ဩစတြေးလျကမ်းခြေမှာ အစုလိုက်အပြုံလိုက်သောင်တင်နေတဲ့ false killer ဝေလငါးတွေကို ပစ်ခတ်သုတ်သင်

1322

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂ဝ
သြစတြေးလျနိုင်ငံတောင်ပိုင်း တက်စမေးနီးယားကျွန်းရှိ သီးခြားကမ်းခြေတစ်ခုမှာ သောင်တင်နေတဲ့ လင်းပိုင် အကောင် ၉၀ ကို ရေထဲပြန်မျှော်ချဖို့ ကြိုးပမ်းမှု မအောင်မြင်တာကြောင့် ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီ ၁၉ ရက်) မှာ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးတပ်ဖွဲ့ဝင်တွေက စတင် ပစ်ခတ်သုတ်သင်ခဲ့တယ်လို့ သိရပါတယ်။
ဩစတြေးလျနိုင်ငံ တောင်ပိုင်း တက်စမေးနီးယားကျွန်းရှိ သီးခြားကမ်းခြေတစ်ခုမှာ အင်္ဂါနေ့ ညနေပိုင်းက သောင်တင်နေတဲ့ လင်းပိုင်မျိုးစိတ်မှ လင်းပိုင် ၁၅၇ ကောင် ရှိခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာတော့ လင်းပိုင်အကောင် လူ ၉၀ ကျန်ရှိပါတယ်။ "ကျွမ်းကျင်တိရစ္ဆာန်ဆေးကုသရေးအကဲဖြတ်မှုပြီးတော့ တိရစ္ဆာန်တွေကို သုတ်သင်ရှင်းလင်းဖို့ ဆုံးဖြတ်ခဲ့တယ်" လို့ အဖြစ်အပျက်ထိန်းချုပ်သူ ရှယ်လီဂရမ်ဟန်က သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။
တစ်တန်အထက် အလေးချိန်ရှိတဲ့ လင်းပိုင်တွေကို ရေထဲပြန်မျှောဖို့ ကြိုးပမ်းမှုဟာ အောင်မြင်ဖို့ မဖြစ်နိုင်ဘူးလို့ ဇီဝဗေဒပညာရှင် ခရစ်ကာလ်ရွန် က ပြောကြားပါတယ်။ "ဒါဟာ တက်စမေးနီးယားမှာ ၁၆ နှစ်အတွင်း အခက်ဆုံးအပိုင်းလည်းဖြစ်ပါတယ်။ သွားလာရေးက အလွန်ဝေးကွာလွန်းတယ်။ ကျွန်တော်တို့ ဒီမနက်မှာ လင်းပိုင်တွေ ရေထဲပြန်သွားနိုင်ဖို့ အက်ကြောင်းတစ်ခုလည်း ပေးခဲ့ပြီးပြီ။ ဒါပေမယ့် သူတို့ကိုပင်လယ်ထဲပြန်ပို့ဖို့ ရွေးချယ်စရာတွေ မရှိတော့ပါဘူး" လို့ ၎င်းက ဆိုပါတယ်။
ဒါဟာ တက်စမေးနီးယားရဲ့အဲဒီဒေသမှာ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ် လင်းပိုင်တွေ ကမ်းခြေမှာ သောင်တင်နေခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Zawgyi Version:
ဩစေၾတးလ်ကမ္းေျခမွာ အစုလိုက္အၿပဳံလိုက္ေသာင္တင္ေနတဲ့ false killer ေဝလငါးေတြကို ပစ္ခတ္သုတ္သင္
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂ဝ
ၾသစေၾတးလ်ႏိုင္ငံေတာင္ပိုင္း တက္စေမးနီးယားကြၽန္းရွိ သီးျခားကမ္းေျခတစ္ခုမွာ ေသာင္တင္ေနတဲ့ လင္းပိုင္ အေကာင္ ၉၀ ကို ေရထဲျပန္ေမွ်ာ္ခ်ဖို႔ ႀကိဳးပမ္းမႈ မေအာင္ျမင္တာေၾကာင့္ ဗုဒၶဟူးေန႔ (ေဖေဖာ္ဝါရီ ၁၉ ရက္) မွာ ေတာ႐ိုင္းတိရစာၦန္ထိန္းသိမ္းေရးတပ္ဖြဲ႕ဝင္ေတြက စတင္ ပစ္ခတ္သုတ္သင္ခဲ့တယ္လို႔ သိရပါတယ္။
ဩစေၾတးလ်ႏိုင္ငံ ေတာင္ပိုင္း တက္စေမးနီးယားကြၽန္းရွိ သီးျခားကမ္းေျခတစ္ခုမွာ အဂၤါေန႔ ညေနပိုင္းက ေသာင္တင္ေနတဲ့ လင္းပိုင္မ်ိဳးစိတ္မွ လင္းပိုင္ ၁၅၇ ေကာင္ ရွိခဲ့ပါတယ္။ ဗုဒၶဟူးေန႔ မြန္းလြဲပိုင္းမွာေတာ့ လင္းပိုင္အေကာင္ လူ ၉၀ က်န္ရွိပါတယ္။ "ကြၽမ္းက်င္တိရစာၦန္ေဆးကုသေရးအကဲျဖတ္မႈၿပီးေတာ့ တိရစာၦန္ေတြကို သုတ္သင္ရွင္းလင္းဖို႔ ဆုံးျဖတ္ခဲ့တယ္" လို႔ အျဖစ္အပ်က္ထိန္းခ်ဳပ္သူ ရွယ္လီဂရမ္ဟန္က သတင္းေထာက္မ်ားအား ေျပာၾကားခဲ့ပါတယ္။
တစ္တန္အထက္ အေလးခ်ိန္ရွိတဲ့ လင္းပိုင္ေတြကို ေရထဲျပန္ေမွ်ာဖို႔ ႀကိဳးပမ္းမႈဟာ ေအာင္ျမင္ဖို႔ မျဖစ္ႏိုင္ဘူးလို႔ ဇီဝေဗဒပညာရွင္ ခရစ္ကာလ္႐ြန္ က ေျပာၾကားပါတယ္။ "ဒါဟာ တက္စေမးနီးယားမွာ ၁၆ ႏွစ္အတြင္း အခက္ဆုံးအပိုင္းလည္းျဖစ္ပါတယ္။ သြားလာေရးက အလြန္ေဝးကြာလြန္းတယ္။ ကြၽန္ေတာ္တို႔ ဒီမနက္မွာ လင္းပိုင္ေတြ ေရထဲျပန္သြားႏိုင္ဖို႔ အက္ေၾကာင္းတစ္ခုလည္း ေပးခဲ့ၿပီးၿပီ။ ဒါေပမယ့္ သူတို႔ကိုပင္လယ္ထဲျပန္ပို႔ဖို႔ ေ႐ြးခ်ယ္စရာေတြ မရွိေတာ့ပါဘူး" လို႔ ၎က ဆိုပါတယ္။
ဒါဟာ တက္စေမးနီးယားရဲ႕အဲဒီေဒသမွာ ႏွစ္ေပါင္း ၅၀ အတြင္း ပထမဆုံးအႀကိမ္ လင္းပိုင္ေတြ ကမ္းေျခမွာ ေသာင္တင္ေနခဲ့တာျဖစ္တယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။