ဘုန်းကြီးကျောင်းအတွင်း အလှူလုပ်နေစဉ် Drop Bomb များပစ်ချခြင်း‌ကြောင့်ကျောင်းသူ(၁)ဦး သေဆုံးပြီး ဒဏ်ရာရသူများလည်းရှိခဲ့

 1478

NP News - ဖေဖော်ဝါရီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၌ ဘုန်းကြီးကျောင်းအတွင်း အလှူလုပ်နေစဉ် Drop bomb များပစ်ချရာမှ ကျောင်းသူ(၁)ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုမြို့ရှိ လုံခြုံရေးနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဖေဖော်ဝါရီ ၁၉ ရက်) နံနက် (၁၁)နာရီ (၃ဝ) မိနစ်အချိန်၌ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ရွှေဘိုမြို့၏ အနောက်ဘက်(၂)မိုင်ခန့်အကွာရှိ ပန်းရံကျေးရွာ၊ မဟာဥတ္တဝိဟာရ(မြောက်)ကျောင်း၌ အလှူပွဲကျင်းပနေစဉ် PDF အဖွဲ့မှ Drop bomb (၄)လုံး ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ Drop bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ခြင်းကြောင့် Grade-2 ကျောင်းသူတစ်ဦး သေဆုံးခဲ့ကြောင်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။
ထို့ပြင် အခြားကျောင်းသား(၆)ယောက်တွင်လည်း ဒဏ်ရာများရရှိခဲ့သည့်အတွက် ရွှေဘိုမြို့၊ ခုတင်(၂၀၀) ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသထားကြောင်း သိရသည်။

Zawgyi Version:
ဘုန္းႀကီးေက်ာင္းအတြင္း အလႉလုပ္ေနစဥ္ Drop Bomb မ်ားပစ္ခ်ျခင္း‌ေၾကာင့္ေက်ာင္းသူ(၁)ဦး ေသဆုံးၿပီး ဒဏ္ရာရသူမ်ားလည္းရွိခဲ့
NP News - ေဖေဖာ္ဝါရီ ၁၉

စစ္ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘိုၿမိဳ႕၌ ဘုန္းႀကီးေက်ာင္းအတြင္း အလႉလုပ္ေနစဥ္ Drop bomb မ်ားပစ္ခ်ရာမွ ေက်ာင္းသူ(၁)ဦးေသဆုံးခဲ့ေၾကာင္း ေ႐ႊဘိုၿမိဳ႕ရွိ လုံၿခဳံေရးႏွင့္နီးစပ္သည့္ သတင္းရင္းျမစ္တစ္ဦးထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ေဖေဖာ္ဝါရီ ၁၉ ရက္) နံနက္ (၁၁)နာရီ (၃ဝ) မိနစ္အခ်ိန္၌ ေ႐ႊဘိုခ႐ိုင္၊ ေ႐ႊဘိုၿမိဳ႕၌ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္းသိရသည္။
ေ႐ႊဘိုၿမိဳ႕၏ အေနာက္ဘက္(၂)မိုင္ခန႔္အကြာရွိ ပန္းရံေက်း႐ြာ၊ မဟာဥတၱဝိဟာရ(ေျမာက္)ေက်ာင္း၌ အလႉပြဲက်င္းပေနစဥ္ PDF အဖြဲ႕မွ Drop bomb (၄)လုံး ပစ္ခ်တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ Drop bomb မ်ားျဖင့္ ပစ္ခ်တိုက္ခိုက္ခဲ့ျခင္းေၾကာင့္ Grade-2 ေက်ာင္းသူတစ္ဦး ေသဆုံးခဲ့ေၾကာင္း အထက္ပါသတင္းရင္းျမစ္က ဆိုသည္။
ထို႔ျပင္ အျခားေက်ာင္းသား(၆)ေယာက္တြင္လည္း ဒဏ္ရာမ်ားရရွိခဲ့သည့္အတြက္ ေ႐ႊဘိုၿမိဳ႕၊ ခုတင္(၂၀၀) ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကုသထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.