ကျိုက်မရောမှာ ရိုးရာမပျက် ဒေါင်ဒင်အင်းငါးဖမ်းပွဲတော် ကျင်းပ

478

NP News ဖေဖေါ်ဝါရီ (၁၈) ရက်
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ အတ္ထရံမြစ်အရှေ့ခြမ်း၊ ငပုအင်းကျေးရွာအုပ်စု၊ ရေပူကော့စပ်ကျေးရွာ၌ နှစ်စဉ် ကျင်းပဆင်နွဲသောပွဲတော်တစ်ခုဖြစ်သည့် ဒေါင်ဒင်အင်းငါးဖမ်းပွဲတော်ကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ရိုးရာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ငါးဖမ်းဝါသနာရှင်များနှင့် အပျော်တမ်းငါးဖမ်းသူများစွာပါဝင် ဆင်နွှဲခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
အဆိုပါ ငါးဖမ်းပွဲတော်ကို ကျင်းပနိုင်ရန်အတွက် ဖေဖော်ဝါရီ ၁၃ ရက် (တပို့တွဲလဆုတ် ၁ ရက်)နေ့မှ ဖေဖော်ဝါရီ ၁၅ ရက် (တပို့တွဲလဆုတ် ၃ ရက်)နေ့ ညနေ ၅ နာရီအထိ ဒေါင်ဒင်အင်းကြီးအတွင်း ပြင်ဆင်မှုများဆောင်ရွက်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၆ ရက် (တပို့တွဲလပြည့်ကျော် ၄ ရက်)နေ့၌ ပွဲတော်ကြီးအား တစ်ရက်တည်း ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယခုနှစ်တွင်ကျင်းပပြုလုပ်သော ဒေါင်ဒင်အင်းငါးဖမ်းပွဲတော်အတွင်း ကရင်ရိုးရာဒုံးယိမ်းအကများ၊ ကရင်ရိုးရာမုန့်များ ကျွေးမွေးခြင်းအစီအစဉ်များထည့်သွင်းကျင်းပခဲ့ကြပြီး ဒေါင်ဒင်အင်းအနီးကျေးရွာများဖြစ်သည့် ငပူအင်း၊ ကော့စပ်၊ ကျုံကွယ် ကျေးရွာများအပြင် မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံစသည်တို့မှ ငါးဖမ်းဝါသနာရှင်များ၊ အပျော်တမ်းငါးဖမ်းသူများက ရိုးရာမပျက် ပျော်ရွှင်စွာ ငါးဖမ်းကြပြီး ဖမ်းယူရရှိသော ငါးများကိုပျော်ပျော်ပါးပါးစားသောက်ခြင်း၊ လက်ဆောင်ပေးခြင်းများနှင့် အချင်းချင်းရင်းနှီးချစ်ခင်စွာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ပါဝင်ဆင်နွှဲခဲ့ကြခြင်းဖြစ်သည်။
အဆိုပါအင်းအတွင်းမှ ငါးမျိုးစုံဖမ်းယူရရှိပြီး အဓိက ငါးပတ်၊ ငါးခူ၊ ငါးရံ့စသည့် ငါးများရှိပြီး ဖမ်းရလည်းလွယ်ကူသောကြောင့် ငါးဖမ်းဝါသနာရှင်များက နှစ်စဥ်လာရောက်လေ့ရှိကြပြီး မွန်ပြည်နယ်အတွင်း ထင်ရှားသော ရိုးရာပွဲတော်တစ်ခုအနေဖြင့် အစဉ်အလာမပျက် ကျင်းပ ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Zawgyi Version:
က်ိဳက္မေရာမွာ ႐ိုးရာမပ်က္ ေဒါင္ဒင္အင္းငါးဖမ္းပြဲေတာ္ က်င္းပ
NP News ေဖေဖၚဝါရီ (၁၈) ရက္
မြန္ျပည္နယ္၊ က်ိဳက္မေရာၿမိဳ႕နယ္၊ အတၳရံျမစ္အေရွ႕ျခမ္း၊ ငပုအင္းေက်း႐ြာအုပ္စု၊ ေရပူေကာ့စပ္ေက်း႐ြာ၌ ႏွစ္စဥ္ က်င္းပဆင္ႏြဲေသာပြဲေတာ္တစ္ခုျဖစ္သည့္ ေဒါင္ဒင္အင္းငါးဖမ္းပြဲေတာ္ကို ေဖေဖာ္ဝါရီလ ၁၆ ရက္ေန႔တြင္ ႐ိုးရာမပ်က္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပခဲ့ၿပီး ငါးဖမ္းဝါသနာရွင္မ်ားႏွင့္ အေပ်ာ္တမ္းငါးဖမ္းသူမ်ားစြာပါဝင္ ဆင္ႏႊဲခဲ့ေၾကာင္း ေဒသခံမ်ားထံမွသိရသည္။
အဆိုပါ ငါးဖမ္းပြဲေတာ္ကို က်င္းပႏိုင္ရန္အတြက္ ေဖေဖာ္ဝါရီ ၁၃ ရက္ (တပို႔တြဲလဆုတ္ ၁ ရက္)ေန႔မွ ေဖေဖာ္ဝါရီ ၁၅ ရက္ (တပို႔တြဲလဆုတ္ ၃ ရက္)ေန႔ ညေန ၅ နာရီအထိ ေဒါင္ဒင္အင္းႀကီးအတြင္း ျပင္ဆင္မႈမ်ားေဆာင္႐ြက္ခဲ့ၿပီး ေဖေဖာ္ဝါရီလ ၁၆ ရက္ (တပို႔တြဲလျပည့္ေက်ာ္ ၄ ရက္)ေန႔၌ ပြဲေတာ္ႀကီးအား တစ္ရက္တည္း က်င္းပခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ယခုႏွစ္တြင္က်င္းပျပဳလုပ္ေသာ ေဒါင္ဒင္အင္းငါးဖမ္းပြဲေတာ္အတြင္း ကရင္႐ိုးရာဒုံးယိမ္းအကမ်ား၊ ကရင္႐ိုးရာမုန႔္မ်ား ေကြၽးေမြးျခင္းအစီအစဥ္မ်ားထည့္သြင္းက်င္းပခဲ့ၾကၿပီး ေဒါင္ဒင္အင္းအနီးေက်း႐ြာမ်ားျဖစ္သည့္ ငပူအင္း၊ ေကာ့စပ္၊ က်ဳံကြယ္ ေက်း႐ြာမ်ားအျပင္ ေမာ္လၿမိဳင္၊ က်ိဳက္မေရာ၊ မုဒုံစသည္တို႔မွ ငါးဖမ္းဝါသနာရွင္မ်ား၊ အေပ်ာ္တမ္းငါးဖမ္းသူမ်ားက ႐ိုးရာမပ်က္ ေပ်ာ္႐ႊင္စြာ ငါးဖမ္းၾကၿပီး ဖမ္းယူရရွိေသာ ငါးမ်ားကိုေပ်ာ္ေပ်ာ္ပါးပါးစားေသာက္ျခင္း၊ လက္ေဆာင္ေပးျခင္းမ်ားႏွင့္ အခ်င္းခ်င္းရင္းႏွီးခ်စ္ခင္စြာ စုေပါင္းမွတ္တမ္းတင္ဓာတ္ပုံ႐ိုက္ကူးကာ ပါဝင္ဆင္ႏႊဲခဲ့ၾကျခင္းျဖစ္သည္။
အဆိုပါအင္းအတြင္းမွ ငါးမ်ိဳးစုံဖမ္းယူရရွိၿပီး အဓိက ငါးပတ္၊ ငါးခူ၊ ငါးရံ႕စသည့္ ငါးမ်ားရွိၿပီး ဖမ္းရလည္းလြယ္ကူေသာေၾကာင့္ ငါးဖမ္းဝါသနာရွင္မ်ားက ႏွစ္စဥ္လာေရာက္ေလ့ရွိၾကၿပီး မြန္ျပည္နယ္အတြင္း ထင္ရွားေသာ ႐ိုးရာပြဲေတာ္တစ္ခုအေနျဖင့္ အစဥ္အလာမပ်က္ က်င္းပ ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။