ရက်ပေါင်း(၂၀)အတွင်း မြဝတီမြို့- ရွှေကုက္ကိုလ်သို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား(၁၅၀၀)ကျော် စစ်ဆေးရမိထား

499

NP News- ဖေဖော်ဝါရီ ၁၉
ရက်ပေါင်း(၂၀)အတွင်း မြဝတီမြို့- ရွှေကုက္ကိုလ်သို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား(၁၅၀၀)ကျော် စစ်ဆေးဖော်ထုတ်ရမိထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
နစကအနေဖြင့် ယနေ့(ဖေဖော်ဝါရီ ၁၉ ရက်)တွင် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများသို့ တရားမဝင်လမ်းကြောင်းများမှ တစ်ဆင့်ဝင်ရောက်ခဲ့ကြသည့် ပြည်ပနိုင်ငံသား (၂၅၀) ဦးကို ထပ်မံစစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည် လွှဲပြောင်းပေးအပ်နိုင်ရေး လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်း လုပ်ငန်းများကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် နေ့ချင်းပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ (၃၀) ရက်မှ ဖေဖော်ဝါရီ (၁၉) ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း (၁၅၅၃) ဦးကို စစ်ဆေးဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ပြီး အမြန်ဆုံးပြည်နှင်လွှဲပြောင်းနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
နစကအနေဖြင့် နယ်စပ်ဒေသများမှ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုအပါအဝင် အွန်လိုင်းဒုစရိုက်မှုမျိုးစုံကို အမျိုးသားရေးအသွင်ဖြင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းလက်တွဲကာ ထိရောက်စွာဖြင့် တိုက်ဖျက်နှိမ်နင်းပြီး ဥပဒေနှင့်အညီ စနစ်တကျ ထိန်းသိမ်းလွှဲပြောင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Zawgyi Version:
ရက္ေပါင္း(၂၀)အတြင္း ျမဝတီၿမိဳ႕- ေ႐ႊကုကၠိဳလ္သို႔ တရားမဝင္ ဝင္ေရာက္လာသည့္ ျပည္ပႏိုင္ငံသား(၁၅၀၀)ေက်ာ္ စစ္ေဆးရမိထား
NP News- ေဖေဖာ္ဝါရီ ၁၉
ရက္ေပါင္း(၂၀)အတြင္း ျမဝတီၿမိဳ႕- ေ႐ႊကုကၠိဳလ္သို႔ တရားမဝင္ ဝင္ေရာက္လာသည့္ ျပည္ပႏိုင္ငံသား(၁၅၀၀)ေက်ာ္ စစ္ေဆးေဖာ္ထုတ္ရမိထားေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
နစကအေနျဖင့္ ယေန႔(ေဖေဖာ္ဝါရီ ၁၉ ရက္)တြင္ ျမဝတီၿမိဳ႕- ေ႐ႊကုကၠိဳလ္ႏွင့္ KK Park နယ္ေျမမ်ားသို႔ တရားမဝင္လမ္းေၾကာင္းမ်ားမွ တစ္ဆင့္ဝင္ေရာက္ခဲ့ၾကသည့္ ျပည္ပႏိုင္ငံသား (၂၅၀) ဦးကို ထပ္မံစစ္ေဆးေဖာ္ထုတ္ ထိန္းသိမ္းႏိုင္ခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
အဆိုပါ ျပည္ပႏိုင္ငံသားမ်ားကို သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ အျမန္ဆုံး ျပန္လည္ လႊဲေျပာင္းေပးအပ္ႏိုင္ေရး လိုအပ္သည့္ ကိုယ္ေရးအခ်က္အလက္မ်ားႏွင့္ မွတ္တမ္းမ်ား စာရင္းေကာက္ယူျခင္း လုပ္ငန္းမ်ားကို ဌာနဆိုင္ရာ ပူးေပါင္းအဖြဲ႕မ်ားျဖင့္ ေန႔ခ်င္းၿပီး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီ (၃၀) ရက္မွ ေဖေဖာ္ဝါရီ (၁၉) ရက္အထိ ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာသည့္ ျပည္ပႏိုင္ငံသား စုစုေပါင္း (၁၅၅၃) ဦးကို စစ္ေဆးေဖာ္ထုတ္ႏိုင္ခဲ့ၿပီျဖစ္ၿပီး အျမန္ဆုံးျပည္ႏွင္လႊဲေျပာင္းႏိုင္ေရး ဆက္လက္ေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္း သိရသည္။
နစကအေနျဖင့္ နယ္စပ္ေဒသမ်ားမွ အြန္လိုင္းလိမ္လည္မႈ၊ အြန္လိုင္းေလာင္းကစားမႈအပါအဝင္ အြန္လိုင္းဒုစ႐ိုက္မႈမ်ိဳးစုံကို အမ်ိဳးသားေရးအသြင္ျဖင့္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား၊ ျပည္သူမ်ားႏွင့္ ပူးေပါင္းလက္တြဲကာ ထိေရာက္စြာျဖင့္ တိုက္ဖ်က္ႏွိမ္နင္းၿပီး ဥပေဒႏွင့္အညီ စနစ္တက် ထိန္းသိမ္းလႊဲေျပာင္း ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။