(၁၉)နှစ်အရွယ်အမျိုးသမီးငယ်ကို တရုတ်မယားအဖြစ် ရောင်းစားရန်စီစဉ်ဆောင်ရွက်သူအား နှစ်ရှည်ထောင်ဒဏ်ချမှတ်

2047

ချယ်ရီ(NP News)- ဖေဖော်ဝါရီ ၁၈
(၁၉)နှစ်အရွယ်အမျိုးသမီးငယ်ကို တရုတ်မယားအဖြစ် ရောင်းစားရန်စီစဉ်ဆောင်ရွက်သူအမျိုးသမီးအား နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနထံမှ သိရသည်။
ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့၊ မန်ရန်ကျေးရွာတွင် နေထိုင်သည့် အသက်(၁၉)နှစ်အရွယ်ရှိ မ....မှာ ဘဝရပ်တည်ရန်အတွက် ငွေကြေးအခက်အခဲရှိနေကြောင်း သိရသည်။
ထိုသို့အားနည်းချက်ရှိနေခြင်းကို အခွင့်ကောင်းယူကာ ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ စက်မှုရပ်တွင်နေထိုင်သော မငြိမ်းလင်းနွယ် (ခ) ဝိုင်းက ပြောဆိုစည်းရုံးပြီး တရုတ်ယောက်ျားထံ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မူဆယ်မြို့မရဲစခန်းက (ပ) ၂၃၄/ ၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင် ခဲ့ပြီး မူဆယ်ခရိုင်တရားရုံးမှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်တွင် တရားခံ မငြိမ်းလင်းနွယ်(ခ)ဝိုင်းကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ (၃၅) အရ အလုပ်နှင့် ထောင်ဒဏ်(၁၀)နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
အနီးစပ်ဆုံးဖြစ်စဉ်အနေဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၁၀)ရက် ဝန်းကျင်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့ နယ်တွင် တင်တောင်းငွေ ယွမ်လေးသောင်းရမည်ဟုဆိုကာ အသက်(၂၁)အရွယ်အမျိုးသမီးကို တရုတ်ဇနီးမယားအဖြစ် ရောင်းစားရန် စီစဉ်ဆောင်ရွက်သူ အမျိုးသမီး(၂)ဦးကို နှစ်ရှည်ထောင်များချမှတ်လိုက်ကြောင်း သိရသည်။
Zawgyi Version:
(၁၉)ႏွစ္အ႐ြယ္အမ်ိဳးသမီးငယ္ကို တ႐ုတ္မယားအျဖစ္ ေရာင္းစားရန္စီစဥ္ေဆာင္႐ြက္သူအား ႏွစ္ရွည္ေထာင္ဒဏ္ခ်မွတ္
ခ်ယ္ရီ(NP News)- ေဖေဖာ္ဝါရီ ၁၈
(၁၉)ႏွစ္အ႐ြယ္အမ်ိဳးသမီးငယ္ကို တ႐ုတ္မယားအျဖစ္ ေရာင္းစားရန္စီစဥ္ေဆာင္႐ြက္သူအမ်ိဳးသမီးအား ႏွစ္ရွည္ေထာင္ဒဏ္ ခ်မွတ္ခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနထံမွ သိရသည္။
ရွမ္းျပည္နယ္၊ ကြတ္ခိုင္ၿမိဳ႕နယ္၊ တာမိုးညဲၿမိဳ႕၊ မန္ရန္ေက်း႐ြာတြင္ ေနထိုင္သည့္ အသက္(၁၉)ႏွစ္အ႐ြယ္ရွိ မ....မွာ ဘဝရပ္တည္ရန္အတြက္ ေငြေၾကးအခက္အခဲရွိေနေၾကာင္း သိရသည္။
ထိုသို႔အားနည္းခ်က္ရွိေနျခင္းကို အခြင့္ေကာင္းယူကာ ရွမ္းျပည္နယ္၊ မူဆယ္ၿမိဳ႕၊ ေကာင္းမႈတုံရပ္ကြက္၊ စက္မႈရပ္တြင္ေနထိုင္ေသာ မၿငိမ္းလင္းႏြယ္ (ခ) ဝိုင္းက ေျပာဆိုစည္း႐ုံးၿပီး တ႐ုတ္ေယာက္်ားထံ ပို႔ေဆာင္ေရာင္းစားရန္ စီစဥ္ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ မူဆယ္ၿမိဳ႕မရဲစခန္းက (ပ) ၂၃၄/ ၂၀၂၄၊ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ ၃၈(က)/၄၄ ျဖင့္ အမႈေရးဖြင့္တရားစြဲတင္ ခဲ့ၿပီး မူဆယ္ခ႐ိုင္တရား႐ုံးမွ ၂၀၂၅ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၁၄) ရက္တြင္ တရားခံ မၿငိမ္းလင္းႏြယ္(ခ)ဝိုင္းကို လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ဥပေဒပုဒ္မ (၃၅) အရ အလုပ္ႏွင့္ ေထာင္ဒဏ္(၁၀)ႏွစ္ က်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။
အနီးစပ္ဆုံးျဖစ္စဥ္အေနျဖင့္ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ(၁၀)ရက္ ဝန္းက်င္ခန႔္က မႏၲေလးတိုင္းေဒသႀကီး၊ ပုသိမ္ႀကီးၿမိဳ႕ နယ္တြင္ တင္ေတာင္းေငြ ယြမ္ေလးေသာင္းရမည္ဟုဆိုကာ အသက္(၂၁)အ႐ြယ္အမ်ိဳးသမီးကို တ႐ုတ္ဇနီးမယားအျဖစ္ ေရာင္းစားရန္ စီစဥ္ေဆာင္႐ြက္သူ အမ်ိဳးသမီး(၂)ဦးကို ႏွစ္ရွည္ေထာင္မ်ားခ်မွတ္လိုက္ေၾကာင္း သိရသည္။