာ ဆင္႐ိုင္းေတြဘက္မွာပါ တိုးပြားလာေနပါတယ္။ ၿမိဳ႕ျပအသြင္ကူးေျပာင္းမႈ လ်င္ျမန္ျခင္း၊ လူသားတို႔ရဲ႕စြက္ဖက္ မႈေၾကာင့္ ဆင္တို႔ရဲ႕သဘာဝက်က္စားရာေနရာေတြ ၿပိဳကြဲပ်က္စီးေနရပါတယ္။ ဒါေၾကာင့္ ဆင္႐ိုင္းေတြနဲ႔ ပတ္သက္ လာရင္ ကြၽန္ေတာ္တို႔ လူသားေတြဟာ တကယ့္က်ဴးေက်ာ္ႏွိပ္စက္သူ စစ္စစ္ေတြျဖစ္ေနပါတယ္။ ၾကာလာရင္ ဒီကမာၻေျမေပၚမွာ ကြၽန္ေတာ္တို႔လက္ခ်က္နဲ႔ မိုမိုႀကီးတို႔ မ်ိဳးတုန္းေပ်ာက္ကြယ္သြားရပါလိမ့္မယ္။ သဘာဝဆင္႐ိုင္း မ်ား စီမံထိန္းသိမ္းျခင္း၊ ဆင္အႏၲရာယ္ကာကြယ္ျခင္း၊ ေရတိုမိ႐ိုးဖလာနည္းနဲ႔ ဆင္ေမာင္းထုတ္ျခင္း ေတာဆင္႐ိုင္း ေဘးမဲ့ေတာထူေထာင္ျခင္းနည္းလမ္းမ်ားနဲ႔ ဒီကမာၻေျမျပင္ကို မိုမိုႀကီးတို႔လည္း ပိုင္ဆိုင္ခြင့္ရွိေၾကာင္း တရားမွ်တ စြာ အသိအမွတ္ျပဳရပါလိမ့္မယ္။
#HtayOung #OungMarine
#လူႏွင့္_ေတာဆင္႐ိုင္းၾကား_ပဋိပကၡ #Human_Elephant_Conflict #HEC

Related news

© 2021. All rights reserved.